ရဲခေါင်/People’s Spring
ပခုက္ကူခရိုင်အမှတ်(၆)တပ်ရင်း၏ စုဖွဲ့လေ့ကျင့်မှုသင်တန်းဆင်းပွဲကို မတ်လ ၁၇ ရက်တွင် ပြုလုပ်ခဲ့ကြောင်း အဆိုပါတပ်ရင်းက ထုတ်ပြန်သည်။
မြိုင်မြို့နယ်အခြေစိုက် အမှတ်(၆)တပ်ရင်း၏ စုဖွဲ့မှုနှင့် လေ့ကျင့်မှု သင်တန်းဆင်းပွဲတွင် အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်အားလုံး ပါဝင်ကြောင်း အသိပေးသည်။
“တော်လှန်ရေးကလည်း အရှိန်မြှင့်တင်တော့မယ့် ထိုးစစ်ကဏ္ဍ ကိုရောက်ရှိနေပြီ။ကျွန်တော်တို့နဲ့ တပ်ဖွဲ့ဝင်တွေ က တော့ စစ်အာဏာရှင်အမြစ်ပြတ်တဲ့အထိ တိုက်ခိုက်သွားမှာပါ”ဟု ပခုက္ကူခရိုင်အမှတ်(၆)တပ်ရင်းတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
လက်ရှိစစ်ရေးအခြေအနေအရ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းဖြင့် အကြမ်းဖက်တိုက်ခိုက်နေမှုများကို သတိပြုရန်လည်း ၎င်းက တိုက်တွန်းသည်။
အာဏာသိမ်းပြီးနောက်ပိုင်း Myaing Villages Revolution Front အနေဖြင့်စုဖွဲ့ခဲ့သည့် ပခုက္ကူခရိုင်တပ်ရင်း(၆)ပါဝင်တိုက်ခိုက်ခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၁၁၆ဦးသေဆုံးပြီး အရှင်ဖမ်းမိသူ ၆ဦး အပါအဝင် လက်နက် ၃၆ လက်ရရှိခဲ့သည်။
ထို့အပြင် စစ်ကောင်စီ၏ ရိက္ခာကားနှစ်စီး မီးရှို့ ဖျက်ဆီးနိုင်ခဲ့ပြီး (၁၂)ဘီးကား ၂စီးသိမ်းဆည်းနိုင်ခဲ့ကာ တပ်ရင်းဆေးဌာနမှ ဆေးကုသပေးနိုင်ခဲ့သော လူနာပေါင်း ၇,၅၀၀ဝန်းကျင်ရှိဟု ဖော်ပြသည်။
ပခုက္ကူခရိုင်အမှတ် (၆)တပ်ရင်းမှ ကျဆုံးရဲဘော် ၁၀ဦးရှိပြီး၊ ထိခိုက်ဒဏ်ရာရ ရဲဘော် ၃၀ဦးရှိခဲ့ပြီး ကျဆုံးရဲဘော် ၁၀ဦးအနက် သုံးဦးသည် မဟာမိတ် EAOများနှင့် လက်တွဲတိုက်ပွဲဝင်ခဲ့ရသော စစ်ကောင်စီ၏ တိုင်းစစ်ဌာချုပ်သိမ်း တိုက်ပွဲများတွင်ဖြစ်ကြောင်း အသိပေးသည်။





















































