Connect with us

Hi, what are you looking for?

သတင်း

ဟင်္သာတတွင် စစ်မှုထမ်းလာခေါ်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဓားခုတ်ခံရပြီး သေဆုံး

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် လူငယ်တစ်ဦးအား စစ်မှုထမ်းရန် လာရောက်ခေါ်ဆောင်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ အား အိမ်ရှင်က ဓားဖြင့်ခုတ်ရာ အုပ်ချုပ်ရေးမှူးသေဆုံးသွားကြောင်း မြို့ခံများက ပြောသည်။

ဧပြီ ၁၂၊ ၂၀၂၅။ အိမ်သွင်/People’s Spring

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် လူငယ်တစ်ဦးအား စစ်မှုထမ်းရန် လာရောက်ခေါ်ဆောင်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ အား အိမ်ရှင်က ဓားဖြင့်ခုတ်ရာ အုပ်ချုပ်ရေးမှူးသေဆုံးသွားကြောင်း မြို့ခံများက ပြောသည်။

ဟင်္သာတမြို့၊ သနွံသနောကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သက်နိုင်ဆိုသူကို စစ်မှုထမ်းအခေါ်ခံရသည့်လူငယ်က ဓားဖြင့်ခုတ်ခြင်းဟု မြို့ခံတစ်ဦးကပြောသည်။

“စစ်မှုထမ်းစာရင်းပါလို့ လာခေါ်တာတဲ့။ အိမ်ရှင်တွေဘက်က တောင်းတောင်းပန်ပန်ပြောသေးတယ်။ နောက်ပိုင်းစကားများပြီး ကိစ္စတုံးပစ်တာ။ စစ်မှုထမ်းကို စိတ်နာနေတာလေ” ဟု ယင်းမြို့ခံကပြောသည်။

Public Service Announcement

Public Service Announcement

သက်နိုင်သည် ဧပြီ ၁၁ရက်က ပျူစောထီးနှစ်ဦးနှင့်အတူ သနွံသနောကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာသို့ သွားရောက်၍ စစ်မှုထမ်းအတွက်လူသစ်စုဆောင်းစဉ် ဓားခုတ်ခံရခြင်းဖြစ်သည်။ ဓားဖြင့်ခုတ်သည့် လူငယ်ကို စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့က ဖမ်းဆီးသွားသည်။

စစ်ကောင်စီသည် ၂၀၂၄ ဖေဖော်ဝါရီတွင် စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် လူငယ်အမျိုးသားများအား အတင်းအကျပ် ဖမ်းဆီးပြီး စစ်သားစုဆောင်းကာ စစ်သင်တန်းပေးခဲ့သည်။ စစ်သင်တန်းဆင်းများသည် လအနည်းငယ်အတွင်း ရှေ့တန်းသို့ပို့ဆောင်ခံရပြီး ထိခိုက်သေဆုံးမှုများသလို တော်လှန်ရေးအင်အားစုများကလည်း အများအပြားဖမ်းမိထားသည်။

ဧရာဝတီတိုင်း ရေကြည်မြို့နယ်အတွင်း ဧပြီလဆန်းက ဖြစ်ပွားသောတိုက်ပွဲတွင် ထွက်ပြေးရန်ကြိုးစားသည့် စစ်သင်တန်းဆင်းလူငယ်သုံးဦးကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ အဆိုပါသတင်းများကြောင့် စစ်မှုထမ်းစာရင်းပါနေသော လူငယ်များနှင့် မိဘများသည် စိုးရိမ်နေကြသည်။

စစ်သားစုဆောင်းနေသည့်စစ်ကောင်စီအုပ်စုအား အရပ်သားပြည်သူများက ပြန်လည်တိုက်ခိုက်မှုများခပ်စိပ်စိတ်ဖြစ်ပွားနေသည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၂ ရက်ကလည်း ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် ကြည်စုရပ်ကွက်တွင် စစ်မှုထမ်းစာရင်းနှင့် အိမ်ထောင်စုစာရင်းလိုက်လံကောက်သည့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို အိမ်ရှင်က ဓာတ်ဆီဖြင့် ပက်၍ မီးရှို့တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်တွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့သည်။

ဖေဖော်ဝါရီ ၁၅ ရက်ကလည်း မကွေးတိုင်းအောင်လံမြို့နယ် မကျည်းကုန်းရပ်ကွက်တွင် လူငယ်တစ်ဦးအားစစ်မှုထမ်းရန်လာရောက်ခေါ်ဆောင်သည့် စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့အား အိမ်ရှင်မိသားစုဝင်က ဓားဖြင့်ခုတ်ရာ နှစ်ဦးသေဆုံးခဲ့သည်။

စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံရပြီး စစ်သင်တန်းဆင်းကာ ရှေ့တန်းသူပို့ဆောင်ခံရသောလူငယ်များအနေဖြင့် တော်လှန်ရေးအင်အားစုများထံ လက်နက်ချပူးပေါင်းကြရန် အမျိုးသားညီညွတ်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook