Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လမ်းခွဲနေရာများကို စစ်ကောင်စီက ယနေ့(ဧပြီ ၂၄ရက်) ညပိုင်းတွင် Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံအချို့က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်က နောင်ချိုမြို့နယ် အုမ္မသီးရွာဘုန်းကြီးကျောင်းအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ မီးလောင်ပျက်စီးနေစဉ်။ ဓာတ်ပုံ − CJ

ဧပြီ ၂၄၊၂၀၂၅။ကဖေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လမ်းခွဲနေရာများကို စစ်ကောင်စီက ယနေ့(ဧပြီ ၂၄ရက်) ညပိုင်းတွင် Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံအချို့က ပြောသည်။

” မနက်ကတော့ သေနတ်ပစ်ခတ်သံတွေ ကြားတယ်။ အခုညနေပိုင်းမှာ ပစ်ခတ်တာမရှိတော့ဘူး။ အဲဒီအချိန်မှာ စစ်တပ်ကဗုံးကြဲနေတာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက နောင်ချို − ပြင်ဦးလွင်လမ်းပိုင်းရှိ ကျောက်ကြမ်း၊ လမ်းခွဲနေရာရှိ အုမ္မသီးရွာနှင့် အုမ္မခါးကျေးရွာတို့ကို ယနေ့ညနေ ၆နာရီခန့်မှစ၍ ဗုံးကြဲတိုက်ခိုက်ခြင်းဟု ဆိုသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကို မသိရှိရသေးပေ။

Public Service Announcement

Public Service Announcement

အုမ္မသီးရွာတွင် မတ်လဆန်းပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဒေသခံများ စစ်ဘေးရှောင်နေသည့် တစ်ခုတည်းကျန်ရှိ‌သော ဘုန်းကြီးကျောင်း၌ လက်နက်ကိုင်များမရှိကြောင်းနှင့် ပစ်ခတ်တိုက်ခိုက်ခြင်းမလုပ်ရန် ယင်းကျောင်းမှ ဘုန်းကြီးက မေတ္တာရပ်ခံခဲ့ရသည်အထိ ဖြစ်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်သွယ်‌ရေးလမ်းမပေါ်တွင်ရှိသည့် လားရှိုးမြို့ကို တရုတ်အစိုးရ၏ ဖိအားကြောင့် ကိုးကန့်တပ်မတော်(MNDAA)က စစ်ကောင်စီထံပြန်လွှဲပေးထားရပြီးနောက်ပိုင်း တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို စစ်ကောင်စီက တိုက်ခိုက်မှုများပိုမိုပြုလုပ်နေသည်။

နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာအနီးတွင် ဧပြီ ၂၁ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက အဆိပ်ဓာတ်ငွေ့ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီက အပစ်ရပ်စဲမည်ဟု ကြေညာထားသော်လည်း နိုင်ငံတကာမှ တားမြစ်ထားသော တိုက်ခိုက်မှုမျိုးကို အကြိမ်ကြိမ်ကျူးလွန်နေကြောင်း၊တောင်းခမ်းကျေးရွာတွင် စစ်ကောင်စီဘက်မှ လေယာဥ်ဗုံးများကြဲချခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်းနှင့် အဆိပ်ဓာတ်ငွေ့ဗုံးများအသုံးပြု၍ ထိုးစစ်ဆင်ပြုလုပ်နေမှုကြောင့် TNLA ၊ DPLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဆက်ဖြစ်နေကြောင်း DPLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရှေးဟောင်းမြို့တော် ပုဂံမြို့တဖက်ကမ်းက မကွေးတိုင်း၊ပခုက္ကူခရိုင်က မြစ်ခြေမြို့ကို စစ်တပ်က ၂ပတ်နီးပါးကြာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ပြည်သူ ၇ဦးခန့် ဒဏ်ရာရရာကာ နေအိမ်ပျက်စီးမှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို စစ်တပ်ကလေကြောင်းကနေ ထပ်မံဗုံးကြဲနေတဲ့အပြင် ကသာမြို့မှာလည်း ဗုံးကြဲလို့ သီလရှင်တစ်ပါး ကွယ်လွန်ခဲ့ပါတယ်။

Facebook