Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေ

ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့၌တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေ ကြောင်းပစ်ကူသုံးနေကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF အမှတ်(၁)ဗျူဟာတာဝန်ရှိသူက လူထုနွေဦးသို့ ​ပြောသည်။

စစ်ကောင်စီ၏ မိုး​​ဗြဲမြို့ထိုးစစ်ကို ခုခံနေသည့် မဟာမိတ်တပ်ပေါင်းစုကို တွေ့ရစဥ်။ဓာတ်ပုံ − ရှမ်းတောင် ဗျူဟာ ၁

ဧပြီ ၂၈၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့၌တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေ ကြောင်းပစ်ကူသုံးနေကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF အမှတ်(၁)ဗျူဟာတာဝန်ရှိသူက လူထုနွေဦးသို့ ​ပြောသည်။

ယနေ့(ဧပြီ ၂၈ရက်)နံနက်ပိုင်းကစ၍ စစ်ကောင်စီတပ်ည် မိုးဗြဲမြို့တွင်းသို့ ဝင်ရောက်နိုင်ရေး တော်လှန်ရေးတပ်များ၏ မြို့ကာကင်းများဆီ စစ်ကြောင်းထိုးလာခြင်းဟု ဆိုသည်။

“လောလောဆယ်ထိ တိုက်ပွဲတွေက ဆက်ဖြစ်တုန်းပဲ။ မြေပြင်အချက်အလက်ကိုစုစည်းလို့မရသေးဘူး”ဟု အထက်ပါတာဝန်ရှိသူက ယနေ့ (ဧပြီ၂၈ရက်) နေ့လည် ၁၂နာရီခွဲခန့်အထိ မိုးဗြဲမြို့တိုက်ပွဲအခြေအနေကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

မိုးဗြဲမြို့တိုက်ပွဲအခြေအနေကြောင့် မြို့နှင့်ပတ်ဝန်းကျင် ဒေသများကို ဖြတ်သန်းသွားလာခြင်းမပြုရန်လည်း သတိပေးသည်။

“အရင်ရက်တွေကတော့ ထိတွေ့မှုအချို့ပဲ။အဲဒီမှာ လက်နက်ကြီးနဲ့ မြေပြင်ကို ပစ်နေတာတော့ သုံးရက်လောက်ရှိပြီ။မနေ့က(ဧပြီ ၂၇ရက်)က အရပ်သားတစ်ဦးသေသွားတာ​ရှိတယ်”ဟု မိုးဗြဲမြို့ရှိစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကရင်နီတပ်ပေါင်းစုသိမ်းပိုက်ထားသော မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီတပ် ကြိုးပမ်းနေသည်မှာ လေးလကျော်ကြာရှိနေပြီ ဖြစ်သည်။

ယခုနှစ် ဇန်နဝါရီမှစ၍ စစ်ကောင်စီတပ်များသည် လွိုင်ကော်နှင့် မိုးဗြဲမြို့ဆက်ထားသည့် လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုကို ကရင်နီပြည်ရှိတပ်ပေါင်းစုံက ခုခံကာကွယ်နေကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဧပြီ ပထမပတ်တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် ဧပြီ၁၈ရက်က မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်သည် သုံးဦးထက်မနည်းသေဆုံးကာ လက်နက်နှစ်လက်ရရှိကြောင်း ကယန်းအမျိုးသားတပ်မတော်(KNA)က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီး စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ အထိနာပြီး နောက်ဆုတ်သွားတယ်လို့ ‌မြေပြင်သတင်းရင်းမြစ်တချို့က လူထုနွေဦး ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၁ဦး ဖမ်းမိပြီး၊ ဒရုန်း ၃စီး ဖျက်စီးနိုင်ဟု မိုးဗြဲ PDF ထုတ်ပြန်

သတင်း

ရှမ်း − ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။