Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြန်မာနဲ့ နယ်စပ်နားမှာ မိုင်းနင်းမိရာက ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင် ခြေထောက်ပြတ်

မြန်မာနိုင်ငံနဲ့ နယ်စပ်နားမှာ နင်းမိုင်းပေါက်ကွဲလို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရသွားကြောင်း သိရပါတယ်။

ဓာတ်ပုံ - bdnews24.com

မြန်မာနိုင်ငံနဲ့ နယ်စပ်နားမှာ နင်းမိုင်းပေါက်ကွဲလို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရသွားကြောင်း သိရပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက နယ်စပ်လုံခြုံရေးအတွက် ကင်းလှည့်ရင်း တပ်ဖွဲ့ဝင်တစ်ဦး မိုင်းနင်းမိခဲ့တာလို့ BGBက ထုတ်ပြန်ပါတယ်။ အဲဒီ နင်းမိုင်းကို အာရက္ခတပ်တော် (AA)က ထောင်ထားခဲ့တာလို့ ဘင်္ဂလားဒေ့ရှ် မီဒီယာတွေကစွပ်စွဲဖော်ပြခဲ့ပါတယ်။

အဆိုပါ​သတင်းဖော်ပြချက်​တွေနဲ့ပတ်သက်ပြီး People’s Spring က အာရက္ခတပ်​တော်(AA)ကိုဆက်သွယ်​မေးမြန်းဖို့ကြိုးစား​ပေမယ့် ဆက်သွယ်လို့မရ​သေးပါဘူး။

ပေါက်ကွဲမှု ဖြစ်ပွားရာ ဘန်ဒါဘန် ဧရိယာဟာ AAထိန်းချုပ် နယ်မြေတွေနဲ့ ဆက်စပ်တည်ရှိ​နေတယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသွားခဲ့တဲ့ တပ်ဖွဲ့ဝင်ကို ရာမူး စစ်ဆေးရုံဆီ တင်ပို့ထားတယ်လို့လည်း BGBရဲ့ ရာမူးဒေသ တပ်ဖွဲ့ခွဲ အကြီးအကဲ ဗိုလ်မှူး မိုဟူဒင် အာမက်က ပြောပါတယ်။ ထိခိုက်ခဲ့တဲ့ တပ်ဖွဲ့ဝင်ရဲ့ ဒဏ်ရာက ပြင်းထန်ပြီး ခြေထောက်တစ်ချောင်းကို ခြေကျင်းဝတ်နားကနေ ဖြတ်တောက်ခဲ့ရတယ်လို့လည်း သိရပါတယ်။

အရင်ကလည်း နယ်စပ်မှာ AA ထောင်ထားခဲ့တဲ့ နင်းမိုင်းတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် မီဒီယာတွေက စွပ်စွဲ​ဖော်ပြထားပါတယ်။

ဧပြီလ ၆ ရက်နေ့တုန်းကလည်း ကော့စ်ဘဇားမှာရှိတဲ့ တက်ခ်နက်ဖ် အူပါဇီလာ ဒေသမှာ ဘင်္ဂလားဒေ့ရှ် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်ပြတ်ခဲ့ပါတယ်။ဇွန်လ၂၂ ရက်နေ့တုန်းကလည်း အလားတူပဲ လူငယ်တစ်ဦးဟာ နိုင်ခန်ချာရိုင်မှာ မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ပါတယ်။

နာခွန်ချာရိုင်မှာပဲ ဩဂုတ် ၁၁ ရက်နေ့က နင်းမိုင်း ပေါက်ကွဲခဲ့တဲ့အတွက် တောဆင်ရိုင်း တစ်ကောင်ရဲ့ ခြေထောက်တစ်ချောင်းဟာ ခြေကျင်းဝတ်က ပြတ်ထွက်တဲ့ဒဏ်ရာ ရခဲ့ပါတယ်။

ကိုးကား: BD News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့အသက်ကို ခြိမ်းခြောက် ခံရမယ် ဆိုရင်တောင်မှ ဘင်္ဂလားဒေ့ရှ်ကို ဒီနှစ်မကုန်ခင် ကျိန်းသေပေါက် ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်သူ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်ဟာ ကျန်းမာရေးကိစ္စ အကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာနဲ့ ပတ်သက် ဆက်နွှယ်တယ်လို့ ယုံကြည်ရတဲ့ ပိုင်ဆိုင်မှု အစုစု တန်ဖိုး ဒေါ်လာ ၆.၂ ဘီလီယံလောက်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက သိမ်းယူလိုက်ပါတယ်။

နိုင်ငံတကာ

မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ရေကြီး၊ မြေပြိုမှုတွေ ကြုံပြီး ဘင်္ဂလားဒေ့ရှ်မှာ တစ်ပတ်အတွင်း လူ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း သောင်းနဲ့ချီပြီး ယာယီ ရွှေ့ပြောင်းခဲ့ရပါတယ်။