Connect with us

Hi, what are you looking for?

သတင်း

ယာယီအပစ်ရပ်သည်ဆိုသော စစ်ကောင်စီက ကလေးမြို့နယ်အတွင်း မစ်ဇိုင်းဖြင့် ပစ်ခတ်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက မြေပြင်စစ်ရေးလှုပ်ရှားမှုမရှိဘဲ စစ်ကောင်စီက မစ်ဇိုင်းများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိသည်။

ကလေးမြို့သပိတ်ဖြိုခွင်းခံရသည်ကို ၂၀၂၁ဧပြီ ၇ရက်က မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၆၊၂၀၂၅။ခွာညို/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက မြေပြင်စစ်ရေးလှုပ်ရှားမှုမရှိဘဲ စစ်ကောင်စီက မစ်ဇိုင်းများဖြင့် ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

ယနေ့ (ဧပြီ ၆ရက်)ည‌ ၇နာရီခန့်မှစ၍ စစ်ကောင်စီက ကလေးမြို့အမြောက်တပ်အတွင်းမှ မစ်ဇိုင်းများဖြင့် ရမ်းသမ်းပစ်ခတ်နေ၍ ဒေသခံများက စိုးရိမ်နေသည်။

“အပစ်ရပ်တယ်ဆိုလို့ နားအေးပါး‌အေးနေရမယ်လို့မထင်နဲ့။ တစ်နေ့ခင်းလုံး Y12 လေယာဉ်ရော ဂျက်ဖိုက်တာပါပျံနေတာ။ ညကျတော့ မစ်ဇိုင်းနဲ့ ထုနေတာ”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဧပြီ ၂ရက်မှ ၂၂ရက်အထိ ယာယီအပစ်ရပ်ကြောင်း ကြေညာထားသည့်စစ်ကောင်စီသည် ဒေသအများစုတွင် လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ဆက်တိုက်ပြုလုပ်နေသည်။

စစ်ကောင်စီသည် ၎င်းတို့ တဖက်သတ်ကြေညာထားသည့် အပစ်ရပ်ကြေညာချက်ကို လိုက်နာမှုမရှိဘဲ တိုက်ခိုက်မှုများပြုလုပ်နေသည်ဟု အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားသလို KIA၊TNLA၊KNU တို့ကလည်း ယင်းကဲ့သို့ ပြောကြားထားသည်။

ကလေးမြို့နယ်အတွင်း ယနေ့ညပိုင်း၌ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူထိခိုက်မှုရှိ၊မရှိကို မသိရသေးပေ။ ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ယခုရက်ပိုင်း စစ်ရေးလှုပ်ရှားမှုလုံးဝမရှိကြောင်း ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook