Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးလူသားချင်းစာနာမှုအကူအညီများ နိုင်ငံရေးနှင့်စစ်ရေးအတွက်မဖြစ်စေရန် WOAကမ်ပိန်းလုပ်မည်

စစ်ကိုင်းငလျင်ကြီးဘေးအတွက် လူသားချင်းစာနာမှုအကူအညီများသည် နိုင်ငံရေးနှင့်စစ်လက်နက်အတွက် အသုံးပြုမှုမဖြစ်စေရန် WOA (Weaponization Of Aid)ကမ်ပိန်း ပြုလုပ်မည်ဖြစ်ပြီး ပြည်သူများပါဝင်ပေးကြရန် သွေးစွန်းငွေ အဖွဲ့က တိုက်တွန်းထားသည်။

ငလျင်ကြောင့် ဧရာဝတီမြစ်အတွင်း ကျိုးကျသွားသော စစ်ကိုင်းတံတားအား ဓာတ်ပုံရိုက်ကူးနေသည့် သံဃာတော် နှစ်ပါး။ ဓာတ်ပုံ-AFP

မေ ၁၂၊၂၀၂၅။တေဇ/People’s Spring

စစ်ကိုင်းငလျင်ကြီးဘေးအတွက် လူသားချင်းစာနာမှုအကူအညီများသည် နိုင်ငံရေးနှင့်စစ်လက်နက်အတွက် အသုံးပြုမှုမဖြစ်စေရန် WOA (Weaponization Of Aid)ကမ်ပိန်း ပြုလုပ်မည်ဖြစ်ပြီး ပြည်သူများပါဝင်ပေးကြရန် သွေးစွန်းငွေ အဖွဲ့က တိုက်တွန်းထားသည်။

“အကြမ်းဖက် စစ်အုပ်စုဟာ ၂၀၀၈ နာဂစ်ဘေးအတွက် နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီတွေကို လက်နက်အဖြစ်အသုံးပြုခဲ့ပါတယ်။ ယခု မတ်လ ၂၀၂၅ စစ်ကိုင်းမြေငလျင်ဘေးမှာလည်း ထိုကဲ့သို့ တူညီသည့် လူသားမဆန်သော ရွံရှာဖွယ်ရာ အပြုအမူကို ထပ်မံလုပ်ဆောင်နေတာတွေအတွက် ထပ်ပြီး အခွင့်အရေးမရသင့်ပါ။”ဟု သွေးစွန်းငွေအဖွဲ့က ဆိုသည်။

လူပေါင်းတစ်သိန်းကျော်သေဆုံးခဲ့သည့် ၂၀၀၈နာဂစ်တွင် စစ်တပ်က နိုင်ငံတကာမှ ကူညီရေးများကို တားဆီးခဲ့ပြီး နာဂစ်တစ်နှစ်ပြည့်ချိန်တွင် ပြန်လည်ထူထောင်ရေးကို ခေါင်းစဉ်တပ်၍ သုံးနှစ်စာ ဘတ်ဂျတ်အနေဖြင့် ကုလသမဂ္ဂ(UN) နှင့် အာဆီယံထံမှ အမေရိကန်ဒေါ်လာ ၆၉၁သန်း တောင်းခံခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်တပ်သည် ၂၀၀၉ ဒီဇင်ဘာတွင် ကန်ဒေါ်လာ ၅၇၀ တန်ဖိုးရှိ MiG-29 တိုက်လေယာဉ် ၂၀စီး ဝယ်ယူရန် ရုရှားနဲ့ သဘောတူ စာချုပ်တစ်ခု ချုပ်ဆိုခဲ့ပြီး စစ်တပ်မှတဆင့် ပေးသည့်နာဂစ်ဘေးသင့်နေရာများ ပြန်လည်ထူထောင်ရေး အကူအညီငွေများကို လက်နက်ထောက်ပံ့ရေးနဲ့ စစ်အသုံးစရိတ် အတွက် အသုံးပြုခဲ့သည်ဟု ထောက်ပြထားသည်။

ထို့ပြင် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ မဲပေးမှသာ အကူအညီများရရှိမည်ဟု ခြိမ်းခြောက်မှုများလည်းရှိသည်ဟု ဆိုသည်။

လက်ရှိအချိန်တွင်လည်း လူပေါင်း လေးထောင်ခန့်သေဆုံးခဲ့သည့် စစ်ကိုင်ငလျင်ကြောင့် သဘာဝဘေး ခံစားရသူများအတွက် နိုင်ငံတကာနှင့်ပြည်တွင်းမှ လှူဒါန်းသည့် အလှူငွေများကို စစ်ကောင်စီက အထက်ပါကဲ့သို့ အသုံးပြုရန် စီစဉ်နေခြင်းဖြစ်သည်။

နိုင်ငံတကာနှင့် ပြည်တွင်းမှ ငလျင်ဘေးသင့်ပြည်သူများအတွက်ရည်ရွယ်၍ စစ်ကောင်စီထံသို့ အလှူငွေကျပ် ၁၁၅ ဘီလျံကျော် နှင့် ကန်ဒေါ်လာ နှစ်သန်းကျော်ရရှိသည်ဟု ထုတ်ပြန်ထားသော်လည်း ငလျင်ဒဏ်သင့်ပြည်သူများထံသို့ ပြန်လည်လှူဒါန်းသည့် ပမာဏသည် အလွန်နည်းကြောင်း ပြည်သူများက ဝေဖန်ထားသည်။

ထို့ပြင် အဆိုပါ အလှူငွေများရရှိပြီးနောက် စစ်ကောင်စီခေါင်းဆောင်၏ ပြည်ပခရီးစဉ်များအတွက် အသုံးပြုသည့် Airbus လေယာဉ်ကို ဝယ်ယူခဲ့သောကြောင့် ‌ပြည်သူများကဝေဖန်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်း စစ်ကောင်စီကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင် ပြိုကျနေခဲ့ရခြင်းက ငလျင်ဘေးသင့်ချိန်မှာ မြန်မာနိုင်ငံအတွက် သေကြေပျက်စီးမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်ကောင်စီကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင် ပြိုကျနေခဲ့ရခြင်းက ငလျင်ဘေးသင့်ချိန်မှာ မြန်မာနိုင်ငံအတွက် သေကြေပျက်စီးမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

အတွေးအမြင်

ဒီဘီစကွတ်တွေဟာ အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါ ပုံမှန်အစားအသောက်တွေကို ချက်ပြုတ်ဖို့နဲ့ ဝယ်ယူစားသုံးဖို့မဖြစ်နိုင်တော့တဲ့အချိန်မျိုးမှာ အရေးပေါ်ချက်ချင်းစားသုံးနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ အရေးကြီးတဲ့လူသားချင်းစာနာမှုအကူအညီတစ်မျိုးပါလို့ ကုလသမဂ္ဂရုံးက အသိပေးထားတယ်။

သတင်း

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးမှာ မန္တလေးနဲ့ အမရပူရမြို့တွေက သေဆုံးခဲ့သူတွေထဲ စစ်ရှောင်ပြည်သူတွေလည်း ပါဝင်ခဲ့ပါတယ်။