ဧပြီ-၁၄၊၂၀၂၅။စိုင်းနန်/People’s Spring
ရှမ်းပြည်နယ် မြောက်ပိုင်းမူဆယ်မြို့မှာဧပြီ ၁၃ရက်နေ့ (သင်္ကြန်ကြိုနေ့)က နေရာကွက်ပြီးမိုးကြီးခဲ့ပါတယ်။ မိုးစရွာပြီးမိနစ်နည်းငယ်အကြာမှာပဲ မူဆယ်မြို့ပေါ်ရပ်ကွက်တွေထဲကလမ်းတွေပေါ်ကို အမှိုက်သရိုက်တွေ၊အညစ်အကြေးတွေ၊အဝတ်စုတ်တွေနဲ့ အိမ်မွေး တိရစ္ဆာန်အသေကောင်တချို့ မျောပါလာခဲ့ပါတယ်။
ဒေသအသီးသီးမှာ မြို့ပေါ်ရပ်ကွက်တွေရေစီး ရေလာကောင်းစေရေးအတွက် စည်ပင်ဌာနက တာဝန်အရှိဆုံးဖြစ်ပါတယ်။ မူဆယ်မြို့မှာတော့ စည်ပင်ဝန်ထမ်းတွေလည်းမတွေ့တော့သလို ရေမြောင်းတွေပိတ်ဆို့နေတာ၊ လမ်းတွေပျက်စီးနေတာတွေ ယခင်ကထက်ဆိုးရွားနေပြီလို့ဒေသခံတွေကပြောပါတယ်။
မူဆယ်မြို့ဟာ ၁၀၂၇ စစ်ဆင်းရေးပထမပိုင်းမှာ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့က တိုက်ခိုက်သိမ်းယူဖို့ သတင်းတွေထွက်ခဲ့ပေမယ့် တရုတ်အစိုးရရဲ့ဖိအားကြောင့်မတိုက်ခိုက်ရတော့ပဲ ကျန်ခဲ့တဲ့မြို့ဖြစ်ပါတယ်။

Public Service Announcement
တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ပြီး မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားပါတယ်။ စစ်ကောင်စီက မြို့ပေါ်၌သာတပ်စွဲထားနိုင်ပြီး အုပ်ချုပ်ရေးယန္တရားလည်း ကောင်းမွန်စွာမလည်ပတ်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။နောက်ထပ်မိုးတွေ ရွာလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါပြီ။
ဗီဒီယို – စိုင်းလေး/Facebook


















































