Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကိုင်ရွာကို စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက်၊ ကလေးတစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ

စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ်က စဉ့်ကိုင်ကျေးရွာကို စစ်ကောင်စီက ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့ အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၂၀ရက်​က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားသော စဥ့်ကိုင်ရွာလယ်မှ ရှင်ပင်ဆိပ်သကြားထုဘုရားဝန်းအားတွေ့ရစဥ်။။ ဓာတ်ပုံ - ဓာတ်ပုံ-မတ္တရာမြို့နယ်ပကဖ သတင်းတာဝန်ခံ

မတ်-၂၂၊၂၀၂၅။ မေ/People’s Spring

စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ်က စဉ့်ကိုင်ကျေးရွာကို စစ်ကောင်စီက ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့ အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မတ်လ၂၂ရက် မနက် ၄နာရီခန့်မှာ စစ်ကောင်စီက စဉ့်ကိုင်ကျေးရွာကို ထပ်မံ လေကြောင်းတိုက်ခိုက်ရာ (၁၂)နှစ်အရွယ်ကလေးတစ်ဦး၊ အသက်(၄၆) နှစ်အရွယ်အမျိုးသမီးတစ်ဦး၊(၂၈)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာ တွေရခဲ့တာလို့ သိရပါတယ်။

“အကုန်အိပ် နေချိန်တွေပဲကြဲသွားတော့ အထိခိုက်ရှိသွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စဉ့်ကိုင်ကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီး မတ်လ ၁၆ရက်နဲ့ မတ်လ၂၀ရက်ကလည်း လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

မတ်လ၁၆ရက်က လေကြောင်းတိုက်ခိုက်ရာမှာ လသားကလေးငယ် အပါအဝင် လေးဦး သေဆုံးခဲ့ပြီး မတ်လ၂၀ရက်က လေကြောင်းတိုက်ခိုက်ရာမှာ ဘုရားစေတီတွေ ပျက်စီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ