Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ကို ဒူးမထောက်ဘဲ ကြံ့ကြံ့ခံတွန်းလှန်နေတဲ့ စိတ်ခွန်အားများအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ချီးမြှင့်

၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှုအဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ခဲ့ခြင်းမှာ အကြမ်းဖက် စစ်အာဏာရှင်ကို ဒူးမထောက်ဘဲ ကြံ့ကြံ့ခံတွန်းလှန်နေတဲ့ စိတ်ခွန်အားများကို ဦးညွှတ် ဂုဏ်ပြုခြင်းဖြစ်တယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

Reuters

ဧပြီ ၂၄၊ ၂၀၂၅။ သော်မွန်/People’s Spring

၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှုအဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ခဲ့ခြင်းမှာ အကြမ်းဖက် စစ်အာဏာရှင်ကို ဒူးမထောက်ဘဲ ကြံ့ကြံ့ခံတွန်းလှန်နေတဲ့ စိတ်ခွန်အားများကို ဦးညွှတ် ဂုဏ်ပြုခြင်းဖြစ်တယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်အခြေစိုက် ပြည်သူ့ဂုဏ်ရည်အသင်းဟာ ၂၀၂၅ခုနှစ် ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှုအဖြစ် လက်ရှိ နိုင်ငံရေးအကျဥ်းသား၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ပေးအပ်မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှုဟာ သူမရဲ့ ဘဝတလျောက်လုံး မြန်မာနိုင်ငံနဲ့ ပြည်သူများအပေါ် ထားရှိတဲ့ အနစ်နာခံမှု၊ မေတ္တာတရားနဲ့ နိုင်ငံရေး ဦးဆောင်မှုတွေအပေါ် ကျေးဇူးတင်စကားဆိုခြင်းနဲ့ အကြမ်းဖက် စစ်အာဏာရှင်ကို ဒူးမထောက်ဘဲ ကြံ့ကြံ့ခံတွန်းလှန်နေတဲ့ စိတ်ခွန်အားတွေကို ဦးညွှတ် ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်းက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

“တကယ်တော့ ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှုတွေဆိုတာက အဝေးရောက်နေတဲ့သူတွေက ပြည်တွင်းကို လှမ်းပြောတဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောတဲ့ ကျေးဇူးစကားပါ” လို့ ပြည်သူ့ဂုဏ်ရည်အသင်း ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝဏ္ဏက People’s Spring ကို ပြောပါတယ်။

နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူလူထုရဲ့ ထောက်ခံမှု မကြုံစဖူးရရှိတဲ့ခေါင်းဆောင်ဖြစ်ပြီး အာဏာသိမ်းစစ်တပ်က အခုလို ရက်ရက်စက်စက်၊ ယုတ်ယုတ်မာမာ ထောင်သွင်းအကျဥ်းချထားတဲ့လုပ်ရပ်ကို ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူများက လက်မခံကြောင်း ဦးကျော်ဝဏ္ဏက သုံးသပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးကို ထောင်သွင်းအကျဥ်းချထားခြင်းဟာ တိုင်းပြည်အတွက်လည်း နစ်နာကြောင်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် မတရားဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများနဲ့အတူ တမျိုးသားလုံး စစ်ကျွန်ဘဝ လွတ်မြောက်ရေးအတွက် ပြည်သူ့ဂုဏ်ရည်အသင်းကြီးက ဆက်လက် အားစိုက် ကြိုးပမ်းသွားမယ်လို့လည်း ကတိပြု ကြေညာပါတယ်။

အမေရိက၊ အာရှ၊ ဥရောပ၊ ကနေဒါ၊ နယူးဇီလန်၊ သြစတြေးလျအပါအဝင် ကမ္ဘာတလွှားမှာ ပြည်သူ့ဂုဏ်ရည်အသင်း ဌာနခွဲပေါင်း ၄၂ ခုရှိပြီး အဲဒီအသင်းဟာ မြန်မာပြည်မှာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း နွေဦးတော်လှန်ရေးပြည်သူတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေ၊ ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ နွေဦးတော်လှန်ရေးအတွင်း လူငယ်တွေရဲ့ တီထွင်ဖန်တီးမှုတွေကို ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှုတွေအဖြစ် ရွေးချယ်ပေးအပ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုမတိုင်ခင်ကလည်း ကိုဗစ်-၁၉ ကာကွယ်ကုသရေး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူတွေ၊ ဒေါက်တာရဲလွင်ဦးဆောင်တဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့ မွတ်ဆလင်မ်ကုသိုလ်ဖြစ်ဆေးရုံ၊ မန္တလေးမြို့ ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးအထက်တန်းကျောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်နဲ့ လူပုဂ္ဂိုလ်တွေထဲကဆိုရင် ရန်ကုန် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ဗကသကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်တို့လည်း ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှု ရရှိခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။