Connect with us

Hi, what are you looking for?

သတင်း

CDFဟားခါး၏ တော်လှန်ရေး (၄)နှစ်အတွင်း စစ်ကောင်စီတပ်အား တိုက်ပွဲပေါင်း ၃၀၀ ကျော် ဆင်နွှဲတိုက်ခိုက်

CDFဟားခါး ရဲဘော် ၅၂ဦးကျဆုံး၊ တော်လှန်ရေးပြီးဆုံးသည်အထိ တိုက်ပွဲဝင်မည်ဖြစ်၍ ပြည်သူများ ဆက်လက်ပူးပေါင်းပါဝင်ရန် တိုက်တွန်း

CDF ဟားခါး၏ စစ်သင်တန်းဆင်းပွဲတစ်ခု၌ တွေ့ရသော ရဲဘော်များ။ ဓာတ်ပုံ - CDF-Hakha

မတ်-၂၁၊၂၀၂၅။ဟန်နွေ/People’s Spring

ချင်းပြည်နယ် ဟားခါးမြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF-Hakha) အနေဖြင့် တော်လှန်ရေး (၄)နှစ်တာအတွင်း စစ်ကောင်စီတပ်အား တိုက်ပွဲပေါင်း ၃၂၆ ကြိမ် ဆင်နွှဲတိုက်ခိုက်ခဲ့ကြောင်း CDF ဟားခါးက ထုတ်ပြန်သည်။

အာဏာရှင်စနစ်အမြစ်ပြတ်ချေမှူန်းရေး၊ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် ကိုယ်ပိုင်ပြဌါန်းခွင့်အတွက် ရည်ရွယ်ပြီး CDF ဟားခါးကို ၂၀၂၁ မတ်လ ၂၁ရက်တွင် စတင်ဖွဲ့စည်းခဲ့ရာ ယနေ့(၂၀၂၅၊ မတ်လ ၂၁ရက်)တွင် (၄)နှစ်ပြည့်ပြီဖြစ်ပြီး လေးနှစ်တာအတွင်း ဆောင်ရွက်ချက်များကို အသိပေးဖော်ပြသည်။

CDF ဟားခါးအနေဖြင့် တိုင်းပြည်နှင့် လူမျိုးလွတ်မြောက်ရေးအတွက် တော်လှန်ရေးပြီးဆုံးသည့် တိုင်အောင် ပြည်သူလူထု၊ အခြားတော်လှန်ရေးအင်အားစုများနှင့်လက်တွဲကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူများအားလုံး တော်လှန်ရေးတွင်ဆက်လက်ပူးပေါင်း ပါဝင်ကြရန် CDF ဟားခါးက နှိုးဆော်ထားသည်။

ဟားခါးဒေသ လက်ရှိ စစ်ရေးအခြေအနေနှင့် ဒေသတွင်း စစ်ရေးရှေ့အလားအလာများအား မေးမြန်းရန် CDF ဟားခါးထံ ဆက်သွယ်ထားဆဲဖြစ်သည်။

CDF ဟားခါးသည် ချင်းအမျိုးသားတပ်ဦး(CNF)နှင့် CDF များ စုဖွဲ့ထားသည့် ချင်းပြည်ကောင်စီတွင် ပါဝင်ကာ စစ်ကောင်စီကို တိုက်ခိုက်နေသည့်တပ်ဖွဲ့ဖြစ်သည်။

CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယခု ၂၀၂၅တွင် ချင်းပြည်အတွင်း၌ စစ်ကောင်စီ ကင်းစင်အောင် ဆောင်ရွက်သွားရန်ရည်ရွယ်ထားကြောင်း ပြောထားသည်။ အလားတူ CNFကလည်း စစ်ရေး၊ နိုင်ငံရေး ၊သံတမန်ရေးများ ယခုနှစ်အတွင်း အရှိန်မြှင့် ဆောင်ရွက်မည်ဟု အသိပေးထားသည်။

CDF ဟားခါး၏ နှစ်ပတ်လည်ထုတ်ပြန်ချက်တွင်ပါဝင်ခဲ့သည့် စစ်ဆင်ရေးများကိုလည်း ဖော်ပြခဲ့ရာ ဟားခါးမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်း (၁၉) ကြိမ်ရှိခဲ့ရာ (၁၇) ကြိမ် တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ထို့ပြင် ဟားခါးမြို့တွင်းစစ်ဆင်ရေးအဖြစ် အကြိမ် (၁၅၀) ဆင်နွှဲနိုင်ခဲ့ပြီး အခြားသောမြို့နယ်များတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ပစ်ခတ်မှုတွင် (၈)ကြိမ်၊စခန်းနှင့်မြို့သိမ်း စစ်ဆင်ရေးများတွင် (၁၂) ကြိမ်ပါဝင်ခဲ့ကြောင်း အသိပေးသည်။

အဆိုပါ တိုက်ပွဲများတွင် CDF ဟားခါး ရဲဘော် ၅၂ ဦး ကျဆုံးကာ ၁၈၃ ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

လေးနှစ်တာအတွင်း ဟားခါးမြို့နယ်မှ စစ်ကောင်စီလက်ချက်ကြောင့် အပြစ်မဲ့ပြည်သူ ၂၃ဦး သေဆုံးခဲ့ရကြောင်းလည်း ဖော်ပြသည်။

ထို့ပြင် ဒေသခံများ၏နေအိမ် ၂၆၀လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီက မတရားဖမ်းဆီးနှိပ်စက်ခြင်းခံရသည့် ပြည်သူ ထောင်ကျော်ရှိခဲ့သည်ဟု ဆိုသည်။

CDF ဟားခါး ဆင်နွှဲခဲ့သည့် တိုက်ပွဲများအနက် ၂၀၂၄ အောက်တိုဘာ ၂၈ရက်တွင် ဟားခါး-ထန်တလန်လမ်းရှိ စစ်ကောင်စီစခန်းကို သိမ်းပိုက်ရာ ဗိုလ်မှူး အပါအဝင် ၄ဦး အရှင်ဖမ်းမိခဲ့ပြီး ၁၅ ဦးသေဆုံးခဲ့သည်။ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်မျိုးစုံ ၉လက်နှင့် ခဲယမ်းကျည်များသိမ်းရခဲ့သည်။

၂၀၂၄ ဩဂုတ်ကလည်း ဟားခါး – ထန်တလန်လမ်းရှိ စစ်ကောင်စီ စခန်း တစ်ခုကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦး သေဆုံးပြီး လက်နက် မျိုးစုံ ၁၁လက်နှင့် ခဲယမ်းကျည်များစွာ သိမ်းရခဲ့ကြောင်း CDF ဟားခါးက အသိပေးထာသည်။

ထို့ပြင် ဟားခါးအခြေစိုက် စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များ၊ ရဲများလည်း CDF ဟားခါးထံ အလင်းဝင်ရောက်ခြင်း၊ CDM ပြုလုပ်ပူးပေါင်းခြင်းများလည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လိန်းနဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်တို့ အချင်းများမှုကို လက်နက်သုံး လူသတ်မှု ကျူးလွန်ခဲ့တဲ့ အထွေထွေအတွင်းရေးမျူး ဆလိုင်းဇာကျုံးလျန်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း CDF ဟားခါးက ထုတ်ပြန်ခဲ့ပြီး ကျူးလွန်သူကို တရားစွဲဖို့ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ မဲကနယ်-ဖလူး တောလမ်းပိုင်းမှာ မနေ့( ဖေဖော်ဝါရီ ၂၄ ရက်)နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင်အချို့ သေဆုံးမှု ရှိတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

ဟားခါးမြို့နယ်အတွင်း စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်း

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က စစ်ကောင်စီတပ်သားသစ်တဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ထောက်ပို့အဖွဲ့အချို့မှာ ဓာတ်ပုံနဲ့အတူ ဖော်ပြအသိပေးထားပါတယ်။