Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲနေ့စဉ်ဖြစ်နေသည့် စလင်းမြို့နယ်ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ဟု မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

မေ ၄၊၂၀၂၅။မိုးမိုး/People’s Spring

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ဟု မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ (မေလ ၃ရက်) ညပိုင်းက စလင်းမြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့မှု အခြေအနေနှင့်ပတ်သက်၍ မေးမြန်းရာ ဒေသစစ်ရေး အခြေအနေကို ပြောပြခြင်းဖြစ်သည်။

မေလ ၃ရက် ည ၈နာရီခန့်က စလင်းမြို့နယ် ကုက္ကိုလ်တန်းရွာနှင့် နေပူကန်ကျေးရွာအနီးကို Y12 ဖြင့် ၆ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဗုံး ၄၉ လုံးကြဲချခဲ့သည်ဟု PDF မင်းဘူးခရိုင် တပ်ရင်း(၅) တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ပြည်သူရော၊ PDF ရော အထိအခိုက်မရှိပါဘူး။သူတို့ စစ်ကြောင်းပိတ်မိနေလို့ ကြဲတာ ဖြစ်နိုင်ပါတယ်။ အင်အား ၁၅၀ခန့်ပါတဲ့ စစ်ကြောင်းက ထိတွေ့တိုက်ပွဲကတော့ နေ့တိုင်းနီးပါး ရှိနေပါတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဒေသတွင်း စစ်ရေးအခြေအနေများ ရှိနေသေး၍ အသေးစိတ် ပြောကြား၍ မရသေးဟုလည်း တပ်ရင်း(၅) တာဝန်ရှိသူက ပြောသည်။

စလင်းမြို့နယ်အတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို စလင်းအခြေစိုက် တပ်ရင်း(၁)၊ တပ်ရင်း(၅)၊ ဒေါင်းစစ်အောင် Local PDF နှင့် အခြားအဖွဲ့များ စုပေါင်း ခုခံတိုက်ခိုက်နေကြောင်း ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။