Connect with us

Hi, what are you looking for?

သတင်း

မပခ က ဝိုင်း​မော်မြို့ကိုလက်နက်ကြီးပစ်ခတ်

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့ရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကဝိုင်းမော်မြို့၊ မုတ်လွဲရွာကို စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေသခံများနေထိုင်သည့်အိမ်​ပေါ်သို့ကျရောက် ပေါက်ကွဲခဲ့ပြီး အရပ်သားနှစ်ဦးဒဏ်ရာရခဲ့သည်။

မပခ တွင် ၂၀၂၂ ခုနှစ်က​သေနတ်ပစ်ပြိုင်ပွဲလုပ်၍ ဆုရသူများကိုဆု​ပေးစဥ်။ဓါတ်ပုံ-မြဝတီ

ယောနသံ/People’s Spring

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့ရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကဝိုင်းမော်မြို့၊ မုတ်လွဲရွာကို စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်ဒေသခံများနေထိုင်သည့်အိမ်​ပေါ်သို့ကျရောက် ပေါက်ကွဲခဲ့ပြီး အရပ်သားနှစ်ဦးဒဏ်ရာရခဲ့သည်။

မပခ မှ ယနေ့(ဧပြီ ၁၉)ညနေခြောက်နာရီခန့်တွင်လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဖြစ်ပြီး မုန့်လွဲရွာအနီးသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်​ကြောင်းမြို့ခံတဦးကပြောသည်။

“ဘလိုင်းကြီးရမ်းသမ်းပစ်ခတ်နေတာပါ။အခုညအထိလည်းအသံတွေကြားနေရတယ်။ ညနေကပစ်ထားမှာ ဒေသခံနှစ်ယောက်ထိတယ်” ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

ဝိုင်း‌မော်မြို့အနီးရှိ မုတ်လွဲရွာသည် ယခင်ကစစ်ကောင်စီတပ်စွဲထားသည့်နေရာဖြစ်ပြီး ယခုအခါ စစ်ကောင်စီတပ်ဖွဲ့ဝင်များမရှိတော့ဟု သိရသည်။

ဝိုင်းမော်မြို့နယ်အတွင်း လမြန်ရွာအပါအဝင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDFများ ထိန်းချုပ်ထားသည့်ရွာများကို ပြီးခဲ့သည့်မတ်လမှစတင်၍ စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲပြီး လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့သည်။

စစ်ကောင်စီသည် ဝိုင်းမော်မြို့ရှိ ခလရ(၅၈)မှလည်း လက်နက်ကြီးများပစ်ခတ်နေကြောင်း သတင်းရရှိသည်။လက်ရှိအချိန်တွင် ငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေးတပ်များကစစ်ရေးရပ်တန့်ထားသည်။

စစ်ကောင်စီက လည်း ဧပြီလ ၂ရက်မှ ဧပြီလ ၂၂ရက်အထိယာယီအပစ်ရပ်‌ ကြေညာထားပြီး လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်စစ်ကြောင်းထိုးမှုများဆက်လက် ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

Facebook