Connect with us

Hi, what are you looking for?

သတင်း

Gripen တိုက်လေယာဉ်တွေ စစ်မှုထမ်းသက် ၁၅ နှစ်ပြည့် အခမ်းအနားကို ထိုင်းလေတပ် ကျင်းပ

ဆွီဒင်လုပ် Gripen တိုက်လေယာဉ်တွေ ထိုင်းတော်ဝင်လေတပ်မှာ စတင် အမှုထမ်းမှု ၁၅ နှစ်ပြည့် အခမ်းအနား တစ်ခုကို ထိုင်းလေတပ်က ကျင်းပခဲ့ပါတယ်။

ဓာတ်ပုံ - Royal Thai Air Force

ဆွီဒင်လုပ် Gripen တိုက်လေယာဉ်တွေ ထိုင်းတော်ဝင်လေတပ်မှာ စတင် အမှုထမ်းမှု ၁၅ နှစ်ပြည့် အခမ်းအနား တစ်ခုကို ထိုင်းလေတပ်က ကျင်းပခဲ့ပါတယ်။

Gripen-SAAB 340 လေကြောင်းပြပွဲလို့ နာမည်ပေးထားတဲ့ အစီအစဉ်မှာတော့ Gripen Cနဲ့ Gripen D အမျိုးအစား တိုက်လေယာဉ်တွေ၊ SAAB 340 လေယာဉ်တွေကို ဆူရတ်ဌာနီ လေဆိပ်မှာ ခင်းကျင်းပြသခဲ့ပါတယ်။

အဲဒီလေယာဉ်တွေဟာ ပြေးလမ်းပေါ်မှာ နီးနီးကပ်ကပ် မောင်းနှင်ပြီး အင်အားပြတဲ့ အစီအစဉ်မျိုးမှာ ပါဝင်ခဲ့ပါတယ်။ ဒီအခမ်းအနားဟာ ထိုင်းလေတပ်ရဲ့ တိုက်ခိုက်ရေးနဲ့ စစ်ဆင်ရေးစွမ်းရည် အသင့်အနေအထား တည်ရှိမှုကို မြင်သာစေခဲ့ကြောင်းလည်း လေတပ် ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

လေတပ် အကြီးအကဲ ဗိုလ်ချုပ် အော်ရာရတ် အွန်သာနွန်က ထိုင်းဟာ Gripen တိုက်လေယာဉ်တွေကို ၂၀၁၁ မှာ စတင်ဝယ်ယူ အသုံးပြုခဲ့ကြောင်း၊ အဲဒီ တိုက်လေယာဉ်တွေကြောင့် ထိုင်းလေတပ်ဟာ ထူးခြားဆန်းသစ်တဲ့ စစ်ဆင်ရေး စွမ်းရည်တွေကို ပိုင်ဆိုင်လာပြီး ဒေသတွင်းမှာ ဘယ်လေတပ်နဲ့ယှဉ်ယှဉ် အောက်ကျနောက်ကျ မဖြစ်တော့ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ ထိုင်းလေတပ်ဟာ ရှိရင်းစွဲ Gripen Cနဲ့ Gripen Dတွေထက် နည်းပညာရော၊ စွမ်းဆောင်ရည်ပါ ပိုမြင့်တဲ့ Gripen Eနဲ့ Gripen F တိုက်လေယာဉ် ၈ စီးကို တိုးချဲ့ဝယ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။ အဲဒီ လေယာဉ်တွေကို လက်တွေ့ ဝယ်ယူနိုင်မယ် ဆိုရင်တော့ ထိုင်းလေတပ်ဟာ Gripen Eနဲ့ Fတွေချည်း ၁၂ စီးထိ စုဖွဲ့ထားတဲ့ တင်းပြည့်ကျပ်ပြည့် တိုက်လေယာဉ်အုပ် တစ်ခုကို ပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။

ထိုင်းလေတပ်ဟာ သက်တမ်း အိုမင်းလာတဲ့ အမေရိကန်လုပ် F-16 တိုက်လေယာဉ်ဟောင်းတွေ နေရာမှာ ခေတ်မီ Gripen အသစ်တွေနဲ့ အစားထိုးချင်နေတာပါ။ Gripen အသစ်တွေ ထပ်တိုး ဝယ်ယူဖို့အတွက် အဆိုပြုချက်ကို ၂၀၂၈ ခုနှစ်၊ ကာကွယ်ရေး အသုံးစရိတ်တွေထဲမှာ ထည့်သွင်းနိုင်ဖို့ လေတပ်က မျှော်လင့်နေပါတယ်။

ထိုင်းလေတပ်ဟာ ဆွီဒင် လေကြောင်းနည်းပညာ လုပ်ငန်းစုကြီး SAABက ထုတ်လုပ်တဲ့ Gripen Eနဲ့ F ၄ စီးကိုတော့ မှာယူထားပြီး ဖြစ်ပါတယ်။ Gripen Eတွေက တစ်ယောက်စီး အမျိုးအစားဖြစ်ပြီး Gripen Fတွေကတော့ လေ့ကျင့် သင်တန်းပေးမှုတွေမှာပါ အသုံးပြုနိုင်အောင် တည်ဆောက်ထားတဲ့ နှစ်ယောက်စီး အမျိုးအစားတွေပါ။ အဲဒီ လေယာဉ် ၄ စီးကတော့ ၂၀၃၀ ပြည့်နှစ်အတွင်း ထိုင်းကို ရောက်ရှိလာမယ်လို့ ယူဆရပါတယ်။

ကိုးကား: Thai PBS

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံနဲ့ နယ်စပ်နားမှာ အမျိုးအမည်မသိ လေယာဉ်တစ်စီး ပျံသန်းနေတာကို ကြားဖြတ်ဟန့်တား စောင့်ကြည့်ဖို့ ထိုင်းတော်ဝင်လေတပ်က တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

သတင်း

ထိုင်းနယ်စပ်အနီးက မာနယ်ပလော ဒေသကို စစ်ကောင်စီလေတပ်က မနေ့ (မတ်လ ၂၃ ရက်)မှာ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် ထိုင်းလေတပ်က နယ်စပ်တလျောက် လေကြောင်း ကင်းလှည့် ခဲ့တယ်လို့နယ်စပ်သတင်းရင်းမြစ်ထံကသိရပါတယ်။

နိုင်ငံတကာ

Lockheed Martin ကုမ္ပဏီက ထုတ်လုပ်ပြီး Lightning IIလို့လည်း ခေါ်ဝေါ်တဲ့ အဆင့်မြင့် တိုက်လေယာဉ်တွေကို အရှေ့တောင်အာရှ ဒေသတွင်းမှာ စင်ကာပူ လေတပ်က မှာယူထားပြီး ဖြစ်သလို အင်ဒိုနီးရှားကလည်း ဝယ်ယူ အားဖြည့်မယ့် အလားအလာတွေ ရှိနေကြောင်း သိရပါတယ်။

Facebook