Connect with us

Hi, what are you looking for?

သတင်း

မြဝတီဒေသမှာ လူကုန်ကူးခံရတဲ့ နိုင်ငံပေါင်း ၃၄ နိုင်ငံက လူငါးထောင်ကျော် နေရပ်ပြန်ပို့

လူကုန်ကူးသူ တရုတ်နိုင်ငံသား ၆ဦးကိုလည်း ပြန်ပို့ရန်စီစဉ်ထားဟု BGFပြော

မြဝတီဒေသမှာ လူကုန်ကူးခံရတဲ့သူတွေကို နေရပ်ပြန်ပို့ဖို့ BGF က စုဝေးထားသည်ကို တွေ့ရစဉ်။ဓာတ်ပုံ - Kittisak Bunchan

မတ်-၂၆၊ ၂၀၂၅။ People’s Spring

ကရင်ပြည်နယ်၊ မြဝတီဒေသမှာ လူကုန်ကူးခံရတဲ့သူတွေကို နေရပ်ပြန်ပို့ပေးနေရာ နိုင်ငံပေါင်း ၃၄နိုင်ငံက လူဦးရေ ၅ထောင်ကျော် ပြန်ပို့ပေးထားတယ်လို့ ကရင်နယ်ခြားစောင့်တပ်(BGF) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

လူကုန်ကူးခံရတဲ့သူတွေကို နေရပ်ပြန်ပို့ပေးရာ တရုတ်နိုင်ငံသားတွေက ၄ထောင်ကျော်နဲ့ အများဆုံးနေရပ်ပြန်ပို့ပေးခဲ့တာလို့ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

ဒီကနေ့(မတ်လ ၂၆ရက်)မှာလည်း တရုတ်နိုင်ငံသား ၃၆၉ဦး နေရပ်ပြန်ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အင်ဒိုနီးရှား၊ အိန္ဒိယ၊ အာဖရိက၊ ဂျပန်အပါအဝင် နိုင်ငံပေါင်း ၃၄နိုင်ငံက လူကုန်ကူးခံရတဲ့သူတွေ ပါဝင်ပါတယ်။

လက်ရှိမှာ နေရပ်ပြပို့ဖို့ ထိန်းသိမ်းထားတဲ့ အရေအတွက် ၂၀၀၀ကျော် ကျန်နေသေးပြီး နောက်မှာ ဆက်ပို့ တဖြေးဖြေးစီစဉ်သွားမယ်လို့ BGFက ပြောပါတယ်။

” ဆက်ပြီးတော့လည်း ပို့မယ်။ နောက်ပိုင်းဆို တစ်လတစ်ခါပဲ အပ်သွားတော့မယ်။ အများကြီး ကျွေးမွေးရတာ”ဟု ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

ဒါ့အပြင် လူကုန်ကူးတယ်လို့ သံသယရှိတဲ့သူ တရုတ်နိုင်ငံသား ခြောက်ဦးကိုလည်း နေရပ်ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

” အဓိက လုပ်တဲ့ တကယ့်သူဌေးတွေက ဒီမှာမရှိဘူး။ ဘန်ကောက်လို မြို့ကြီးတွေမှာ နေကြတာ။ လူကုန်ကူးတဲ့သူ ၆ဦးထက်မနည်း ရှိတယ်။ တရုတ်နိုင်ငံသားတွေ ဘယ်လိုပြန်ပို့မလဲဆိုတာ ညှိနှိုင်းရမယ်”လို့ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ရက်က BGFထိပ်ပိုင်းခေါင်းဆောင်တွေ အရေးပေါ် အစည်းအဝေး ခေါ်အပြီး ကျားဖြန့်/ လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ လေးဖွဲ့ ဖွဲ့စည်းပြီးနောက် စစ်ဆေး၊ ဖမ်းဆီးမှုတွေစတင်ပြီး လူကုန်ကူးခံရတဲံသူတွေကို နေရပ်ပြန်ပို့ဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။

ဒါ့အပြင် မြဝတီဒေသက ကျားဖြန့်အရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်​ထောက် ဝန်ကြီး Mr. Liu Zhongyiက ဖေဖော်ဝါရီ၁၇ရက်မှာ မြဝတီမြို့ကို ရောက်လာပြီး တရုတ်နိုင်ငံသားတွေ ပြန်လည်ခေါ်ယူရေးဆွေးနွေးအပြီး သုံးရက်အကြာတွင် ပထမဆုံးအသုတ် စတင်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

မြဝတီဒေသမှာ ကျားဖြန့်လူကုန်ကူးမှုဂိုဏ်းတွေရှိနေတာကြောင်း ထိုင်းအစိုးရက မြဝတီမြို့အပါအဝင် နေရာငါးခုကို လျှပ်စစ်မီးနဲ့ လောင်စာဆီပေးပို့မှုတွေ ဖေဖော်ဝါရီ ၅ရက်က စတင်ဖြတ်တောက်ထားပါတယ်။

ကုလသမဂ္ဂကတော့ တရုတ်နိုင်ငံသားအများစု အပါအဝင် လူပေါင်း ၁၂၀,၀၀၀ကျော်ဟာ သူတို့ရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး မြန်မာနိုင်ငံထဲက ကျားဖြန့်ဂိုဏ်းတွေမှာ အဓမ္မခိုင်းစေခံခဲ့ရကြောင်း ခန့်မှန်း ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းမှာကိုယ်ပိုင်သင်္ချိုင်းနေရာရချင်နေတဲ့နိုင်ငံခြားသားတွေကိုယ့်နိုင်ငံကိုယ်ပြန်သေကြလို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

စာဖတ်သူများ မင်္ဂလာပါ။ ဒီကနေ့ဟာ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ပါတဲ့။ ဒီကနေ့မှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌနေရာကို ရယူထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေဆိုသူက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

သတင်း

ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Facebook