Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီ၏ ကာကင်းစခန်း ၅ခုကို ကရင်နီတပ်ပေါင်းစုံ သိမ်းပိုက်

ကရင်နီပြည်နယ်၊ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီ၏ ကာကင်းစခန်း ငါးခုကိုသိမ်းပိုက်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆၀ကျော်သေဆုံးကာ လက်နက်မျိုးစုံ ၄၀ကျော် ရရှိခဲ့သည်ဟု ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က ယနေ့(ဧပြီ ၂ ရက်)တွင် ထုတ်ပြန်သည်။

ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီ၏ ကာကင်းစခန်း ၅ခုသိမ်းပိုက်ပြီး ရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNDF

■​စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆၀ကျော်သေဆုံး၊ လက်နက်မျိုးစုံ ၄၀ကျော်ရ

■​စ်ကောင်စီ၏တိုက်ခိုက်မှုအပေါ်မူတည်၍ စစ်ဆင်ရေးများလုပ်သွားမည်ဟု ကရင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ ထုတ်ပြန်

ဧပြီ ၂၊ ၂၀၂၅။ ရဲခေါင်People’s Spring

ကရင်နီပြည်နယ်၊ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီ၏ ကာကင်းစခန်း ငါးခုကိုသိမ်းပိုက်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆၀ကျော်သေဆုံးကာ လက်နက်မျိုးစုံ ၄၀ကျော် ရရှိခဲ့သည်ဟု ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က ယနေ့(ဧပြီ ၂ ရက်)တွင် ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီတပ်သည် ကရင်နီပြည်တစ်ဝှမ်းလုံးတွင် တိုက်ခိုက်မှုများဆက်လက်လုပ်နေသည့်အတွက် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ် ငန်းများအပေါ် ချိန်ညှိ၍ ကရင်နီတပ်ပေါင်းစုံ ထိန်းချုပ်ထားသည့် ဒေသနှင့် ပြည်သူများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်လာသည့် အခြေအနေပေါ်မူတည်၍ စစ်ဆင်ရေးများ လုပ်ဆောင်သွားမည်ဟုလည်း ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က အသိပေးသည်။

“ဘောလခဲမြို့မှာ စကစရဲ့ နောက်ဆုံးကာကင်းက မိုင်းထမ်းမှာပဲရှိတော့တယ်”ဟု ကရင်နီပြည်တပ်မတော်(KA)၏ တာဝန်ရှိသူက လူထုနွေဦးသို့ ​ပြောသည်။

စစ်ကိုင်း၊မန္တလေး၊နေပြည်တော်နှင့် ရှမ်းပြည်တောင်ပိုင်းတို့တွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များထိခိုက်ပျက်စီးခဲ့ရသည့် မတ်လ ၂၈ ရက်တွင် ငလျင်ကြီးဖြစ်ရပ်အတွက် ကရင်နီပြည် တပ်ပေါင်းစုံဦးစီးအဖွဲ့က ဝမ်းနည်းရကြောင်းလည်း အသိပေးသည်။

ယခုနှစ် ဇန်နဝါရီကစ၍ စစ်ကောင်စီတပ်များသည် လွိုင်ကော်နှင့် မိုးဗြဲမြို့ဆက်ထားသည့် လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုကို ကရင်နီပြည်ရှိတပ်ပေါင်းစုံက ခုခံကာကွယ်ခဲ့ရဟု ဆို သည်။

အဆိုပါ ထိုးစစ်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကျဆုံးခဲ့ရပြီး ကရင်နီတပ်ပေါင်းစုံက စစ်ကောင်စီတပ်သား ၆၀ကျော်ကို ချေမှုန်းနိုင်ခဲ့ကာ လက်နက်ကြီး၊ငယ်အစုံ ၁၆ လက်ရရှိခဲ့သည်။

မိုးဗြဲမြို့ထိုးစစ်ကို ကန့်သတ်နိုင်ရန် ကရင်နီပြည်စစ်ဦးစီးအဖွဲ့၏ ကွပ်ကဲမှုဖြင့် ဘောလခဲ၊ဖားဆောင်းတို့ရှိ စစ်ကောင်စီတပ်များအားတိုက်ခိုက်သည့် စစ်ဆင်ရေးကို မတ်လ ၄ ရက်တွင် စတင်ဆင်နွှဲခဲ့ကြောင်း အသိပေးသည်။

စစ်ဆင်ရေးစတင်ချိန်တစ်လအတွင်း စစ်ကောင်စီ၏ အခြေစိုက်တပ်ဗျူဟာ၊ အခြေစိုက်ကင်းစခန်းများဖြစ်သည့် ဘောလခဲမြို့နယ်ရှိ ကာကင်းစခန်းများဖြစ်သော အမှိုက်ကျင်း၊ကျောက်ခွဲစက်၊ရေကျော်၊ရေနီပေါက်နှင့် ဝမ်ပလန်း စသည့် ကာကင်းစခန်းများကို သိမ်းပိုက်ခဲ့ကာ ဖားဆောင်း မီးသတ်တိုက်နှင့် ရေဆိပ်တို့ကို တိုက်ခိုက်ကန့်သတ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်သား ၆၀ကျော်သေဆုံးကာ အချို့ကို အရှင်ဖမ်းမိပြီး လက်နက် ၄၀နှင့်ကျည်မျိုးစုံတို့ကိုလည်း ကရင်နီတပ်ပေါင်းစုံက သိမ်းဆည်းရရှိခဲ့သည်။

စစ်ကောင်စီလက်အောက်မှလွတ်မြောက်ရန် ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ကို ဖွဲ့စည်း၍ ယခုနှစ်ကစကာ ခံစစ်နှင့်ထိုးစစ်ကို စတင်ကွပ်ကဲခဲ့သည်။

ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့နှင့် စစ်ဆင်ရေးတပ်သားတို့သည် အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေးနှင့် ကရင်နီပြည်ဖက်ဒရယ်တပ် စတင်တည်ဆောက်ရန်ကြိုးပမ်းမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ