Connect with us

Hi, what are you looking for?

သတင်း

အပစ်ရပ်သက်တမ်းတိုးသည့်နေ့တွင် စစ်ကောင်စီက PNLOဌာနချုပ်နယ်မြေကို လက်နက်ကြီးဖြင့် ၁၀ကြိမ်ခန့် ပစ်ခတ်

အာဏာသိမ်းစစ်ကောင်စီသည် အပစ်ရပ်မည်ဟုထပ်မံသက်တမ်းတိုးကြေညာသည့်နေ့တွင် ဌာနချုပ်နယ်မြေသို့ လက်နက်ကြီးဖြင့် ၁၀ကြိမ်ခန့်ပစ်ခတ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီက PNLOဌာနချုပ်နယ်မြေ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အဆောက်အဦးအချို့ ပျက်စီးခဲ့သည်ကို တွေ့ရစဉ်။ ဓာတ်ပုံ − PNLA

ဧပြီ ၂၃၊၂၀၂၅။ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီသည် အပစ်ရပ်မည်ဟုထပ်မံသက်တမ်းတိုးကြေညာသည့်နေ့တွင် ဌာနချုပ်နယ်မြေသို့ လက်နက်ကြီးဖြင့် ၁၀ကြိမ်ခန့်ပစ်ခတ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီသည် ဧပြီ ၂ရက်မှ ၂၂ရက်ထိ အပစ်ရပ်စဲမည်ဟု ကြေညာထားသည့်အပြင် ဧပြီ ၂၃ရက်မှ ၃၀ရက်အထိ အပစ်ရပ်မည်ဟု ထပ်မံသက်တမ်းတိုးကြောင်း ကြေညာခဲ့သည်။ သို့သော် ထိုသို့ ကြေညာသည့်နေ့ ဧပြီ ၂၂ရက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဌာနချုပ်နယ်မြေသို့ လက်နက်ကြီးဖြင့် ၁၀ကြိမ်ခန့် ပစ်ခတ်ခဲ့ဟု ခွန်ရိန်းယံက ပြောသည်။

“စစ်ကောင်စီက သူတို့ အပစ်အခတ်ရပ်စဲထားတယ်ဆိုတဲ့ ကြေညာထားတဲ့နောက်ဆုံးရက်။ ပြီးတော့ လကုန်အထိ သူတို့ ထပ်မံ သက်တမ်းတိုးတဲ့ရက်။ အဲဒီရက်မှာပဲ သူတို့က ကျနော်တို့ ဌာနချုပ် ဧရိယာမှာ ရှိတဲ့ ကျေးရွာတွေကို ၈၁မမတွေ၊ ပြီးတော့ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေ သုံးပြီးတော့မှ ပစ်ခတ်တိုက်ခိုက်တယ်။ အနည်းဆုံး ၁၀ကြိမ်။ ပေါက်ကွဲတာလည်းရှိတယ် မပေါက်ကွဲတာလည်းရှိတယ်။ ပြည်သူလူထုရဲ့ အိမ်တချို့ ထိခိုက်တယ်။ လူထိခိုက်မှုတော့မရှိပါဘူး”ဟု ခွန်ရိန်းယံက ပြောသည်။

Public Service Announcement

Public Service Announcement

မြေငလျင်လှုပ်ပြီးနောက်ပိုင်း ပအိုဝ်းဒေသ၌ လူသေဆုံးမှုများအပါအဝင် ပြည်သူလူထု ထိခိုက်ဆုံးရှုံးမှုများကို စာနာသည့်အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်ခြင်း စစ်ရေးပြင်ဆင်ခြင်း မပြုလုပ်သော်လည်း စစ်ကောင်စီက တိုက်ခိုက်မှုများလုပ်ဆောင်လာခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“ဒီလုပ်ရပ်တွေက သေချာကြည့်လိုက်ရင် စစ်ကောင်စီက ကျနော်တို့ ဒေသမှာပဲ မဟုတ်ဘူး တခြားဒေသမှာလည်း အပစ်ရပ်ထားတဲ့ဆိုပြီး ဗုံးတွေကြဲတယ် ကလေးသူငယ်က အစသေဆုံးရတယ် ဆိုတဲ့ဟာတွေတွေ့ရတယ်။ ဒီဟာကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီက ငြိမ်းချမ်းမှု တည်ငြိမ်မှုကို တကယ်လိုလာတားမဟုတ်ဘူးဆိုတာ တွေ့နေရတဲ့အနေအထားဖြစ်ပါတယ်”ဟု ခွန်ရိန်းယံက ပြောသည်။

ဧပြီ ၂၂ရက် နံနက် ၈နာရီမှ ၁၁နာရီထိ မည်သည့်တိုက်ပွဲဖြစ်ပွားမှုမှ မရှိဘဲ ၊ စစ်ရေးလှုပ်ရှားခြင်းမရှိဘဲ PNLO ဌာနချုပ် ဧရိယာရှိကျေးရွာများနှင့် နောင်ထောင်ကျေးရွာကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ့ နေအိမ်များထိခိုက်ပျက်စီးခဲ့ဟု ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။ စစ်ကောင်စီသည် ယခင်ကလည်း PNLOဌာနချုပ် ဧရိယာကို လက်နက်ကြီး တိုက်လေယာဉ်များဖြင့်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

Facebook