Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီး​ကိုလာ​နေတဲ့စစ်​ဘေး​ရှောင်​တွေငလျင်ဒဏ်ထပ်ခံရပြီး အကူအညီ​တွေလိုအပ်​

စစ်ကိုင်းငလျင်​ကြောင့် ပုသိမ်ကြီးမြို့နယ်တွင် ​နေအိမ်တစ်အိမ်ပျက်စီး​နေမှုနှင့် ​မြေအက်​ကြောင်း။ ဓါတ်ပုံ-CJ

ဧပြီ-၉၊၂၀၂၅။ရှိန်း/People’s Spring

မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာ‌​တွေမှာ စစ်ဘေးရှောင်လာ နေကြတဲ့ပြည်သူတွေဟာ ငလျင်ဒဏ် ကြောင့် နေအိမ်တွေ ပျက်စီးခဲ့ပြီး အကူအညီတွေလိုအပ် နေတယ်လို့ ဒေသခံ တွေက​ပြောပါတယ်။

ပုသိမ်ကြီးမြို့နယ်၊တဲကုန်း၊မဲကင်းကုန်း နဲ့ ကုန်းတန်းကျေးရွာတွေမှာ စစ်ကိုင်းငလျင်​ကြောင့် အနည်းဆုံး စုစုပေါင်းလူဦး ရေ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။

တဲကုန်းကွက်သစ်တခုထဲမှာပဲ ငလျင်ဒဏ် ကြောင့် သေဆုံးသူ ၇ ဦးရှိပြီး ဒဏ်ရာရရှိသူ ၂၀ကျော်ရှိခဲ့ပါတယ်။ဒါအပြင်နေအိမ်အများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါကျေးရွာတွေက ကွက်သစ်ရိုက်ထားတဲ့ နေရာတွေမှာ စစ်ကိုင်းတိုင်း ယင်းမာပင်၊ပုလဲမြို့နယ်တို့က စစ်​ဘေး​ရှောင်​ပြည်သူတွေ ၊မကွေးတိုင်း ၊မြိုင်နဲ့ ပေါက်မြို့နယ်တို့က စစ်​ရှောင်ပြည်သူ​တွေအများဆုံးနေထိုင်ကြပါတယ်။ ငလျင်ကြီး​ကြောင့်စစ်ရှောင် တွေရဲ့နေအိမ် တွေပါပြိုပျက်ခဲ့ပါတယ်။

“ကိုယ်တွေကစစ်ရှောင်ဆိုတော့ကြောက် ကြောက်လန့်လန့် နေရတာ။အခုကျွန်မအိမ်လည်း ဆောက်လက်စတက်နေတာ။အတွင်းထဲအကုန်ပြိုလို့နေမရ တော့ဘူး။အရှေ့ဘက်က ကျွန်မဦးလေးအိမ် သုံးထပ်တိုက် ဈေးဆိုင်လည်း အကုန်ပြိုကျသွားတာ။ဘာမှမရလိုက်ဘူး”လို့ စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်ပြည်သူတဦးကပြောပါတယ်။

ငလျင်ဒဏ်ကြောင့် အိမ်တွေပြိုပျက်သွားတာမို့ စစ်ကိုင်းတိုင်းကိုပဲပြန်ဖို့ရည်ရွယ်ထားတယ်လို့သူကဆက်​ပြောပါတယ်။

ဒီရပ်ကွက် တွေကို ကူညီကယ်ဆယ်ရေး အနေနဲ့ ရပ်ကွက်လူမှုကူညီ ရေးအသင်းက နာရေးပို့တာ နေအိမ်ပိ‌‌သူတွေကို အလောင်းဖော်တာနဲ့ ဒဏ်ရာရတွေကယ်ထုတ်တာ တွေပြုလုပ်ခဲ့ကြပါတယ် ။ဒါ​ပေမယ့် ကူညီထောက်ပံ့ပေးသူတွေမရှိဘူးလို့သိရပါတယ်။

မန္တလေးမြို့မှာငလျင်ဒဏ်‌ ကြောင့် သေဆုံးသူ ၂,၁၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပြီး မြေပြင်မှာဒီထပ်မက သေဆုံးမှုများတယ်လို့ ကယ်ဆယ်​ရေးလုပ်​ပေးသူ​တွေ ၊​ဒေသခံ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။