Connect with us

Hi, what are you looking for?

သတင်း

ရုရှားကသင်ကြားသည်ဆိုသော PNO အထူးကွန်မန်ဒိုတပ်သားများ သင်တန်းဆင်းပြီး ရက်ပိုင်းအကြာ ညောင်ရွှေတိုက်ပွဲအတွင်း သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တိုက်ပွဲအတွင်း ရုရှားနိုင်ငံမှ သင်တန်းဆရာများဖြင့် သင်ကြားထားသည်ဆိုသည့် PNO/PNA ပြည်သူ့စစ်၏ အထူးကွန်မန်ဒိုတပ်သားများ ရှေ့တန်းတွင် သေဆုံးနေကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(IPDF)တာဝန်ရှိသူအချို့က လူထုနွေဦးသို့ပြောသည်။

PNA ပြည်သူ့စစ်၏ ကွန်မန်ဒိုတပ်သားဆိုသူများကို မေလ ၂ ရက်က သင်တန်းဆင်းပွဲ၌ တွေ့ရစဥ်။ ဓာတ်ပုံ − PNA

မေ ၇၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တိုက်ပွဲအတွင်း ရုရှားနိုင်ငံမှ သင်တန်းဆရာများဖြင့် သင်ကြားထားသည်ဆိုသည့် PNO/PNA ပြည်သူ့စစ်၏ အထူးကွန်မန်ဒိုတပ်သားများ ရှေ့တန်းတွင် သေဆုံးနေကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(IPDF)တာဝန်ရှိသူအချို့က လူထုနွေဦးသို့ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော ညောင်ရွှေမြို့နယ်တောင်ဘက်ခြမ်းရှိ စစ်မျက်နှာတွင် PNA ပြည်သူ့စစ် ၏ အထူးကွန်မန်ဒိုတပ်သားများ သေဆုံးနေခြင်းဟု ဆိုသည်။ ရုရှားသင်တန်းဆရာများက သင်ကြားပေးခဲ့သည်ဆိုသော အဆိုပါ အထူးကွန်မန်ဒိုတပ်သားများသည် သင်တန်းဆင်းအပြီး ရက်ပိုင်းအကြာတွင် ညောင်ရွှေမြို့နယ် တိုက်ပွဲအတွင်း သေဆုံးခဲ့ခြင်း ဖြစ်သည်။

“ညောင်ရွှေမြို့နယ် ရေပူရွာဖက်ကို ကွန်မန်ဒိုဆိုပြီး စစ်ကြောင်းထိုးလာတယ်။ ပအိုဝ်းဘာသာစကားနဲ့ အသေခံတပ်သားလို့အော်ပြီး တက်လာတယ်။ ဟုတ်တယ်။သူတို့ပြောတာ မမှားဘူး။ သူတို့ဟာ ကွန်မန်ဒိုတွေ အသေခံတပ်သားတွေဆိုတာ တကယ်ဖြစ်နေတယ်။ တက်လာတဲ့ကောင်တွေ သေသွားကြတယ်”ဟု IPDF တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် PNA ပြည်သူ့စစ်တို့သည် ရေပူရွာအနီး စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်များက ပိတ်ဆို့ခုခံနေသည်။

“အဲဒီ PNA ပြည်သူ့စစ်ကွန်မန်ဒိုဆိုတဲ့ကောင် ငါးယောက်ထက်မနည်းဘူးသေတာ”ဟု IPDF ရဲဘော်တစ်ဦးက ရေပူရွာအနီး တိုက်ပွဲဖြစ်စဥ်အပေါ် ရှင်းပြသည်။

စစ်ကောင်စီတပ်နှင့် PNAတို့သည် အထိနာ၍ ပြန်ဆုတ်ခြင်း၊အင်အားပြန်စုပြီး စစ်ကြောင်းပြန်ထိုးခြင်းနှင့် ရှေ့တိုးနောက်ဆုတ်လုပ်နေကြောင်း ၎င်းက ပြောသည်။

ရုရှားနိုင်ငံမှ သင်တန်းနည်းပြများငှားပြီး PNO၏ အထူးကွန်မန်ဒိုတပ်သားများ အပတ်စဥ်(၁) သင်တန်းဆင်းပွဲကို မေလ ၂ရက်က ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ၏ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိများလည်း တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

ညောင်ရွှေမြို့နယ်တောင်ပိုင်းရှိ စံကားကျေးရွာအုပ်စု၊ ထီခိုးရွာ၊ ရေပူရွာ၊ တောင်ပို့ကွဲရွာနှင့် ညောင်လေးပင်ကျေးရွာ တို့ကို စစ်ကောင်စီတပ်နှင့်ပူးပေါင်း စစ်ကြောင်းထိုးမည်ဟု PNA ပြည်သူ့စစ်က ဧပြီ ၆ ရက်က ကြေညာခဲ့သည်။

ထို့နေ့ပင် ရေပူကျေးရွာအရှေ့ခြမ်း စစ်ကြောင်းထိုးရာတွင် PNAနှင့်စစ်ကောင်စီတပ်တို့ ထိခိုက်သေဆုံးမှုများပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ရကာ ၎င်းတို့၏ ကင်းထောက်ဒရုန်းတစ်စီးကို IPDFက ပစ်ချရရှိခဲ့သည်။

၂၀၂၂ကစ၍ PNO/PNAသည် အာဏာသိမ်းစစ်တပ် နှင့် ပူးပေါင်းမှုပြုလုပ်ခဲ့ပြီး ၎င်း၏ နယ်မြေဖြစ်သည့် အထူးဒေသ(၆)ရှိ ပင်လောင်း ၊ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်များမှ လူငယ်များအား အတင်းအဓမ္မပြည်သူ့စစ်အဖြစ်သွပ်သွင်းပြီး လူထုထံမှ ဆက်ကြေးများလည်း ကောက်ယူနေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မျက်နှာချင်းဆိုင် တွေ့ဆုံဖို့အတွက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို တူရကီ နိုင်ငံမှာ သူစောင့်နေမယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို မျက်နှာချင်းဆိုင် စကားပြောဖို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ တိုက်ရိုက် ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က တောင်းဆိုလိုက်ပါတယ်။

ဆောင်းပါး

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါစကားကို ထုတ်ဖော်ပြောဆိုအပြီး ၁၁ ရက်အကြာမှာပဲ တရုတ်သမ္မတရှီကျင့်ဖျင်က အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ရုရှားနိုင်ငံ မော်စကိုမြို့မှာ လက်ခံတွေ့ဆုံလိုက်ပါတယ်။

Facebook