Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်မြို့ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှု ပြည်သူအချို့ထိခိုက်၊ နေအိမ်နှင့်ရုံး၂၀ ပျက်စီး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အား စစ်ကောင်စီက ယမန်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ထိခိုက်မှုရှိခဲ့ပြီး နေအိမ်နှင့် ရုံးအဆောက်အဦး ပျက်စီးမှုများ ရှိခဲ့ကြောင်း ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်ကောင်စီ ယမန်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - Yaw Mang

ဧပြီ ၃၊၂၀၂၅။ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အား စစ်ကောင်စီက ယမန်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ထိခိုက်မှုရှိခဲ့ပြီး နေအိမ်နှင့် ရုံးအဆောက်အဦး ပျက်စီးမှုများ ရှိခဲ့ကြောင်း ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

စစ်ကောင်စီသည် ဧပြီ ၂ရက် နေ့လည် ၁နာရီ ၁၅ မိနစ်ခန့်တွင် တိုက်လောယဉ်ဖြင့် အကြိမ်ကြိမ် ဗုံးကြဲခဲ့ရာ ပြည်သူ့ နေအိမ်များ၊ အစိုးရ အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့သည်ဟုဆိုသည်။

ပြည်သူများ​၏ နေအိမ် ၅လုံး ၊ ထွေအုပ်ရုံး၊ ကျေးလက်ဦးစီးမှူးရုံး၊ ရွေးကောက်ပွဲကော်မရှင်ရုံး၊ မြို့နယ် စသုံးလုံးရုံး၊ မြို့နယ်စီမံကိန်းရုံးများ စုစုပေါင်း အဆောက်အဦး အလုံး ၂၀ ပျက်စီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ကန်ပက်လက်မြို့နယ်နှင့် မြို့ပေါ် ရပ်ကွက်နေ ပြည်သူများအနေဖြင့် လေကြောင်းရန် အထူးပြုဂရုပြုနေထိုင်ကြရန် မြို့နယ် ပအဖက ကြေညာထားသည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ် ကန်ပက်လက်နှင့် မင်းတပ်မြို့များကို တိုက်ပွဲမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသ သတင်းရင်းမြစ်က ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်တွင်လည်း အဆောက်အဦး ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း မင်းတပ် ပအဖ တာဝန်ရှိသူ ဆလိုင်းယောမာန်က အသိပေးထားသည်။

စစ်ကောင်စီသည် ငလျင်ဘေး ကြုံနေရချိန်၌ပင် တိုက်ပွဲဖြစ်ပွားရာဒေသ၊ တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နယ်မြေဒေသများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ယမန်နေ့ညပိုင်းတွင် ဧပြီ ၂ရက်မှ ၂၂ရက်အထိ ယာယီ အပစ်ရပ်စဲကြောင်း ကြေညာခဲ့သည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့ ကြေညာချက်ပါအတိုင်း ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်းအပါအဝင် စစ်ရေးလှုပ်ရှားမှုဆိုင်ရာများကို လိုက်နာရန် လိုအပ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က တန်ပြန်ထုတ်ပြန်သည့် အပစ်ရပ်ကြေညာချက်တွင် ထပ်မံ သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့စစ်ကူပေးမယ့် စစ်တပ်စစ်ကြောင်းဟာ ဆောမြို့ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

Facebook