Connect with us

Hi, what are you looking for?

သတင်း

ကျိုင်းတုံ – တောင်ကြီးလမ်းပိုင်းမှာ ခရီးသည်တင်ကား ချောက်ထဲထိုးကျလို့ ၇ ဦးဆုံးပါး

ရှမ်းပြည်နယ် ကျိုင်းတုံ – တောင်ကြီး လမ်းပိုင်းရဲ့ စပယ်ရှယ်တောင်အဆင်း လက်ပံပင်ကွေ့မှာ မနေ့ (ဧပြီ ၈ ) ညပိုင်း ၈ နာရီခန့်က ခရီးသည်တင်ကား ချောက်ထဲ ထိုးကျပြီး ၇ ဦး သေဆုံးသွားတယ်လို့ နှလုံးလှ ပိုင်ရှင်များ လူမှုကူညီရေးအသင်းထံက သိရပါတယ်။

ဓာတ်ပုံ - နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်း

ဧပြီ – ၉၊၂၀၂၅/People’s Spring

ရှမ်းပြည်နယ် ကျိုင်းတုံ – တောင်ကြီး လမ်းပိုင်းရဲ့ စပယ်ရှယ်တောင်အဆင်း လက်ပံပင်ကွေ့မှာ မနေ့ (ဧပြီ ၈ ) ညပိုင်း ၈ နာရီခန့်က ခရီးသည်တင်ကား ချောက်ထဲ ထိုးကျပြီး ၇ ဦး သေဆုံးသွားတယ်လို့ နှလုံးလှ ပိုင်ရှင်များ လူမှုကူညီရေးအသင်းထံက သိရပါတယ်။

တာချီလိတ်ကနေ လာတဲ့ ခရီးသည်တင် ၆ ဘီးကားဟာ တောင်အဆင်း လမ်းဘေး ချောက်ထဲ ထိုးကျပြီး ၇ ဦး သေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တာပါ။

” အဲဒီနားက မကြာခဏယာဥ်တိမ်းမှောက်တယ် ၊ဒဏ်ရာရတဲ့သူတွေကို ကျိုင်းတုံဆေးရုံကိုပို့ဆောင်လိုက်ပါတယ်”လို့နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်း ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရရှိသူထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးလည်း ပါဝင်တဲ့အတွက် ဆေးရုံကိုအရေးပေါ်ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးသူတွေရဲ့ ကျား၊မစာရင်း အတိအကျမသိပေမယ့် အမျိုးသားအများစုပါဝင်တယ်လို့ သိရပါတယ်။

တိမ်းမှောက်မှုဖြစ်ပွားတဲ့ ခရီးသည်တင်ကားဟာ တာချီလိတ်ကနေ မန္တလေး၊မိတ္ထီလာဘက်ကိုပြေးဆွဲနေတဲ့ ယာဥ်လိုင်းဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ကလည်း အခုအခင်းဖြစ်တဲ့နေရာအနီးမှာပဲ ခရီးသည်တင်ကား တိမ်းမှောက်ပြီး လူ၆ဦးသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က နေရာတွေကို လုံခြုံရေးအရ တားမြစ်လိုက်ပြီး အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဒီကနေ့ ဇွန်လ ၃၀ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့အဝင်တောင်လေးလုံးရွာမှာမနေ့ (ဇူလိုင်လ ၂၀ ရက်)ညနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်တပ်ကမြို့အဝင်အထွက်နဲ့ ညောင်ရွှေမြို့မှာပါအစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။