Connect with us

Hi, what are you looking for?

သတင်း

အမ်းမြို့နှင့် နပခ သိမ်းတိုက်ပွဲ AA နှင့်အတူတိုက်ခိုက်ခဲ့သည့် စစ်ကိုင်းတိုင်းပကဖ ရဲဘော်များအား ဂုဏ်ပြု

ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် အနောက်ပိုင်းစစ်ဌာနချုပ်(နပခ) သိမ်းယူသည့်တိုက်ပွဲအတွင်း အာရက္ခတပ်တော်(AA)နှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့သည့် စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော်များအား တိုင်းအဆင့်ဂုဏ်ပြုပွဲ ကျင်းပခဲ့သည်။

မေ ၉၊၂၀၂၅။ကဖေး/People’s Spring

ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် အနောက်ပိုင်းစစ်ဌာနချုပ်(နပခ) သိမ်းယူသည့်တိုက်ပွဲအတွင်း အာရက္ခတပ်တော်(AA) နှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့သည့် စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော်များအား တိုင်းအဆင့်ဂုဏ်ပြုပွဲ ကျင်းပခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကိုင်းတိုင်းပကဖမှ တပ်ရင်း(၁)ရင်းစာ ပါဝင်တိုက်ခိုက်ပေးခဲ့ပြီး

ဂုဏ်ပြုပွဲကျင်းပခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပကဖက ယ‌နေ့(မေလ ၉ရက်) တွင် သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

” ကျွန်တော်တို့ ဒါကို တရားဝင်ထုတ်ပြန်တာပါ။ ရဲဘော်တွေကို တိုင်းအဆင့်ဂုဏ်ပြုခဲ့တာပါ”ဟု ယင်းမာပင်ခရိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကိုင်းတိုင်းပကဖ ရဲဘော် ၁၅ဦး ကျဆုံးခဲ့ပြီး ၇၀ကျော် ဒဏ်ရာရရှိခဲ့သည်။ယင်းတို့အနက် ယင်းမာပင်ခရိုင် ပကဖရဲဘော် ၃၂ ဦးပါဝင် တိုက်ခိုက်ခဲ့ပြီး ရဲဘော် ၂ဦးကျဆုံးကာ တစ်ဦး ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

တိုက်ပွဲဝင် အောင်ပွဲရရဲဘော်များကို စစ်ကိုင်းတိုင်း ပကဖမှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြင့်ခဲ့ပြီး ကျဆုံးရဲဘော်များ၏ မိသားစုဝင်များကို ထောက်ပံ့ကြေးပေးအပ်၍ ရဲဘော်များမှ ဂုဏ်ပြုဦးညွှတ်အလေးပြုခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အမ်းမြို့နှင့် အနောက်ပိုင်းစစ်ဌာနချုပ်(နပခ)ကို လပေါင်းများစွာထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ၂၀၂၄ ဒီဇင်ဘာ ၂၀ရက်တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲတွင် နပခဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အပြင် စစ်သုံ့ပန်းအများအပြား ဖမ်းမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။