Connect with us

Hi, what are you looking for?

သတင်း

ရွှေကျင်ရှိ ခမရ(၅၉၈)တပ်ရင်းဌာနချုပ်အား တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)လက်အောက်ခံ ခမရ(၅၉၈)တပ်ရင်းဌာနချုပ်အား ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)၏ ပူးပေါင်းမှုဖြင့် PDF တောင်ပိုင်း အမှတ်(၁)စစ်ဆင်ရေးနယ်မြေနှင့် အမှတ်(၂)စစ်ဆင်ရေးနယ်မြေတို့၏ အစီအစဉ်ဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ ခမရ-၅၉၈ တပ်ရင်းဌာနချုပ် သိမ်းပိုက်မှုအတွင်း သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - MOD

စစ်ကောင်စီတပ် ၃၀ ထက်မနည်းသေဆုံး၊၁၃ဦး ဖမ်းမိ၊ လက်နက်မျိုးစုံ ၈၀ကျော် သိမ်းရ

မေ ၁၁၊၂၀၂၅။ကဖေး/People’s Spring

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)လက်အောက်ခံ ခမရ(၅၉၈)တပ်ရင်းဌာနချုပ်အား ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)၏ ပူးပေါင်းမှုဖြင့် PDF တောင်ပိုင်း အမှတ်(၁)စစ်ဆင်ရေးနယ်မြေနှင့် အမှတ်(၂)စစ်ဆင်ရေးနယ်မြေတို့၏ အစီအစဉ်ဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၃၀ဦးထက်မနည်းသေဆုံးပြီ ၁၃ဦး ဖမ်းမိထားကာ လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံ (၈၃)လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း NUG၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ(၅၉၈)တပ်ရင်းဌာနချုပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်း အမှတ်(၁)စစ်ဆင်ရေးနယ်မြေ နှင့် အမှတ်(၂)စစ်ဆင်ရေးနယ်မြေတို့၏အစီအစဉ်၊ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)၏ ပူးပေါင်းပါဝင်မှုဖြင့် မေလ ၈ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဟု ဆိုသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း ၃၀ဦးတွေ့ရှိရပြီး စစ်သုံ့ပန်း ၆ဦးနှင့် မိသားစုဝင် ၇ဦး ဖမ်းဆီးထိန်းသိမ်းခဲ့ကာ တပ်ရင်းမှုးအပါအဝင် အရာရှိများနှင့် တပ်သား ၅၀ခန့်မှာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ပွိုင့် 5 စက်သေနတ်၊ ၇၅ နောက်ပွင့်၊ ၈၁မမ၊ ၆၀မမ လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံ ၈၃လက် ၊ဂျန်မာစက် (၃)လုံးနှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း အသိပေးထားသည်။

စစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF(အထူးလှုပ်ရှားဗျူဟာ)၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ (၂၇)မှ နဂါးဖြူတပ်ရင်း၊ တောင်ညိုတပ်ရင်း၊ ၇၈၀၅ တပ်ရင်း၊ ၇၈၀၁ တပ်ရင်း၊ ဒေါနတပ်ရင်း၊ Southern Eagle တပ်ရင်း၊ SOG တပ်ရင်း၊ ရန်ကုန်တိုင်းအထူးချေမှုန်းရေးတပ်ဖွဲ့ ၊ ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Cloudwings ဒရုန်းအထူးတပ်ဖွဲ့၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ မွန်ပကဖ တိုက်ခိုက်ရေးအဖွဲ့များ ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ဗျူဟာ(၂၀)မှ ၃၇၀၄ တပ်ရင်း၊ ၅၁၀၁ တပ်ရင်း၊ ရန်ကုန်ဗျူဟာစစ်ကြောင်း၊ ပဲခူးတိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ LDF တပ်ဖွဲ့များဖြစ်သော KRF၊ UDF ရော့ကက်နှင့်ဒရုန်းတပ်ဖွဲ့များ ပူးပေါင်း​ပါဝင်ခဲ့ကြပြီးကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၃)မှ တပ်ရင်း(၇)နှင့် ဒရုန်းအဖွဲ့များ လက်တွဲတိုက်ပွဲဝင်ခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

ရွှေကျင်မြို့နယ်တွင် ခမရ(၅၉၈)တပ်ရင်းအပြင် နောက်ထပ် စစ်တပ်ရင်းနှစ်ခုနှင့် ရဲစခန်း၊ ဌာနဆိုင်ရာရုံးများကျန်ရှိနေသေးသည်။

စစ်ကောင်စီက ယနေ့(မေလ ၁၁ရက်)နံနက်အထိ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။ ခမရ(၅၉၈)တပ်ရင်း စခန်းသိမ်းတိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖက်တွင်လည်း ထိခိုက်ကျဆုံးမှုအချို့ ရှိခဲ့သည်။

KNU၊PDFနှင့် ပူးပေါင်းတပ်များသည် ပဲခူးတိုင်း၊တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်မှ စစ်ကောင်စီစခန်းများကို ဆက်လက်တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ‌အမှတ်(၅၈၈)ခြေမြန်တပ်ရင်း(ခမရ-၅၈၈)က စစ်မှုထမ်းသစ်တန်းဆင်းသုံးဦး သေနတ်တွေယူပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ထပ်မံအလင်းဝင်လာပါတယ်။

သတင်း

ကျောက်ကြီးတွင်လည်း စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီး ၂ဦးသေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ရွှေကျင်၊ ကျောက်ကြီးနှင့် မုန်းမြို့နယ်အတွင်းရှိ ပြည်သူလူထု နေထိုင်ရာနေရာများသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့တွင် ထုတ်ပြန်သည်။

သတင်း

၆မိနစ်အတွင်း သိမ်းယူနိုင်ခဲ့ဟုဆို၊ အရာရှိတစ်ဦးအပါအဝင် ၅ ဦးခန့်သေဟု PDF စစ်ရုံးချုပ်ထုတ်ပြန်