Connect with us

Hi, what are you looking for?

သတင်း

သင်္ကြန်အတက်နေ့ ကော့ကရိတ်မှာ ရွာဗုံးကြဲခံရပြီး ကိုယ်ဝန်သည် သေဆုံး

ဒီနေ့ သင်္ကြန်အတက်နေ့ (ဧပြီ ၁၆) နေ့ခင်းပိုင်းက ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ တောင်ဘက် ရှိ မြောက်ကမ္မရိုက်ကျေးရွာ ဗုံးကြဲခံရတာကြောင့် ကိုယ်ဝန်သည်အမျိုးသမီးသေဆုံးသွားပြီး အရ​ပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ – ၁၆ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

ဒီနေ့ သင်္ကြန်အတက်နေ့ (ဧပြီ ၁၆) နေ့ခင်းပိုင်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ တောင်ဘက် ရှိ မြောက်ကမ္မရိုက်ကျေးရွာ ဗုံးကြဲခံရတာကြောင့် ကိုယ်ဝန်သည်အမျိုးသမီးသေဆုံးသွားပြီး အရ​ပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) က သတင်းထုတ်ပြန်ပါတယ်။

သင်္ကြန်အတက်နေ့ နေ့ခင်းပိုင်း ၁၂ နာရီ ၄၀ မိနစ်အချိန်မှာ မြောက်ကမ္မရိုက် ကျေးရွာကို အပေ့ါစားထောက်ပို့လေယာဉ် Y -12 နဲ့ ဗုံးကြဲ တိုက်ခိုက်တာလို့ MLA ကအသိပေးထားပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အသက် ၃၇ နှစ်အရွယ် ကိုယ်ဝန်သည် မနှင်းဦး ရဲ့ နောက်ကျောဘက် ဒဏ်ရာရပြီး ထိမှန်တဲ့နေရာမှာတင် သေဆုံးသွားခဲ့ရတယ်လို့ MLA က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ကျေးရွာမှာရှိတဲ့ အသက် ၇ နှစ်နဲ့ ၉ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦး ၊ အမျိုးသား ၂ ဦး စုစုပေါင်းအရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။

အခုလိုသတင်းအချက်အလက်ကိုမြေပြင်မှာရှိတဲ့တပ်မှုးတွေဆီက တဆင့်သိရတာလို့ MLA က အသိပေးထားပြီး သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူတွေနဲ့ အမည် ၊ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။

မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) ဟာ ကရင်ပြည်နယ်အတွင်း ပူးပေါင်းတပ်တွေနဲ့အတူ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပါတယ်။

ဒီနေ့ ဗုံးကြဲခံရတဲ့ မြောက်ကမ္မရိုက်ကျေးရွာကတော့ ကျုံဒိုးမြို့ တောင်ဘက် ဟောင်သရောမြစ်ကမ်းဘေးမှာ တည်ရှိပါတယ်။ ကျုံဒိုးမြို့ပေါ်နဲ့တော့ ၁၀ မိုင်ကျော်ဝေးပါတယ်။

ကရင်ပြည်နယ်မှာ သင်္ကြန်ကာလအတွင်း ကော့ကရိတ် – ကျုံဒိုး လမ်းတလျှောက်နဲ့ ကော့ကရိတ်မြို့ မြောက်ပိုင်း မြပတိုင်ရွာ ၊ ရင်ကွဲတောင်စခန်းတဝိုက်မှာလည်း စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရေကြီးရေလျှံဖြစ်နေပြီး တမြို့နယ်လုံးနီးပါး ရေဘေးသင့်နေတဲ့ ဂွမြို့နယ်အတွင်းက ကွင်းလျားရှည်၊ ရဟိုင်ကွင်း၊ ကျောင်းကုန်းစတဲ့ လူနေကျေးရွာတွေအနီးတဝိုက်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးအလုံး ၅၀ ကျော်ကြဲခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊ငါးတင်းကြီးရွာက စာသင်ကျောင်းနဲ့ ဆေးခန်းကို စစ်တပ်က ဗုံးကြဲခဲ့တာ​ကြောင့် ပြည်သူ ၆ဦးဒဏ်ရာရပြီးနေအိမ်၆လုံးမီး‌​လောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ မြဝတီမြို့တောင်ဘက်ခြမ်းကို စစ်တပ်က လေကြောင်းက ဗုံးကြဲနေတယ်လို့ လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။