Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုအနောက်ခြမ်း စစ်ကောင်စီ ဗုံးကြဲမှု ဒေသခံအချို့ အဆိပ်သင့်ခံစားနေရ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲမှုအတွင်း ဒေသခံအချို့ အဆိပ်သင့်မှုခံစားနေရကြောင်း အဆိုပါဒေသ စစ်ရှောင်အရေးကူညီသူအချို့က ပြောသည်။

မေလ ၇ရက် ညပိုင်းက လေကြောင်းတိုက်ခံရသည့် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းတနေရာကို တွေ့ရစဥ်။ဓာတ်ပုံ − Kamlaat

မေ ၇၊၂၀၂၅။ ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲမှုအတွင်း ဒေသခံအချို့ အဆိပ်သင့်မှုခံစားနေရကြောင်း အဆိုပါဒေသ စစ်ရှောင်အရေးကူညီသူအချို့က ပြောသည်။

ယမန်နေ့(မေလ ၆ရက်) ည ၁၁နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံး ၁၀ကြိမ်ထက်မနည်းကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိခဲ့သော်လည်း အဆိပ်သင့်သည့်လက္ခဏာခံစားရသူများ တွေ့ရသည်ဟု ဆိုသည်။

“ အဆိပ်ငွေ့တွေပါတယ်လို့ သိရပါတယ်။ တောင်ယာအနီးဖြစ်နေလို့ လူတွေ သိပ်ပြီးမရှိကြလို့ အထိအခိုက်မရှိပေမဲ့ အနီးအနားမှာနေတဲ့ သူအချို့တော့ အဆိပ်ငွေ့ကြောင့် မူးဝေတာ၊အန်တွေ ရှိနေပါတယ်” ဟု စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများနေထိုင်ရာနေရာများကို စစ်ကောင်စီက ပစ်မှတ်ထား ၍ ဗုံးကြဲတိုက်ခိုက်နေပြီး အဆိပ်ငွေဗုံးများပါအသုံးပြုခြင်းမှာ စစ်ရာဇဝတ်မှုကို ပေါ်ပေါ်ထင်ထင်ကျူးလွန်နေကြောင်းလည်း ဒီးမော့ဆိုမြို့ခံတစ်ဦးက ပြောသည်။

“ ဗုံးကြဲပြီးလို့ နာရီပိုင်းအတွင်း အနီးပတ်ဝန်းကျင်က လူတွေအန်တာ၊မူးတာတွေ ဖြစ်ကြတယ်။ပြီးတော့ ဒါက ဗုံးထိပြီး သေရင်သေ၊ မသေရင် အဆိပ်ငွေ့ရှုပြီး တစ်ခုခုဖြစ်အောင် စခတွေ ကမ်းကုန်အောင်ယုတ်မာတာ” ဟု ၎င်းက ပြောသည်။

ကရင်နီနှင့် ရှမ်းပြည်တောင်ပိုင်းအစပ်ရှိ လက်ရှိမိုးဗြဲမြို့တိုက်ပွဲအတွင်လည်း စစ်ကောင်စီသည် အဆိပ်ငွေ့ဗုံးများအသုံးပြု တိုက်ခိုက်နေသည့်အပြင် မြို့အနီး ချောင်းနှင့်မြောင်းများတွင်လည်း စစ်ကောင်စီက အဆိပ်ရည်များထည့်ထားကြောင်းလည်း ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်အချို့က ဆိုသည်။

ပြီးခဲ့သည့် ဧပြီအတွင်း ကရင်နီပြည်နယ်၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၂ဦးသေဆုံးကာ လက်နက်ကြီးကြောင့် သုံးဦးသေဆုံးခဲ့ရကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်ထားသည်။

ထို့အပြင် ဖယ်ခုံ၊လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို ၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်တို့တွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရသည့် ပြည်သူ ၃၆ဦး ရှိခဲ့ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်ဒေသက တော်လှန်ရေးတပ်တွေ စုစည်းပြီး အမှတ် (၁)အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်) တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းသတ်မှတ်လိုက်ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ အာရက္ခတပ်‌တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်ကြီး ၁ဦး အပါအဝင် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန့်ကစ်ကျေးရွာအနီးမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်မှာရှိတဲ့ တပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။

Facebook