အင်္ဂလန် ပရီးမီးယားလိဒ်က နာမည်ကျော်ဘောလုံးအသင်း မန်ချက်စတာယူနိုက်တက်က ငလျင်ဒဏ်ခံရတဲ့ မြန်မာပြည်သူတွေကို ဆုတောင်းပေးလိုက်ပါတယ်။
” မန်ချက်စတာယူနိုက်တက်အသင်းရှိ လူတိုင်း၏ နှလုံးသားသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် ငလျင်ကြောင့် သက်သာခြင်းမရှိသော အခြေအနေတွင်ရှိကြသူများနှင့် အတူရှိပါသည်။အားလုံးကို ချစ်ခြင်းမေတ္တာနှင့် ခွန်အားပေးလွှတ်လိုက်ပါတယ်”လို့ မန်ယူအသင်းက မြန်မာဘာသာနဲ့ ရေးသားပြီး ပြီးခဲ့တဲ့ မိနစ်ပိုင်းက ဆုတောင်းပေးထားပါတယ်။
မန်ယူအသင်းရဲ့ ဆုတောင်းထားတဲ့ ပို့စ် အောက်မှာ မြန်မာပြည်သူတွေက ကျေးဇူးတင် ကြောင်းနဲ့ အားပေးရတာ ကျေနပ်တဲ့အသင်းဖြစ်တယ်လို့လည်း ပြန်လည် မှတ်ချက်ပြုထားကြပါတယ်။

Public Service Announcement
မြေငလျင်ကြီးလှုပ်ခတ်တာကြောင့် မန္တလေးမြို့မှာ သေဆုံးသူနဲ့ ဒဏ်ရာရသူဦး ရေဆက်လက် မြင့်တက်နေပြီး ဆေးရုံအပြင်ဘက်အထိ ဒဏ်ရာရလူနာ တွေပြည့်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီနေ့ (မတ် ၂၈) မွန်းလွဲပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားကြီးငလျင်ဒဏ်ကြောင့် မန္တလေးမြို့အနှံ့ နေအိမ်တွေ ၊ဟိုတယ်တွေ၊ ကွန်ဒိုတွေ ၊မဟာမုနိဘုရားကြီး အပါအဝင်ဘာသာရေးအဆောက်အအုံတွေ၊ နန်းမြို့ရိုးစတဲ့ အဆောက် အအုံများစွာပြိုကျပျက်စီးခဲ့ပါတယ်။ တချို့နေအိမ်တွေဟာ အထပ်လိုက် မြေအောက်ကို မြှုပ်သွားတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မီးလောင်မှုတွေလည်း များပြားပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်းမြင့်တက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
