Connect with us

Hi, what are you looking for?

သတင်း

စင်ကာပူအခြေစိုက်ငွေလွှဲကုမ္ပဏီ 2C2P စာရင်းရှင်းလင်းဖျက်သိမ်း၍ မြန်မာမှ ထွက်ခွာ

စင်ကာပူအခြေစိုက်ငွေလွှဲဝန်ဆောင်မှုကုမ္ပဏီ 2C2Pက မြန်မာနိုင်ငံမှ ထွက်ခွာရန် စာရင်းရှင်းလင်းဖျက်သိမ်းကြောင်း ယနေ့(ဧပြီ ၄ ရက်)တွင် ကြေညာသည်။

ဧပြီ-၄၊၂၀၂၅။ရဲခေါင်/People’s Spring

စင်ကာပူအခြေစိုက်ငွေလွှဲဝန်ဆောင်မှုကုမ္ပဏီ 2C2Pက မြန်မာနိုင်ငံမှ ထွက်ခွာရန် စာရင်းရှင်းလင်းဖျက်သိမ်းကြောင်း ယနေ့(ဧပြီ ၄ ရက်)တွင် ကြေညာသည်။

2C2P Myanmar ကုမ္ပဏီသည် အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက်စာရင်းရှင်းလင်းဖျက်သိမ်းမှု၏ အထွေထွေအစည်းအဝေးကို မတ်လ ၃၁ရက်က လှိုင်မြို့နယ်၊ ယောဂီကျောင်းလမ်းတွင် ပြုလုပ်ပြီး ဆုံးဖြတ်ခဲ့ကြောင်း အသိပေးသည်။

ကုမ္ပဏီကို လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရ စာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကာ ကုမ္ပဏီမှ ရရန်နှင့်ပေးရန်ရှိသည့် ကိစ္စကို ဧပြီ ၃၀ ရက်နောက်ဆုံးထား၍ ပြုလုပ်မည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“2C2Pက မြန်မာကနေ အပြီးထွက်သွားတော့မယ်ဆိုတာ မတ်လဆန်းကတည်းက သတင်းကထွက် နေတာ။ သူရဲ့ ဝန်ဆောင်မှုရပ်လိုက်ပြီ။ကြားရတာတော့ Sanction ထိမှာဆိုးတာကြောင့်ပါတယ်”ဟု မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြည်ပရောက်မြန်မာလုပ်သားများထံမှ ပြည်တွင်း ပြန်လွှဲငွေများကို ကောက်ယူရန်အတွက် ငွေလွှဲလုပ်ငန်း ၁၆ ခုကို စစ်ကောင်စီက ၂၀၂၄ဒီဇင်ဘာက တရားဝင်လိုင်စင်ချပေးခဲ့မှုအနက် 2C2P ကုမ္ပဏီသည် ထိုင်းနိုင်ငံ အေဂျင့်လိုင်စင်ရရှိခဲ့သည်။

ထို့အပြင် ပြည်တွင်း၌ ဒစ်ဂျစ်တယ်ငွေလွှဲပြောင်းမှုလုပ်ငန်းစဥ်တွင်လည်း 2C2P သည် စစ်ကောင်စီ၏ ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့များထံ ၎င်း၏နည်းပညာခွဲဝေအသုံးချမှု မျှဝေခဲ့ဖူးသည်။

မြန်မာပြည်ဖွား ဦးအောင်ကျော်မိုးတည်ထောင်ထားသည့် 2C2P ကုမ္ပဏီသည် အရှေ့တောင်အာရှနိုင်ငံများအပါအဝင် နိုင်ငံ ၁၁ခုတွင် ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းကိုလုပ်ကိုင်နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကလေးမလေး တစ်ဦးရဲ့ ခေါင်းကို အသာအယာ ပုတ်ခဲ့တဲ့ အဖိုးအိုတစ်ဦး အကြမ်းနည်းနဲ့ ရန်လို တုံ့ပြန်ခံခဲ့ရတဲ့ ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးနေကြောင်း စင်ကာပူ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်အနေနဲ့ မြန်မာ့အရေးမှာ ထင်သာမြင်သာရှိတဲ့တိုးတက်မှု ဖော်ဆောင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အလိုရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်က ပြောပါတယ်။

နိုင်ငံတကာ

စင်ကာပူဆီ Hellfire ဒုံးကျည်တွေ ထပ်မံရောင်းချဖို့ အစီအစဉ်ရှိကြောင်း အမေရိကန် အစိုးရက အတည်ပြုခဲ့ပါတယ်။

Facebook