Connect with us

Hi, what are you looking for?

သတင်း

ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄ ဦးကို ဘင်္ဂလားဒေ့ရှ်က နေရပ်ပြန်ပို့

နိုင်ငံပိုင်နက်ထဲ ထွက်ပြေး ခိုလှုံရောက်ရှိနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၄ ယောက်ကို နေရပ် ပြန်ပို့ပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ကြေညာခဲ့ပါတယ်။

​မေ-၈၊၂၀၂၅။ People’s Spring

နိုင်ငံပိုင်နက်ထဲ ထွက်ပြေး ခိုလှုံရောက်ရှိနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၄ ယောက်ကို နေရပ် ပြန်ပို့ပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ကြေညာခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ မေလ ၇ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာတော့ စစ်ကောင်စီ စစ်သားတွေနဲ့ နယ်ခြားစောင့်ရဲ (BGP) တပ်ဖွဲ့ဝင်တွေကို ကော့စ်ဘဇားမြို့ လေဆိပ်ကနေ အရပ်ဖက် လေယာဉ် တစ်စီးနဲ့ ပြန်ပို့လိုက်တာလို့ ဖော်ပြထားခဲ့ပါတယ်။

ကော့စ်ဘဇားနဲ့ ပတ်တူခါလီ အကျဉ်းထောင်တွေမှာ ဖမ်းဆီး ထိန်းသိမ်း ခံထားရပြီးလွတ်ရက်စေ့သွားပြီဖြစ်တဲ့ မြန်မာနိုင်ငံသား အကျဉ်းသားဟောင်း ၆ ဦးကိုလည်း သူတို့နဲ့အတူ နေရပ်ပြန်ပို့လိုက်တယ်လို့အဲဒီထုတ်ပြန်ချက်မှာပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ထိစပ်ရာ ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် အဲဒီစစ်ကောင်စီတပ်သားတွေနဲ့ နယ်ခြားစောင့် ရဲတွေဟာ နယ်စပ်ဖြတ်ကျော်ပြီး ဒီဇင်ဘာနဲ့ ဇန်နဝါရီ လတွေတုန်းက ဘင်္ဂလားဒေ့ရှ်ပိုင် နိုင်ခွန်ချာရိုင်နဲ့ ဘန်ဒါဘန် ဒေသတွေထဲ ထွက်ပြေး ခိုလှုံခဲ့ကြတာလို့ ဆိုပါတယ်။

နေရပ်ပြန်ပို့ရေးကိစ္စ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို စစ်ကောင်စီနဲ့ ညှိနှိုင်း အတည်ပြုပြီးတဲ့နောက် သူတို့ကို မြန်မာနိုင်ငံ ပြန်ပို့ခဲ့တာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်က ပြောပါတယ်။

နေရပ်ပြန်ပို့တဲ့ လုပ်ငန်းစဉ်ကိုနိုင်ငံခြားရေးဝန်ကြီး

ဌာနက ကြီးမှူးခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်

အောက်ခံ လုံခြုံရေးဌာနနဲ့ ကော့စ်ဘဇား အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပူးပေါင်း ပါဝင်ခဲ့တယ်လို့လည်းသိရပါတယ်။

နေရပ်ပြန်ပို့ ခံရသူတွေ လေယာဉ်ပေါ် တက်သွားတဲ့အချိန် ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာ့သံရုံး အရာရှိတွေကလည်း လေဆိပ်မှာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။၂၀၂၄ ခုနှစ်တုန်းကလည်း ရခိုင်ပြည်

နယ်မှာ အာရက္ခတပ်​တော်(AA)ရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှု​ကြောင့် စစ်​ကောင်စီတပ်ဖွဲ့ဝင် ​တွေ ရာနဲ့ချီပြီးနယ်စပ်ဖြတ်ကျော် ပြီး ဘင်္ဂလားဒေ့ရှ်ကို

ထွက်ပြေးခဲ့ကြပါတယ် ။ ထွက်​ပြေးလာတဲ့မြန်မာစစ်သားနဲ့ နယ်ခြားစောင့်ရဲ ၈၇၅ ယောက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ​လေးသုတ်ခွဲပြီး နေရပ်ပြန်ပို့ခဲ့ဖူးပါတယ်။

ကိုးကား-New Age

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခုနှစ်အတွင်း ဝက်သက်ရောဂါကြောင့် သေဆုံးတဲ့ ကလေးဦးရေ ၁၀၀၀ ကျော်လွန်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

လက်တွေ့ ပစ်ခတ်မှု စစ်ရေးလေ့ကျင့်နေရင်း တင့်ကားတစ်စီး ပေါက်ကွဲသွားတဲ့ ဖြစ်စဉ်အတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ စတင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လေတပ်ကို အဆင့်မြှင့်မယ့် စီမံကိန်းအတွက် တရုတ်လုပ် တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထွက်ပြေးတိမ်းရှောင်နေသူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို လက်လွှဲမပေးမချင်း အိန္ဒိယနိုင်ငံဆီ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က သွားရောက်မှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောကြားခဲ့ပါတယ်။

Facebook