Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးသင့်ပြီးတပါတ်အကြာပြည်သူတွေဘာတွေလိုအပ်နေလဲ

မန္တလေးမြို့မှာ ငလျင်ကြောင့် အပျက်အစီးများတဲ့ရပ်ကွက်တွေမှာလျှပ်စစ်မီးပြတ်တောက်နေဆဲဖြစ်တာကြောင့် သောက်သုံးရေအခက်အခဲရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဟာနာဆန်/People’s Spring

▪︎သောက်သုံးရေ အခက်အခဲ

မန္တလေးမြို့မှာ ငလျင်ကြောင့် အပျက်အစီးများတဲ့ရပ်ကွက်တွေမှာလျှပ်စစ်မီးပြတ်တောက်နေဆဲဖြစ်တာကြောင့် သောက်သုံးရေအခက်အခဲရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“လမ်း ၆၀၊ လမ်း ၃၀ နဲ့ ၃၅ လမ်းကြား တကြောလုံးရေမရ၊ မီးမလာသေးပါဘူး။ ရေလုံးဝ ပြတ်လတ်နေပါပြီ။”လို့ မြို့ခံတဦးက ပြောပါတယ်။ ဒါ့အပြင် အလုပ်တွေရပ်နားထားရတာကြောင့် ပြည်သူတွေဟာ ဆန်၊ ဆီ နဲ့ အ​ခြေခံစား​သောက်ကုန်တွေလိုအပ်နေပါတယ်။

Public Service Announcement

Public Service Announcement

▪︎ဖရိုဖရဲဖြစ်နေတဲ့ ကူညီထောက်ပံ့ရေး

မတ်လ၂၈ရက်ငလျင်လှုပ်ပြီးကတည်းကအလုပ်
တွေရပ်နားလိုက်ရတဲ့အတွက်အခြေခံလူတန်းစားတွေဟာစားဝတ်နေရေးအရခက်ခဲနေပြီးစစ်ကောင်
စီအုပ်ချုပ်မှုအောက်မှာ ငလျင်အတွက်အကူအညီတွေဟာ ဖရိုဖရဲဖြစ်နေပြီး အောက်ခြေကပြည်သူတွေဆီကောင်းမွန်စွာမရောက်ရှိဘဲဖြစ်နေပါတယ်။ အမရပူရဘက်မှာဆိုရင်စနစ်ကျတဲ့စီမံခန့်ခွဲမှုမရှိတာကြောင့် အလှူပစ္စည်းအတွက်တန်းစီရင်း ရန်
ဖြစ်တာတွေပါ ဖြစ်ပွားနေပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪︎အပျက်အစီးများ ရှင်းလင်းရေး

ပြိုကျသွားတဲ့အပျက်အစီးတွေ ရှင်းလင်းရေးကို ကောင်းကောင်းမလုပ်နိုင်ကြသေးပါဘူး။စက်ယန္တရားစျေးတွေ အဆမတန်ကြီးမြင့်တာ၊ ငွေကြေးခက်ခဲနေတာတွေကြောင့် တော်ရုံလူလတ်တန်းစားတိုက်ပြိုသူတွေဟာ အပျက်အစီးတွေကို ဒီအတိုင်းပဲ ထားထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ စည်ပင်ဝန်ထမ်း၊ စစ်သားနဲ့ရဲတွေကလည်း ငွေညှစ်တာတွေရှိနေတယ်လို့ မြို့ခံတချို့ကပြောပါတယ်။ “အပျက်အစီးလာပုံတာကို ငါးသိန်းတောင်းတယ်။”လို့ မန္တလေးစည်ပင်နယ်နမိတ်အတွင်း ငလျင်ကြောင့်ပျက်စီးသွားတဲ့အိမ်ရှင်တဦးက ပြောတယ်။

▪︎ယာယီနေထိုင်စရာနေရာအခက်အခဲရှိ​​နေ

ငလျင်ဘေးသင့်ပြည်သူတွေဟာ Camp တွေ၊ လမ်းဘေးတွေမှာပဲ ယာယီတဲထိုးနေရတုန်းပါ။ ငွေ​ကြေးတက်နိုင်သူတွေကပြင်ဦးလွင်မှာအိမ်ငှားခြံငှားပြီး သွားနေကြတာတွေကြောင့် အိမ်ငှားစျေးတွေမြင့်တက်ပြီးအိမ်ရှာရခက်ခဲနေတယ်လို့ မြို့ခံတချို့ကပြောပါတယ်။”အိမ်ငှားခကသုံးဆလောက်တက်သွားတယ်။ဒါကို ရှာမရဘူး။”လို့ ပြင်ဦးလွင်မှာ အိမ်ငှားရှာနေသူတဦးက ပြောပါတယ်။

သို့ပေမဲ့မြို့ခံတွေကစျေးတက်တာမဟုတ်ဘဲအဝေးကနေ ဝယ်ထားသူတွေက စျေးတွေမြင့်တက်ယူလိုက်တာလို့ ပြင်ဦးလွင် ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီကလည်း ကျုံးဘေးနေထိုင်သူတွေကို နှင်ထုတ်နေတာတွေရှိနေပါတယ်။မကြာခင်မိုးလေတွေလည်းလာဖို့ရှိတာကြောင့်အခက်အခဲတွေရှိလာနိုင်ပါတယ်။

▪︎လုံခြုံရေးကင်းမဲ့

ငလျင်လှုပ်အပြီးသူခိုးဓားပြတွေ သောင်းကျန်းနေတာကြောင့် စိုးရိမ်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ငလျင်ကြောင့် ပြိုပျက်နေတဲ့တိုက်တွေထဲဝင်ခိုးတာတွေ၊ လူနေကျဲတဲ့ရပ်ကွက်တွေမှာ ဓါးပြဝင်တိုက်တာတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ