Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအား ILO မှ ပုဒ်မ ၃၃ ဖြင့် အရေးယူရေး သတင်းစကားကို ရန်ကုန်စက်မှုဇုန်တွင် ဖြန့်ဝေ

ဓာတ်ပုံ - ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့

သုည/People’s Spring

ရန်ကုန်မြို့ စက်မှုဇုန်များတွင် တော်လှန်လူငယ်များက စစ်ကောင်စီအား ILO မှ ပုဒ်မ ၃၃ နှင့် ဘာကြောင့်အရေးယူရန်လိုအပ်သလဲ ဆိုသည့် အချက်များပါဝင်သည့် သတင်းစကားများအား အမျိုးသမီးလစဥ်သုံးပစ္စည်း၌ ထည့်သွင်းကာ အလုပ်သမားထုထံ ဖြန့်ဝေသည့် လှုပ်ရှားမှုကို ယနေ့ (မတ်လ ၁၂ရက်) ပြုလုပ်ခဲ့သည်။

ယင်းလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့နှင့် မြေပြင်သပိတ်အင်အားစုများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

အာဏာသိမ်းမှု ကာလအတွင်း စစ်ကောင်စီသည် အလုပ်သမားများအပေါ် အတင်းအဓမ္မလုပ်အားခိုင်းစေခြင်း၊ လွပ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် စည်းရုံးခွင့် များအား ပိတ်ပင်ခြင်းများ ပြုလုပ်လျှက်ရှိရာ အလုပ်သမားများ၏ အခြေခံအခွင့်အရေးများအား ကာကွယ်ပေးသည့် (ILO) ၏ စံနှုန်းများ အပေါ်လိုက်နာမှုမရှိသည့်အတွက် ပုဒ်မ ၃၃ ဖြင့်အရေးယူပေးပါရန် တော်လှန်ညီနောင်(၄)ဖွဲ့က တိုက်တွန်းခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်များ လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ရန်ကုန်မြို့နေရာအနှံ့အပြားတွင် တော်လှန်လူငယ်များက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)​၏ ပုဒ်မ(၃၃)ဖြင့် စစ်ကောင်စီကို ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုသည့် ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုကို ယနေ့ (မတ်လ ၁၁) ပြုလုပ်ခဲ့သည်။

Facebook