Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးနယ် လက်ခတ်တောင်စခန်းကုန်း တိုက်ခိုက်သေနတ်တစ်လက် ၊ကျည်ဘောက်ကိုးခု နှင့် ဗုံးသုံးလုံးရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ စစ်ကောင်စီ၏ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို​တော်လှန်​ရေးတပ်​များက စီးနင်းတိုက်ခိုက်ခဲ့ရာ သေနတ်တစ်လက်နှင့် ကျည်ဘောက်ကိုးခု ရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ ပြောခွင့်ရသူတစ်ဦးက ပြောသည်။

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ စစ်ကောင်စီ၏ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို​တော်လှန်​ရေးတပ်​များက စီးနင်းတိုက်ခိုက်ခဲ့ရာ သေနတ်တစ်လက်နှင့် ကျည်ဘောက်ကိုးခု ရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ ပြောခွင့်ရသူတစ်ဦးက ပြောသည်။

မတ်လ ၁၃ ရက်နေ့ နံနက် ၇ နာရီခန့်က စစ်တပ်အထိုင်ချတပ်စွဲထားသော လက်ခတ်တောင်စခန်းကုန်းအားသွားရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၆ နာရီခန့်ဖြစ်ပွားခဲ့ကြောင်း၎င်းက ပြောသည်။

အဆိုပါ စီးနင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ၁၂ ဦးသေဆုံးခဲ့ပြီး MA3 သေနတ်တစ်လက်၊ ကျည်ဘောက်ကိုးခု၊ လက်ပစ်ဗုံးသုံးလုံးနှင့် အခြားစစ်သုံးပစ္စည်းအချို့ သိမ်း ဆည်းရရှိခဲ့သည်ဟု ဒူရကစစ်ကြောင်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

“စခန်းက ရခါနီး တာဝါတိုင်ကုန်းလေးတခုပဲကျန်တော့တာပါ။ လေယာဥ်နဲ့ နှစ်ကြိမ်ကြဲတော့ ဝင်လုံးလို့ဘယ်လိုမှအဆင်မပြေလို့ အခြေအနေကြည့်ပြီး ပြန်ဆုတ်လိုက်ရတာပါ”ဟု ဒူရကစစ်ကြောင်းပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီစခန်းကုန်း စီးနင်းတိုက်ခိုက်မှုမှာ အနီးကပ်ရင်ဆိုင်တိုက်ပွဲတစ်ခုဖြစ်ပြီး တာဝါတိုင်ကုန်းတစ်ခုသာ ရရှိရန်ကျန်ရှိနေစဥ် စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးနှစ်ကြိမ်ကြဲချခဲ့ ၍ ဆုတ်ခွာလာရခြင်းဖြစ်ကြာင်း ၎င်းက ရှင်းပြသည်။

လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းအား စီးနင်းနေစဥ် စစ်ကောင်စီကြဲချသည့် ဗုံးသီးများမှာ လက်ခတ်တောင်ပေါ်ရှိ စေတီများနှင့် ဘုန်းတော်ကြီးကျောင်းဝင်းအ တွင်းကျရောက်ပြီး အဆောက်အအုံများထိခိုက်ပျက်စီးခဲ့သည်။ ထို့အပြင်အပြင် ယာဥ်တစ်စီးလည်းပျက်စီးသွားကြောင်း ဒူရကစစ်ကြောင်းထံမှ သိရသည်။

လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းအား တိုက်ခိုက်မှုကို ဒူရကစစ်ကြောင်း၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း(TS)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မတ်လ ၈ ရက်နေ့ကလည်း လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီ၏ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးစသည့်သုံးနေရာကို ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တပြိုင်နက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးကြောင်း တပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။