Connect with us

Hi, what are you looking for?

သတင်း

အင်မထီးရွာမှ ပျူစောထီးအချို့အပါအဝင် ကိုးဦးထွက်ပြေးလာ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ကပိတ်ဆို့ထားသည့် ပျူစောထီးအားကောင်းရာ အင်မထီးကျေးရွာမှ ဒေသခံကိုးဦးထွက်ပြေးလာပြီး တော်လှန်ရေးတပ်ဖွဲ့များထံ ခိုလှုံခဲ့သည်။

ဧပြီ ၈၊၂၀၂၅။ခွာညို/People’s Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ကပိတ်ဆို့ထားသည့် ပျူစောထီးအား ကောင်းရာ အင်မထီးကျေးရွာမှ ဒေသခံကိုးဦးထွက်ပြေးလာပြီး တော်လှန်ရေးတပ်ဖွဲ့များထံ ခိုလှုံခဲ့သည်။

ကျေးရွာတွင် စားစရာမရှိတော့ဘဲ စာရေး၊သောက်ရေးအခက်အခဲတွေ့နေ၍ ကယ်ထုတ်ပေးရန် တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်အကြောင်းကြားလာခြင်းဟု သတင်းရရှိသည်။

“ဧပြီလ ၇ရက်နေ့က ထွက်ပြေးလာတာ။ အရပ်သားတွေလည်းပါတယ်။ ပျူတချို့လည်း ပါတယ်။ ကျည်ဆံတချို့ယူလာပေးတယ်ဗျ”ဟု ပုလဲမြို့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အင်မထီးရွာသည် ပျူစောထီး အားကောင်းရာဒေသဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်မှ အင်အား ၂၀ ခန့်အပါအဝင် လက်နက်တပ်ဆင်ထားသည့် ပျူစောထီး ၆၀ ခန့်ရှိသည်။

ရွာပတ်လည်တွင် စစ်ကောင်စီတပ်က မိုင်းများထောင်ထားသလို ဒေသခံများကိုလည်း ထွက်ခွာခွင့်မပြုပေ။ ထို့အပြင် ဘေးပတ်ဝန်းကျင်ရွာများကို စစ်ကောင်စီတပ်က ဦးဆောင်ပြီးမကြာခဏစစ်ကြောင်းထိုးလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။