Connect with us

Hi, what are you looking for?

သတင်း

မန်ယူနှင့်ခြေစမ်းမည့် ASEAN-All Stars အသင်းတွင် ပါဝင်ရန် မောင်မောင်လွင် ရွေးချယ်ခံရ

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်နှင့် ခြေစမ်းကစားမည့် ASEAN-All Stars အသင်းတွင် ပါဝင်ကစားရန် မြန်မာ့လက်ရွေးစင်ကွင်းလယ်လူ မောင်မောင်လွင် ရွေးချယ်ခံရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့ (ဧပြီ ၁၇)တွင် သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ - MFF

ဧပြီ ၁၇၊၂၀၂၅။ သုည/People’s Spring

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်နှင့် ခြေစမ်းကစားမည့် ASEAN-All Stars အသင်းတွင် ပါဝင်ကစားရန် မြန်မာ့လက်ရွေးစင်ကွင်းလယ်လူ မောင်မောင်လွင် ရွေးချယ်ခံရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့ (ဧပြီ ၁၇)တွင် သတင်းထုတ်ပြန်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF)သည် လာမည့် မေလ ၂၈ ရက်၊ မလေးရှားနိုင်ငံ ဘူကစ်ဂျာလီကွင်းတွင် မန်ချက်စတာယူနိုက်တက်နှင့် ASEAN-All Stars တို့ခြေစမ်းပွဲအား စီစဉ်ကျင်းပသွားမည် ဖြစ်ပြီး ယင်းခြေစမ်းပွဲတွင် မောင်မောင်လွင်အား ASEAN-All Stars မှ ပါဝင်ကစားရန် ရွေးချယ်လိုက်ကြောင်း AFF က မြန််မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို တရားဝင် ဆက်သွယ်အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

မောင်မောင်လွင်သည် လက်ရှိတွင် မြန်မာ့လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြ ပါဝင်ကစားနေသလို ထိုင်းပရီးမီးယားလိဂ်ကလပ် Lamphun Warrior FC တွင်လည်း ခြေစွမ်းပြ ကစားနေခြင်းကြောင့် ASEAN-All Stars အသင်းအတွက် မြန်မာကိုယ်စားပြု ရွေးချယ်ခြင်း ဖြစ်ကြောင်း AFF က ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ASEAN-All Stars အသင်းကို နည်းပြချုပ်အဖြစ် ဗီယက်နမ်လက်ရွေးစင် အသင်းနည်းပြ MR. Kim Sang-Sik ကတာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာလိဂ်ပွဲစဉ်တစ်ပွဲမှာ ပွဲကြည့်ပရိသတ် အမျိုးသမီးကို ထိုးကြိတ်ခဲ့တဲ့ မြန်မာလက်ရွေးစင်အသင်းခေါင်းဆောင် မောင် မောင်လွင်ကို (၆) လပွဲပယ်နဲ့ ဒဏ်ငွေ ကျပ်သိန်း ၃၀ ချမှတ်ခဲ့ကြောင်း လိဂ်ကော်မတီက ဒီကနေ့ (မတ်လ ၁၃) မှာထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့ သီဟဒီပအားကစားကွင်းမှာ ကျင်းပတဲ့ မြန်မာလိဂ်ပွဲစဉ်မှာ မြန်မာလက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်ဟာ ပွဲကြည့်ပရိသတ် အမျိုးသမီးတစ်ဦးကို ကွင်းပွဲကြည့်စင်ပေါ်အထိ တက်ကာ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ကြောင်း ဘောလုံးအသိုင်းအဝန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

သတင်း

အင်္ဂလန် ပရီးမီးယားလိဒ်က နာမည်ကျော်ဘောလုံးအသင်း မန်ချက်စတာယူနိုက်တက်က ငလျင်ဒဏ်ခံရတဲ့ မြန်မာပြည်သူတွေကို ဆုတောင်းပေးလိုက်ပါတယ်။