Connect with us

Hi, what are you looking for?

သတင်း

မြန်မာနဲ့ နယ်စပ်မှာ အမျိုးအမည်မသိ လေယာဉ် တွေ့ရှိလို့ ကြားဖြတ်ဟန့်တားဖို့ F- 16 ကို ထိုင်းလေတပ်စေလွှတ်

မြန်မာနိုင်ငံနဲ့ နယ်စပ်နားမှာ အမျိုးအမည်မသိ လေယာဉ်တစ်စီး ပျံသန်းနေတာကို ကြားဖြတ်ဟန့်တား စောင့်ကြည့်ဖို့ ထိုင်းတော်ဝင်လေတပ်က တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

ထိုင်းလေတပ်ရဲ့ အမေရိကန်ထုတ် F - 16 တိုက်လေယာဉ် တစ်စီးကိုတွေ့ရစဉ် ( ပုံဟောင်း) ဓာတ်ပုံ - ထိုင်းလေတပ်

မေ – ၆ ၊၂၀၂၅

မြန်မာနိုင်ငံနဲ့ နယ်စပ်နားမှာ အမျိုးအမည်မသိ လေယာဉ်တစ်စီး ပျံသန်းနေတာကို ကြားဖြတ်ဟန့်တား စောင့်ကြည့်ဖို့ ထိုင်းတော်ဝင်လေတပ်က တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

ထိုင်းတော်ဝင်လေတပ် ဒုတိယ အကြီးအကဲ ပရာပက်စ် ဆွန်ချိုင်ဒီက မေလ ၆ ရက်နေ့ မွန်းလွဲပိုင်းမှာ ထိုင်းပိုင်နက်ထဲ ဝင်ရောက်ခဲ့တယ်လို့ ယုံကြည်ရတဲ့ လေယာဉ် တစ်စီးကို ကြားဖြတ် ဟန့်တားဖို့ F-16 တိုက်လေယာဉ်တွေကို စေလွှတ်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

အဲဒီ အမျိုးအမည်မသိ သံသယဖြစ်ဖွယ် လေယာဉ်ဟာ မြန်မာနဲ့ နယ်စပ်နားက ကန်ချနာဘူရီ ပြည်နယ် လေပိုင်နက်ထဲ ရောက်ရှိနေခဲ့တယ် ဆိုတာကို ရေဒါမှာ ထောက်လှမ်း တွေ့ရှိခဲ့တဲ့နောက် ထိုင်းတော်ဝင်လေတပ်က သတ်မှတ် လုပ်ထုံးလုပ်ညီတွေနဲ့အညီ တုံ့ပြန်ခဲ့တာလို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နက်ခွန်ဆာဝမ် ပြည်နယ်ထဲက တက်ခ်လိုင်မှာ အခြေစိုက်တဲ့ လေတပ်စခန်းက F-16 တိုက်လေယာဉ် နှစ်စီးဟာ ဒီအခြေအနေကို တုံ့ပြန်ဖို့ ပျံတက်သွားခဲ့ပြီး နယ်စပ်မှာ ကင်းလှည့်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းတော်ဝင်လေတပ်ရဲ့ ကြေညာချက်မှာတော့ ကန်ချနာဘူရီ လေပိုင်နက်ထဲ ရောက်ရှိခဲ့တဲ့ လေယာဉ်ကို အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ လေယာဉ်လို့ တိတိကျကျ စွပ်စွဲမထားပါဘူး။

ဒါပေမဲ့ အရင်က စစ်ကောင်စီ လေယာဉ်တွေဟာ နယ်စပ်မှာ ဗုံးကြဲတာတွေနဲ့ တခြားစစ်ဆင်ရေး လှုပ်ရှားမှုတွေကြောင့် ထိုင်းလေပိုင်နက်ထဲ ရောက်ရှိသွားတဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း ထိုင်း-မြန်မာ နယ်စပ်နားမှာ စစ်ကောင်စီနဲ့ KNU တို့ တိုက်ပွဲတွေ ပြင်းထန်နေခဲ့ချိန်မှာ စစ်ကောင်စီ လေတပ်က ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့နောက် ထိုင်းရဲ့ F-16 နှစ်စီးဟာ နယ်စပ်မှာ ကင်းလှည့်ပျံသန်းခဲ့ပါတယ်။

ကိုးကား – Khaosod

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲတွေကြောင့် ထိုင်းဖက်ကို စစ်ရှောင် ၃၀၀ ကျော် ထွက်ပြေး ခိုလှုံ

သတင်း

နယ်စပ်မှာ မြန်မာနိုင်ငံသားတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပေးနိုင်မယ့် စင်္ကြံတစ်ခု သတ်မှတ်ပေးရေး ကုလသမဂ္ဂ (UN)ရဲ့ တောင်းဆိုမှုကို ဘင်္ဂလားဒေ့ရှ်က လက်ခံခဲ့ကြောင်းသိရပါတယ်။

သတင်း

ထိုင်းနယ်စပ်အနီးက မာနယ်ပလော ဒေသကို စစ်ကောင်စီလေတပ်က မနေ့ (မတ်လ ၂၃ ရက်)မှာ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် ထိုင်းလေတပ်က နယ်စပ်တလျောက် လေကြောင်း ကင်းလှည့် ခဲ့တယ်လို့နယ်စပ်သတင်းရင်းမြစ်ထံကသိရပါတယ်။

သတင်း

မြန်မာနဲ့ နယ်စပ်နားမှာ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းသားတွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး မှောင်ခိုသမား ၄ ယောက်ကို သုတ်သင်နိုင်ခဲ့သလို မက်သာမက်ဖက်တမင်း မူးယစ်ဆေး တစ်တန်ကျော်လောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းစစ်တပ်က ကြေညာခဲ့ပါတယ်။

Facebook