Connect with us

Hi, what are you looking for?

သတင်း

လားရှိုးကိစ္စမှာနှစ်ဖက်ဆန္ဒနဲ့အညီ ကြားဝင် ဆောင်ရွက်ပေးခဲ့ရုံသာဖြစ်တယ်လို့ တရုတ်ဆို

ကိုးကန့်တပ်ဖြစ်တဲ့ မြန်မာ့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)က လားရှိုးမြို့ကနေ ဆုတ်ခွာပေးခဲ့မှုမှာ နှစ်ဖက် အဖွဲ့အစည်းတွေရဲ့ ဆန္ဒနဲ့အညီ ကြားဝင် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ရုံသာ ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

လားရှိုးလွှဲ​ပြောင်းမှုအဆင်​ပြေ​အောင် ကိုယ်စားလှယ်အဖွဲ့​စေလွှတ်ထားဟုလည်းဆို

မြန်မာနိုင်ငံမြောက်ပိုင်းမှာ စစ်ပွဲအဆုံးသတ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ​ဖော်​ဆောင်ဖို့ရည်ရွယ်ဟုဆိုပြန်

ဧပြီ-၂၃ ၊၂၀၂၅။People’s Spring

ကိုးကန့်တပ်ဖြစ်တဲ့ မြန်မာ့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)က လားရှိုးမြို့ကနေ ဆုတ်ခွာပေးခဲ့မှုမှာ နှစ်ဖက် အဖွဲ့အစည်းတွေရဲ့ ဆန္ဒနဲ့အညီ ကြားဝင် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ရုံသာ ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၂၂ ရက်နေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ MNDAAဟာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ကို ထိန်းချုပ်ထားမှုကနေ လက်လွှတ်ပေးပြီး စစ်ကောင်စီ တပ်တွေ ပြန်လည် ဝင်ရောက်ခွင့် ပေးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မေးမြန်းမှုတွေကို နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဝေါင်ကျိကွမ်က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်တယ်တရုတ်ကွန်မြူနစ်ပါတီအာ​ဘော်​တွေကို​ဖော်ပြ​ပေးတဲ့ Global Times က​ဖော်ပြပါတယ် ။

MNDAAက လားရှိုးကနေ ဆုတ်ခွာမှုမှာ စစ်ကောင်စီကို ကျောထောက်နောက်ခံ ပေးထားတဲ့ တရုတ်ရဲ့ ဖိအားတွေကြောင့်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

တရုတ်ဟာ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေတွေကိုလေးစားမှုအပြည့်ရှိကြောင်း၊ မြန်မာနိုင်ငံကသက်ဆိုင်ရာအစုအဖွဲ့ အသီးသီးရဲ့ လိုလားချက်တွေ၊ တောင်းဆိုမှုတွေနဲ့ ညီညွတ်တဲ့ လမ်းကြောင်းမျိုးကနေ တရုတ်ဟာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေ ငြိမ်းချမ်းရေးရဖို့ ကြိုးစားပေးနေကြောင်း ဝေါင်က ဆိုပါတယ်။

တရုတ်နဲ့ မြန်မာတို့ဟာခင်မင်ရင်းနှီးတဲ့အိမ်နီးချင်းတွေ ဖြစ်ကြပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းထားဖို့ ဆိုတာဟာ နှစ်နိုင်ငံစလုံးနဲ့ နှစ်ဖက်ပြည်သူတွေရဲ့ တူညီတဲ့လိုလားမှု ဖြစ်တယ်လို့လည်းသူကဆိုပါတယ်။

လားရှိုးမြို့ အလွှဲအပြောင်း ကိစ္စဟာ စစ်ကောင်စီနဲ့ MNDAAကြား ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေရဲ့ သဘောတူညီမှု ရလဒ်နဲ့အညီ အကောင်အထည် ဖော်ခဲ့တာ ဖြစ်ကြောင်း၊ နှစ်ဖက်ကြားက အပစ်အခတ် ရပ်စဲမှုကို သေချာခိုင်မာစေပြီး သဘောတူညီချက်အတိုင်း လားရှိုးမြို့ကိုလွှဲပြောင်းပေးမှုချောမွေ့အဆင်ပြေအောင် တရုတ်ကစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုကိုလည်း လားရှိုးဆီ စေလွှတ်ထားကြောင်း သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းတည်ငြိမ်အေးချမ်းရေးအတွက်တရုတ်ရဲ့အပြုသဘောဆောင်တဲ့ကြားဝင် လုပ်ဆောင်မှုတွေကိုနှစ်ဖက်စလုံးကလည်းချီး

ကျူးကျေးဇူးတင်ကြတယ်လို့ဝေါင်ကဆိုပါတယ်။

နောက်ပိုင်းအဆင့်တွေအဖြစ် တရုတ်ဟာကူမင်း သဘောတူညီမှုတွေ ရှေ့ဆက် အကောင်အထည်ဖော်ဖို့၊ မြန်မာနိုင်ငံမြောက်ပိုင်းမှာစစ်ပွဲအဆုံးသတ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဖော်ဆောင်နိုင်ဖို့၊တရုတ်-မြန်မာနယ်စပ်တလျှောက်တည်ငြိမ်အေးချမ်းရေးအတွက်သက်ဆိုင်ရာ အစုအဖွဲ့ အသီးသီးနဲ့လက်တွဲလုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သူကဆက်ပြီးပြောကြားသွားခဲ့ပါတယ်။

ကိုးကား-Global Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။