Connect with us

Hi, what are you looking for?

သတင်း

နယ်စပ်က စစ်စခန်းတစ်ခုကို KNLA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်ထပ်မံထိုးစစ်ဆင်

တိုက်ပွဲတွေကြောင့် ထိုင်းဖက်ကို စစ်ရှောင် ၃၀၀ ကျော် ထွက်ပြေး ခိုလှုံ

စစ်​ဘေး​ရှောင်ပြည်သူ​တွေကိုထိုင်းစစ်တပ်ကကူညီစဥ်။ဓါတ်ပုံ-Addy Chaiyadech

​မေ-၁၀၊၂၀၂၅။People’s Spring

KNLA နဲ့ ပူး​ပေါင်းတပ်​တွေကနယ်စပ်အနီးကစစ်တပ်စခန်းနှစ်စ်ခုသိမ်းပိုက်ပြီး တစ်ရက်အကြာမှာပဲအခြားစခန်းတစ်ခုကိုဆက်လက်ထိုးစစ်ဆင်​နေပြီး၊တိုက်ပွဲ​တွေဖြစ်ပွားလာတာ​ကြောင့် ​မေ ၁၀ ရက်​နေ့မှာထိုင်းနိုင်ငံကို စစ်ရှောင် ၃၀၀ ကျော်လောက်ထပ်မံ ထွက်ပြေး ခိုလှုံလာခဲ့တယ်လို့ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

မေလ ၁၀ ရက်မနက်အစောပိုင်းမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ လက်နက်ကိုင် အင်အားစုဖြစ်တဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်​တွေ နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေကြောင့် စစ်ရှောင် ၃၂၈ ဦးဟာ ထိုင်းဖက်ကို ထွက်ပြေးရောက်ရှိခဲ့တယ်လို့ Bangkok Post သတင်းဌာနက​ဖော်ပြပါတယ်။

KLNA၊ KNDO နဲ့ ပူးပေါင်းတပ်​တွေဟာ ထိုင်းနယ်စပ်နဲ့ ၇ ကီလိုမီတာ(၄ မိုင်​ကျော်) အကွာမှာရှိတဲ့လေးပနာဒီ (ခေါ်)တခေါ်ဘီခွီးကို​မေးလ ၉ ရက်​နေ့မှာအပြီးသတ် သိမ်းယူခဲ့ပါတယ်။ဒါအပြင် တနသာ်ရီတိုင်း KNLA တပ်မဟာ(၄)နယ်​မြေထဲက မြန်မာ-ထိုင်းနယ်စပ် အဓိကကုန်သွယ်​ရေးစခန်းရှိတဲ့ ထီးခီးတယ်စပ်ကုန်သွယ်​ရေးကိုထိန်းချုပ်ထားတဲ့ ထီးခီးစခန်းကြီးကိုလည်း KNLA ၊PDF နဲ့ပူး​ပေါင်းတပ်​တွေက ​မေလ ၉ ရက်​နေ့မှာသိမ်းပိုက်ခဲ့ပါတယ် ။

Public Service Announcement

Public Service Announcement

တခေါ်ဘီခွီးစခန်းကိုသိမ်းယူပြီး KNLA တပ်မဟာ(၇)နယ်​မြေမှာရှိတဲ့ နယ်စပ်က အခြားစခန်းတစ်ခုကိုမေ ၉ ရက်ညကစပြီးတိုက်ခိုက်​နေတာမှာ တိုက်ပွဲ​တွေပြင်းထန်​နေပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ခဲ့ကြောင်း Bangkok Post နဲ့ ထိုင်းသတင်းဌာန​တွေက ဖော်ပြထားပါတယ်။

The Reporters သတင်းဌာနက​လည်း KNLA ၊ KNDO နဲ့ ပူး​ပေါင်းတပ်​တွေဟာ ​မေလ ၉ ရက်ညကစပြီး စစ်ကောင်စီ ရဲ့ ခမရ (၂၄ )တပ်ရင်း တန်လန့် စစ်စခန်းကို ဒရုန်း​တွေ ၊ လက်နက်ကြီး​တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ထိုးစစ်ဆင်နေတယ်လို့​ဖော်ပြပါတယ် ။ စစ်​ကောင်စီတပ်ကလည်း စခန်းမကျ​အောင် တိုက်လေယာဉ်​တွေနဲ့ ဗုံးကြဲခုခံ​နေတယ်လို့​ဖော်ပြပါတယ် ။

နောက်ထပ် ထိုင်းမီဒီယာ တစ်ခုဖြစ်တဲ့ Khaosodရဲ့ သတင်းမှာတော့ နယ်စပ်မှာ ကရင် တော်လှန်ရေး အင်အားစုတွေဟာ စစ်ကောင်စီကို နေ့ရောညပါ ထိုးစစ်ဆင်နေပြီး မေလ ၁၀ ရက်နေ့မှာ ပေါက်ကွဲသံတွေ ဆက်လက် ကြားနေရတယ်လို့ ဆိုပါတယ်။ ပြီးတော့ အဲဒီ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဟာ YAK-130 တိုက်လေယာဉ်တွေကို အသုံးပြုပြီး ဗုံးကြဲနေကြောင်းလည်း ထိုင်းသတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

ဒါ​ကြောင့် ကရင်ပြည်နယ်ရဲ့ ဘားအံခရိုင်နဲ့ ထိစပ်ရာ ထိုင်းဖက်ခြမ်း၊ တက်ခ်ပြည်နယ်ထဲက မယ်လဒေသတလျှောက် နယ်စပ်မှာတော့ ထိုင်းနယ်ခြားစောင့်တပ်နဲ့ စစ်တပ်က အင်အားအလုံးအရင်း ဖြန့်ကျက်ပြီး လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဆိုပါတယ်။

ထိုင်းဖက်ကို ထွက်ပြေးခိုလှုံလာတဲ့ စစ်ရှောင်တွေကို လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ပေးအပ်ထားပြီး အိမ်နီးချင်း နိုင်ငံဖက်ခြမ်းက စစ်ရေး အခြေအနေကို ဆက်လက် စောင့်ကြည့်နေတယ်လို့ ထိုင်းစစ်တပ်က ဆိုပါတယ်။

နှစ်နိုင်ငံ နယ်စပ်နားမှာ ကရင် တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ရေး ပစ်မှတ်တွေကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေဟာ ထိုင်းနိုင်ငံရဲ့ လေပိုင်နက် လုံခြုံရေးကို ထိပါးနိုင်ကြောင်း ဝေဖန် ထောက်ပြမှုတွေလည်း ရှိနေပါတယ်။ အခု သီတင်းပတ် အစောပိုင်းတုန်းက ကန်ချနာဘူရီမှာ မြန်မာစစ်တပ်ရဲ့ တိုက်လေယာဉ် နှစ်စီး ပျံသန်းနေတာ တွေ့ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပေမယ့် ကာကွယ်ရေးဝန်ကြီး ဖွမ်သန် ဝီချာရာချိုင်ကတော့ အဲဒီ လေယာဉ်တွေဟာ နယ်စပ်နား ကပ်ပျံခဲ့ရုံသာဖြစ်ပြီး ပြဿနာ ကြီးကြီးမားမား မဟုတ်ဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

KNLA နဲ့ ပူး​ပေါင်းတပ်​တွေဟာ မြန်မာ-ထိုင်းနယ်စပ်မှာ ရှိတဲ့ စစ်တပ်စခန်း​တွေကို ဒီဘပိုင်းအတွင်းမှာဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်​နေတာဖြစ်ပါတယ်။

ကိုးကား-Bangkok Post, Khaosod, The Reporter

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ရွှေကျင်မြို့နယ်၊ညောင်ခြေတောက်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်အား PDF ၊ KNLA နှင့် ပူး​ပေါင်းတပ်များက မေလ ၈ ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ရင်းပြန်လည်ရရှိရန် ကြိုးပမ်းနေကြောင်း ပြည့်သူ့ကာကွယ်ရေးတပ်မတော် PDF၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)တပ်မှူး ​ကိုအောင်စံရှားက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေအတွင်း ရှိပြည်သူလူထုများ၏ လုံခြုံရေးအတွက် နယ်မြေရှိ စစ်ကောင်စီတပ်အားလုံးကို မောင်းထုတ်ရမည်ဖြစ်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဒုတိယစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောကြားသည်။

သတင်း

လက်တဆုပ်စာ ဗိုလ်ချုပ်ကြီးတို့၏ အကျိုးစီးပွားကို ကာကွယ်နေရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ကောင်စီတပ်ကို စွန့်ခွာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ဖွဲ့ထံ အလင်းဝင်ရောက်ကြရန် KNLA ဌာနချုပ်က ထပ်မံ တိုက်တွန်းခဲ့သည်။

သတင်း

မြန်မာနိုင်ငံတောင်ပိုင်း ၊ တနင်္သာရီတိုင်းထဲမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ထိုင်းစစ်တပ်က မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

Facebook