Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က ရွာတွေကို စစ်ကြောင်းထိုးကာ ပြည်သူကို ဖမ်းဆီးငွေညှစ်နေ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများသို့ စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ကို ဖမ်းဆီးကာ ငွေသိန်းဆယ်ဂဏန်းဖြင့် ပြန်ရွေးခိုင်းသည့်ဖြစ်စဥ်များရှိနေကြောင်း ဒေသသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဥ်(ပုံဟောင်း)။ ဓာတ်ပုံ - Getty Images

ဧပြီ ၂၃၊ ၂၀၂၅။ ကျော်ဇော/People’s Spring

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများသို့ စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ကို ဖမ်းဆီးကာ ငွေသိန်းဆယ်ဂဏန်းဖြင့် ပြန်ရွေးခိုင်းသည့်ဖြစ်စဥ်များရှိနေကြောင်း ဒေသသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂)မှထွက်လာသော စစ်ကြောင်းသည် ဆိပ်ဖြူမြို့နယ် ကူရှည်ကျေးရွာ၊ မြောက်တောကျေးရွာ၊ ထန်းစွန်ကျေးရွာများသို့ ဝင်ရောက်စစ်ကြောင်းထိုးနေပြီး ယင်း ကပစ ကာကင်းစခန်းများမှလည်း လမ်းသွားလမ်းလာပြည်သူအချို့ကို ဖမ်းဆီးငွေညှစ်နေခြင်းဟု အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။

ကပစ (၂၂)၏ ကာကင်းများဖြစ်သော ဓမ္မကောက်ရွာအထိုင်စခန်းနှင့် တပေါင်းရွာအထိုင်စခန်းများမှနေ၍ ဖြတ်သွားဖြတ်လာပြည်သူများကို ဖမ်းဆီးငွေညှစ်ကာ ငွေသိန်းဆယ်ဂဏန်းဖြင့် ပြန်ရွေးခိုင်းနေခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

“ဆိပ်ဖြူမြို့နယ်ထဲက ထမ္မကောက်ကျေးရွာအထိုင်တပ်စခန်း၊ တပေါင်းကျေးရွာအထိုင်တပ်စခန်းမှာရှိတဲ့ စခတွေဟာ ခရီးသွားပြည်သူတွေအပေါ် အဓမ္မခြိမ်းခြောက် ငွေညှစ်ဖမ်းဆီးတာတွေ လုပ်နေပါတယ်”ဟု ဆိပ်ဖြူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ပြည်သူအချို့အား ဖမ်းဆီးငွေညှစ်မှုများအနက် ဧပြီ ၂၀ ရက်နေ့နံနက်ပိုင်းက အောင်ချမ်းသာကျေးရွာမှ ပြည်သူတစ်ဦးသည် တပေါင်းကျေး ရွာရှိ ကပစ(၂၂)၏ ကာကင်းစခန်းအနီးဖြတ် သန်းသွားစဥ် စစ်ကောင်စီတပ်သားများ၏ဖမ်းဆီးခြင်းကိုခံရပြီး ငွေကျပ်သိန်း ၂၀ ဖြင့် ပြန်လည်ရွေးယူခဲ့ရကြောင်း ၎င်းတာဝန်ခံက ရှင်းပြသည်။

အလားတူ စစ်ကောင်စီကာကင်းစခန်းများနှင့် ကျေးရွာများသို့ ဝင်ရောက်စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များသည် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်၍ ကျေးရွာများသို့ ဝင်ရောက်ခြင်းများ ရှိနေသည့်အပြင် ပြည်သူကိုဖမ်းဆီး၍ ငွေနှင့်ပြန်ရွေးခိုင်းခြင်းများလည်းလုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။

ကပစ(၂၂)၏ ကာကင်းများတွင် ဓမ္မကောက်ရွာအထိုင်စခန်း၌ အင်အား ၈၀ ခန့်၊ တပေါင်းရွာအထိုင်စခန်း၌ အင်အား ၅၀ ခန့် အထိုင်ချတပ်စွဲထားခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။