Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမြို့နယ်ရှိ Power KTV ယနေ့ည မီးလောင်၊ မန္တလေးမြို့တွင် နှစ်ရက်ဆက်မီးလောင်ခြင်းဖြစ်

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် မန္တလေး-လားရှိုးလမ်းမပေါ်ရှိ Power KTV၌ ယနေ့ (ဧပြီ ၂) ညပိုင်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - MFSD

ဧပြီ-၂၊၂၀၂၅။ သုည/People’s Spring

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် မန္တလေး-လားရှိုးလမ်းမပေါ်ရှိ Power KTV၌ ယနေ့ (ဧပြီ ၂) ညပိုင်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မန္တလေးမြို့ပတ်လမ်း ၁၂ ပန်နားက Power KTV မီးလောင်တာပါ။ ဝါယာရှော့ဖြစ်တယ်လို့ သိရတယ်။ မီးကတော်တော်များတယ်။ ဆိုင်တစ်ဆိုင်လုံးနီးပါး ကုန်သွားပါတယ်။ မီးသတ်ကားတွေ လူနာတင်ကားတွေလည်း အများကြီးပဲ သွားတာတွေ့ရတယ်။ လူထိခိုက်မှုတော့ မရှိဘူးလို့ ကြားပါတယ်”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

ယနေ့ ည ၉ နာရီ ၄၃မိနစ်တွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် သမ္မတောကျေးရွာအနီး မီးလောင်မှုဖြစ်ပွားခဲ့ရာ Level 1 ယာဉ်အုပ်စုထွက်ခွာငြိမ်းသတ်ခဲ့ပြီး ည ၁၀ နာရီ ၂၈မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

သို့သော် မီးလောင်မှုအကြောင်းအရင်းနှင့် ပျက်ဆီးဆုံးရှုံးမှုကို မီးသတ်တပ်ဖွဲ့က ဖော်ပြထားခြင်း မရှိသေးပေ။

ငလျင်ဒဏ်ခံနေရသည့် မန္တလေးမြို့တွင် နှစ်ရက်ဆက် မီးလောင်ခဲ့ခြင်း ဖြစ်ပြီး ယမန်နေ့ညပိုင်းကလည်း မီးရထားဝန်ထမ်းအိမ်ရာအနီး မီး​​​လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ꩻ လှိုင်သာယာအနောက်ပိုင်းမြို့နယ်က အ.မ.က (၂၃) မူလတန်း စာသင်ကျောင်း ဒီကနေ့ (ဖေဖော်ဝါရီ ၁၆) နံနက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ၁၀မိုင်ခန့်အကွာကပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ်အစပ်က စစ်ကောင်စီ နောက်တန်းအထိုင်စခန်းတွေ ဒီကနေ့ ​တော်လှန်​ရေးတပ်​တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံ တွေက​ပြောပါတယ်။

သတင်း

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်အတွင်း လမ်းဘေးမှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို ဇူလိုင် ၁၁ ရက် ညပိုင်းက တွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

သတင်း

ဧပြီ-၉၊၂၀၂၅။ရှိန်း/People’s Spring မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာ‌​တွေမှာ စစ်ဘေးရှောင်လာ နေကြတဲ့ပြည်သူတွေဟာ ငလျင်ဒဏ် ကြောင့် နေအိမ်တွေ ပျက်စီးခဲ့ပြီး အကူအညီတွေလိုအပ် နေတယ်လို့ ဒေသခံ တွေက​ပြောပါတယ်။ ပုသိမ်ကြီးမြို့နယ်၊တဲကုန်း၊မဲကင်းကုန်း နဲ့ ကုန်းတန်းကျေးရွာတွေမှာ စစ်ကိုင်းငလျင်​ကြောင့် အနည်းဆုံး စုစုပေါင်းလူဦး ရေ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။...

Facebook