Connect with us

Hi, what are you looking for?

သတင်း

အ​ရေး​ပေါ်အ​ခြေအ​နေ​ကြေညာထားတဲ့​ ဒေသသုံးခုကို ငလျင်ကြီးလှုပ်ပြီးမှ စစ်​ကောင်စီဗုံးကြဲ

နောင်ချို၊ ချောင်းဦးနဲ့ ဖြူးမြို့နယ်ကို ငလျင်အပြီးမှာ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်

ငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်းပြိုကျပျက်စီးနေသည်ကို တွေ့ရစဉ်။ဓာတ်ပုံ - CJ

မတ်-၂၈၊၂၀၂၅။ဒီဒီး၊ရဲခေါင်/People’s Spring

အင်အားပြင်းငလျင်လှုပ်ခတ်အပြီး စစ်ကောင်စီက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအရေးပေါ်အခြေအနေ ကြေညာခဲ့တဲ့ ဒေသခြောက်ခုအနက်က သုံးခုက မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီဟာ ငလျင်ဒဏ်ခံရတဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်ကောင်စီ၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသတွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

အဲဒီတွေထဲက စစ်ကိုင်းတိုင်းက ချောင်းဦးမြို့နယ် အရှေ့ခြမ်း၊ ရှမ်းမြောက်က နောင်ချိုမြို့နယ်က ကံကြီးကျေးရွာအနီးနဲ့ ပဲခူးတိုင်း ၊ဖြူမြို့နယ်ထဲက စစ်​တောင်းမြစ် အ​ရှေ့ဘက်ကမ်းက ​ကျေးရွာ​တွေကိုလည်း ​မြေငလျင်ကြီးလှုပ်ပြီး နာရီပိုင်းအကြာမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ချောင်ဦးမြို့နယ် အရှေ့ခြမ်းကို အင်အားပြင်း ငလျင်လှုပ်ခတ်အပြီးမှာ ၆နာရီအကြာမှာ လေကြောင်းကနေ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်​ရေးတပ် CHU PDFမှ တာဝန်ရှိသူ ကိုသန့်က လူထုနွေဦးကို ပြောပါတယ်။

ဒီကနေ့(မတ်လ ၂၈ရက်) ည ၇နာရီဝန်းကျင်မှာ နှစ်ကြိမ်လာကြဲတာလို့ ကိုသန့်က ပြောပါတယ်။

“ချောင်းဦးမြို့ရဲ့ အရှေ့မြောက်ခြမ်း လာတိုက်သွားတာ။ပြည်သူထိခိုက်မှုတော့မရှိခဲ့ဘူး။ ပါရာမော်တာနဲ့နှစ်ကြိမ် ဗုံးကြဲသွားတယ်။ ဒီရက်ပိုင်း ချောင်းဦး မြို့နယ်နဲ့ မုံရွာ မြို့နယ်ကို အနည်းဆုံးတစ်ရက် ခြားတစ်ခါ လာတိုက်တယ်”လို့ သူက ဆက်ပြောပါတယ်။

စစ်​ကောင်စီက ​မြေငလျင်​ကြောင့် အ​ရေး​ပေါ်အ​ခြေအ​နေ ​ကြေညာတဲ့ဒေသ ၆ ခုထဲမှာ စစ်ကိုင်းတိုင်းထည့်သွင်းထားပေမယ့် စစ်ကိုင်းတိုင်းထဲက ချောင်းဦးမြို့နယ်ကိုတော့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ကံကြီးကျေးရွာအနီးကို လေကြောင်းကနေ သုံးကြိမ်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက လူထုနွေဦးကို ပြောပါတယ်။

ဒီကနေ့(မတ်လ ၂၈ရက်) မွန်းလွဲပိုင်းမှာ အင်အားပြင်းငလျင်လှုပ်ခတ်အပြီး နေ့လယ် ၁နာရီခွဲနဲ့ ၂နာရီကြားမှာ စစ်ကောင်စီက ကံကြီးကျေးရွာအနီးကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအချို့ ထိခိုက်မှုရှိတယ်လို့ ကြားသိရပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အလားတူစစ်​ကောင်စီဟာ အ​ရေး​ပေါ်အ​ခြေအ​နေ​ကြေညာတဲ့ ပဲခူးတိုင်း ၊ဖြူမြို့နယ်ထဲက စစ်​တောင်းမြစ် အ​ရှေ့ဘက်ကမ်းက ​ကျေးရွာ​တွေကိုလည်း ​မြေငလျင်ကြီးလှုပ်ပြီး နာရီပိုင်းအကြာ မွန်းလွဲ ၂နာရီခွဲ နဲ့ ၃နာရီအတွင်းမှာ ​လေ​ကြောင်းက​နေ ဗုံးကြဲခဲ့တယ်လို့ ​ဒေသခံ​တွေက​ ပြောပါတယ်။

အဲဒီဘက်က ​ကျေးရွာ​တွေကို မတ် ၂၈ ရက်​နေ့ပါဆိုရင် စစ်တပ်က ၃ရက်ဆက်ဗုံးလာကြဲ​နေတာလို့ ​ဒေသခံတချိုက​ ပြောပါတယ်။

ငလျင်ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့သေဆုံးသူ ၁၁၄ဦး ၊ ထိခိုက်ဒဏ်ရာရသူ ၇၃၀ရှိခဲ့တယ်လို့ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်က ဒီနေ့ညပိုင်းမှာ ထုတ်ပြောပါတယ်။ ဒါပေမယ့် မြေပြင်အချက်အလက်တွေမှာတော့ အဲဒီအရေအတွက်ထက် ပိုများနေတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောဆိုပါတယ်။

အမေရိကန် ဘူဗိလေ့လာရေးဌာန (USGS)ရဲ့တိုင်းတာချက်အရ ဒီနေ့မွန်းလွဲပိုင်းက မန္တလးမြို့အနီး ကို ဗဟိုပြုပြီး အင်အားကြီးငလျင် နှစ်ခု ၁၂ မိနစ်ခန့်ခြားပြီး ရှေ့ဆင့်နောက်ဆင့် လှုပ်ခတ်သွားတာပါ။

ကနဦးငလျင်က ပြင်းအားရစ်ချ်တာစကေး ၇ ဒဿမ ၇ရှိတဲ့ ငလျင်ကြီးက မန္တလေးမြို့ တဖက်ကမ်း စစ်ကိုင်းမြို့ ၊ ရေခါးအင်းကိုဗဟိုပြုပြီး မြေအနက် ၆မိုင်ခန့် က လှုပ်ခတ်သွားတာပါ။

နောက်ဆက်တွဲ ငလျင်က ၁၂မိနစ်ခန့်သာခြားပြီး မန္တလေးမြို့ ၊တံတားဦးမြို့နယ် ထဲက မန္တလေးလေဆိပ် နားကို ရစ်ချ်တာစကေး ၆ ဒဿမ၄ ပြင်အားရှိတဲ့ ငလျင်ကြီး ထပ်မံလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ငလျင်သတင်းထုတ်ပြန်ရာမှာ ငလျင်က စစ်ကိုင်းမြို့ အနီးကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာလို့ဖော်ပြထားပြီး စစ်ကိုင်း ၊မန္တလေး ၊ နေပြည်တော်၊ တောင်ကြီး ၊ ပဲခူးတို့မှာ လူသေဆုံးမှုတွေနဲ့ ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အင်အားပြင်းငလျင်ရဲ့ နောက်ဆက်တွဲ အနေနဲ့ ငလျင်ငယ်တွေ လှုပ်ခတ်နိုင်တာကြောင့် ယိုင်နဲ့သွားတဲ့ အဆောက်အဦးတွေထဲမှာ ဆက်မနေကြဖို့ ၊ငလျင်ကြောင့် ဆည်တာတမံတွေ​ အက်ကွဲမှု ရှိ၊မရှိ ကိုစစ်ဆေးပြီး လိုအပ်ရင် ကြိုတင်ရွေ့ပြောင်းကြဖို့ NUGက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။