စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO)က ပုဒ်မ (၃၃)အရ စစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၃)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းမှ “ILO implement Article 33 On Myanmar Now 2025” ခေါင်းစဥ်နဲ့ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက “ILO Implement Article 33 On Myanmar Now 2025” စာသားကိုင်ကာ စစ်ကောင်စီကို ILOက ပုဒ်မ၃၃ အရအရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။

Public Service Announcement
ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းတောင်ဒေသသပိတ်အင်အားစုက အပြည် ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO)က ပုဒ်မ (၃၃) အရ အကြမ်းဖက်စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေးအတွက် “ILO implement Article 33 On Myanmar Now 2025” ခေါင်းစဥ်နဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် ရုရှားရဲ့ကျူးကျော်စစ်ကို တွန်းလှန်နေဆဲဖြစ်တဲ့ ယူကရိန်းနဲ့အတူ ရပ်တည်ကြောင်း “We Stand With Ukraine” စာသားပါ အလံကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်
