Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့အနီးမှာ တိုက်ပွဲပြင်းထန်နေ

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

(မိုးဗြဲ PDFက ရဲဘော်တွေကို စစ်မြေပြင်တစ်ခုအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - Mobye PDF)

ဇူလိုင် -၁၊၂၀၂၆။မိုမို/People’s Spring

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

လွိုင်ကော်- မိုးဗြဲမြို့နယ်ကြားက စစ်တပ်ကာကင်းစခန်းတွေကို ရှမ်း-ကရင်နီပူးပေါင်းထားတဲ့ JOC တပ်ပေါင်းစုက ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ ဇွန်လ ၂၈ ရက်နောက်ပိုင်းမှာ နေ့စဉ်တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲက မနေ့ကရော နေ့တိုင်းနီးပါးပေါ့။အခုထက်ထိလည်း ဖြစ်နေတယ်”လို့ ရှမ်းပြည်တောင်ပိုင်းတော် လှန်ရေးတပ်‌ဖွဲ့ နဲ့ နီးစပ်သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိတိုက်ပွဲအခြေအနေဟာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကို တော်လှန်ရေးတပ်တွေက ခုခံနေတာလို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

“သူတို့(စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်)ဘက်က ထိုးစစ်ကို ဒီဘက်က ပြန်ဆိုင်တဲ့အနေအထား”လို့ သူက ပြောပါတယ်။

စစ်ရေးသတင်းအချက်အလက်လုံခြုံဖို့အတွက် တိုက်ပွဲ ‌ဖြစ်တဲ့နေရာတွေနဲ့ ပတ်သက်လို့ ထိန်ချန်ထားဖို့ သူက မေတ္တာရပ်ခံပါတယ်။

မိုးဗြဲမြို့အနီးတဝိုက်က လွယ်ဝိုင်း၊ လွယ်ယင်းတောင်ခြေ၊ခေါင်းဝံ လမ်း နဲ့ နန်းမယ်ခုံ မြို့ဘက်ကနေရာတွေကို အသွားအလာမလုပ်ဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က မနေ့ကစပြီး တားမြစ်ထားပါတယ်။

အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။

အခုနှစ်ဆန်းပိုင်းမှာ မိုးဗြဲမြို့ကတဆင့် ဒီးမော့ဆိုမြို့နယ်၊နန်းမယ်ခုံမြို့ကို ထပ်မံထိန်းချုပ်ဖို့ စစ်တပ်ကစစ်ကြောင်းထိုးနေပေမယ့် ကရင်နီတပ်ပေါင်းစုက ခုခံထားတာကြောင့် မိုးဗြဲ မြို့အနီးတဝိုက်မှာပဲ ရပ်တန့်နေရပါတယ်။

“နန်းမယ်ခုံရရင် မိုးဗြဲ ၊လွိုင်ကော် နဲ့ ဒီမောဆိုရှေ့ခြမ်းကိုကောင်းကောင်းထိမ်းချုပ်လို့ရသွားမယ့်အခြေ အနေ”လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မိုးဗြဲမြို့နဲ့ မိုင် ၂၀ ၀န်းကျင်အကွာ မိုးဗြဲ – ဒီးမော့ဆိုမြို့နယ်ကြားမှာ ရှိတဲ့ နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်အတွင်းတိုက်ပွဲတွေမှာ စစ်တပ်က ၁၀ ဦး သေဆုံးပြီး ဒရုန်းနဲ့လက်နက်ခဲယမ်းတချို့ သိမ်းရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)က ဒီကနေ့ ဇူလိုင် ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအထက်ပိုင်းအင်းတော်မြို့နယ်ထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြားတိုက်ပွဲတွေနေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေပြီး ခရီးသွားကားတွေ ပိတ်မိနေတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က နေရာတွေကို လုံခြုံရေးအရ တားမြစ်လိုက်ပြီး အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဒီကနေ့ ဇွန်လ ၃၀ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး ဒီကနေ့ တိုက်ပွဲမှာ ခရီးသည်တင်ကား ၂စီး ကျည်ထိမှန်ခဲ့တယ်လို့ ခရီးသွားလာသူတွေက ပြောပါတယ်။

Facebook