Connect with us

Hi, what are you looking for?

သတင်း

တရုတ်ဆီ မြေရှားသတ္တုတွေ ပြန်ပို့ဖို့ KIA မီးစိမ်းပြလိုက်ပြီလို့ ရိုက်တာသတင်း​ဖော်ပြ

(စစ်တပ်လက်​အောက်ခံ ပန်ဝါပြည်သူ့စစ်​ခေါင်း​ဆောင်ဇခုန်တိန့်ယိန်းလက်ထက် ပန်ဝါ​ဒေသမှ​မြေရှားတူး​ဖော်​ရေးလုပ်ငန်းခွင်။ ဓါတ်ပုံ- Globalwitness

မတ်-၂၇၊၂၀၂၅။ People’s Spring

ကချင် လွတ်လပ်ရေး တပ်မတော် (KIA)ဟာ တရုတ်နိုင်ငံဆီ မြေရှားသတ္တု (REM)တွေ ပြန်လည် တင်ပို့ဖို့ မီးစိမ်းပြလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

KIAဟာ လက်ရှိမှာတော့ ကမ္ဘာပေါ်မှာ အကြီးမားဆုံး မြေရှားသတ္တုဇုန်တွေထဲက တစ်ခုကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ Reuters သတင်းဌာနက အခုကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်နှစ်ခု၊ ကြေညာချက် တစ်စောင်ကို ကိုးကားပြီး KIAဟာ တရုတ်ဆီ မြေရှားသတ္တုတွေ တင်ပို့ရေးကိစ္စ စီစဉ်နေပြီလို့ ယုံကြည်ရကြောင်း ဖော်ပြခဲ့တာပါ။

သတင်းတွေအရ KIAဟာ မြေရှားသတ္တုတွေကို တရုတ်ဆီတင်ပို့ဖို့ကိစ္စ ခွင့်ပြုသွားမယ်လို့ သတ္တုမိုင်းတွင်း လုပ်သားတွေဆီ အသိပေးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံမှာ မြေရှားသတ္တု တူးဖော်မှုတွေဟာ ကချင်ပြည်နယ်ရဲ့ ပန်ဝါနဲ့ ချီဖွေမြို့တွေတဝိုက်မှာ အဓိက ဗဟိုပြုနေတာပါ။ အဲဒီမြို့တွေကို စစ်ကောင်စီရဲ့ မဟာမိတ်ကချင် နယ်ခြားစောင့်တပ်က ကာလရှည်ကြာ ထိန်းချုပ်ထားပေမယ့်၂၀၂၄ အောက်တိုဘာလမှာတော့ KIAက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ချီဖွေနဲ့ ပန်ဝါကို KIA ရရှိသွားချိန် ကတည်းက တရုတ်ဆီ မြေရှားသတ္တု တင်သွင်းမှုတွေ သိသိသာသာလျော့ကျသွားကြောင်းတရုတ်အစိုးရရဲ့ စာရင်း အချက်အလက်တွေအရ သိရပြီးစျေးတွေလည်း တက်ကုန်ပါတယ်။

KIAက မတ်လ ၂၇ ရက်နေ့ကစလို့ တရုတ်ဆီ မြေရှားသတ္တုတွေ ပြန်လည် တင်ပို့မှုကို ခွင့်ပြုမှာ ဖြစ်ကြောင်းနဲ့ အဲဒီအတွက်တစ်တန်ကိုအခွန်အခအဖြစ်တရုတ်ယွမ်၃၅၀၀၀(ဒေါ်လာ ၄၈၀၀ ဝန်းကျင်)ကောက်ခံမှာဖြစ်ကြောင်းသတ္တုမိုင်းတွေဆီ ပို့ဆောင်တဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်မှာရက်စွဲတပ်မထားပေမယ့်သတင်းရင်းမြစ် တစ်ဦးကတော့ မတ်လ ၂၆ ရက်နေ့မှာ ပေးပို့ခဲ့တာလို့ ပြောပါတယ်။ သတင်းရင်းမြစ်တွေက သူတို့ဟာ အခုကိစ္စနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေဆီထုတ်ပြောခွင့် မရှိတဲ့အတွက် နာမည်ကိုတော့ မဖော်ခဲ့ကြပါဘူး။

KIAက ရိုက်တာရဲ့ ဆက်သွယ်မေးမြန်းမှုကို တုံ့ပြန်တာမရှိဘဲနှုတ်ဆိတ်နေတယ်လို့ သိရပါတယ်။

တရုတ်ဟာကမ္ဘာပေါ်မှာမြေရှားသတ္တုသုံးစွဲမှု၊ တင်သွင်းမှု အမြင့်ဆုံး နိုင်ငံဖြစ်ပြီး အဓိကအားဖြင့်စက်မှုလုပ်ငန်းတွေနဲ့ သန့်စင်စွမ်းအင်သုံးနည်းပညာပစ္စည်းတွေ ထုတ်လုပ်မှုအတွက် အသုံးချလေ့ ရှိပါတယ်။ စက်တင်ဘာ လကုန်ပိုင်းကနေ မတ်လ ၂၄ ရက်နေ့ထိ ကာလအတွင်း မြန်မာဖက်က တင်ပို့မှုတွေ လျော့နည်းသွားခြင်းနဲ့အတူ တာဘီယမ်အောက်ဆိုက် မြေရှားသတ္တုရဲ့ စျေးဟာ ၂၂ ရာခိုင်နှုန်း ခုန်တက်ပြီး တစ်ကီလိုဂရမ်ကို ၆၅၅၀ ဂရမ်ထိ ရောက်ရှိသွားခဲ့ကြောင်း သိရပါတယ်။

ဒါပေမဲ့ မြန်မာဖက်က ပို့ကုန်တွေ ပြန်ခွင့်ပြုပေးတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့နောက် မတ်လ ၂၆ ရက်နေ့မှာ ၁ ရာခိုင်နှုန်း စျေးပြန်ကျဆင်းခဲ့ပါတယ်။

ကိုးကား- Reuters

ဆက်စပ်သတင်းများ

ဆောင်းပါး

ချင်မင်းဆက်အပေါ် ဝေဖန်ပြစ်တင်မှုများက ကွန်မြူနစ်ပါတီကို အဘယ်ကြောင့် ထိတ်လန့်စေသနည်း

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”