Connect with us

Hi, what are you looking for?

အတွေးအမြင်

ဘီစကွတ်တွေ ပြန်သိမ်းထားပါ

ဒီဘီစကွတ်တွေဟာ အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါ ပုံမှန်အစားအသောက်တွေကို ချက်ပြုတ်ဖို့နဲ့ ဝယ်ယူစားသုံးဖို့မဖြစ်နိုင်တော့တဲ့အချိန်မျိုးမှာ အရေးပေါ်ချက်ချင်းစားသုံးနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ အရေးကြီးတဲ့လူသားချင်းစာနာမှုအကူအညီတစ်မျိုးပါလို့ ကုလသမဂ္ဂရုံးက အသိပေးထားတယ်။

CJ

Scorpio/People’s Spring

Facebook လူမှုကွန်ရက် စာမျက်နှာမှာ လူပြောများနေတဲ့ WFP က ထုတ်တဲ့ ဘီစကွတ်ကို ငလျင်လှုပ်အပြီး တပတ်အကြာမှာ ကျနော်စတင်ကြားဖူးပါတယ်။ မိတ်ဆွေတယောက်ရဲ့ပြောပြချက်အရပါ။ လူမှုကူညီရေးအသင်းတသင်းက အသိဆီကနေ နှစ်ထုပ်ရခဲ့တယ်တဲ့။ တော်တော်လည်းစားကောင်းတယ်တဲ့။ ကျနော့မိတ်ဆွေကလည်း မန္တလေးက ငလျင်ဘေးသင့်ပြည်သူတဦးပါ။ သူ့ဆီတော့ အဲဒီ ဘီစကွတ် တိုက်ရိုက်ရတာမျိုး မရှိပါဘူး။

WFP ဘီစကွတ်ကို နောက်တကြိမ်ထပ်ကြားရတာတော့ ကျနော့ရပ်ကွက်ထဲကပါ။ ကျနော်တို့ရပ်ကွက်ထဲကနေပြောင်းသွားတဲ့ အဒေါ်ကြီးတဦးက ကျနော်တို့ရပ်ကွက်ကို အဲဒီဘီစကွတ်တွေကိုလာဝေသွားသတဲ့။ လူကြီးရှိတဲ့အိမ်တွေတအိမ် ၂ ထုပ်ပေးသွားတယ်တဲ့။ သူတို့ဝေတာမြောက်ခြမ်းမို့ ကျနော်တို့က တောင်ခြမ်းဖြစ်တာကြောင့် မရလိုက်ပြန်ပါဘူး။ အဲဒီအဒေါ်ကြီးဟာ အင်မတန်မှကပ်စေးနည်းသူဖြစ်ပေမဲ့ ဒီဘီစကွတ်တွေကို သဒ္ဓါထက်ထက်သန်သန်နဲ့ ပြန်လာဝေသွားတာကို ရပ်ကွက်ခံတွေ တော်တော်အံ့သြနေကြပါတယ်။ ဘီစ​ကွတ်​ရတဲ့အိမ်ကနေ ကျနော် တဖဲ့တောင်းစားကြည့်တော့ တော်တော်လည်းအရသာရှိတာတွေ့ရတယ်။

အရသာမရှိဘဲ နေပါ့မလား။ ပါတဲ့ ပစ္စည်းတွေကို ကြည့်ပါဦး။ ဂျုံမှုန့်၊ ပဲပိစပ်မှုန့်၊ သကြား၊ အဆီထုတ်ထားတဲ့ နို့မှုန့်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဖြစ်တဲ့- ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ အိုင်အိုဒင်း၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် B1၊ B2၊ B6၊ B12 နဲ့ အခြားဓာတ်တွေများစွာ ပါဝင်တယ်လို့ သိရတယ်။ ဒီဘီစကွတ်တွေက စွမ်းအင်၊ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အာဟာရပြည့်စားစရာတစ်ခုလို့ ရန်ကုန်မြို့ရှိကုလသမဂ္ဂရုံးက ရှင်းပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီဘီစကွတ်တွေဟာ အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါ ပုံမှန်အစားအသောက်တွေကို ချက်ပြုတ်ဖို့နဲ့ ဝယ်ယူစားသုံးဖို့မဖြစ်နိုင်တော့တဲ့အချိန်မျိုးမှာ အရေးပေါ်ချက်ချင်းစားသုံးနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ အရေးကြီးတဲ့လူသားချင်းစာနာမှုအကူအညီတစ်မျိုးပါလို့ ကုလသမဂ္ဂရုံးက အသိပေးထားတယ်။

တဆက်တည်းတွေးလိုက်မိတာက ငလျင်လှုပ်ပြီး ၃ ရက်လောက်အတွင်း ဒီဘီစကွတ်တွေ ရလိုက်ရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့အတွေးပါ။

ငလျင်လှုပ်ပြီး အိမ်တွေတိုက်တွေပြိုတယ်။ လျှပ်စစ်မီးတွေပြတ်တယ်။ စားသောက်ဆိုင်တွေ၊ စတိုးဆိုင်တွေအကုန်ပိတ်တယ်။ဘာမှဝယ်စားလို့မရဘူး။ ချက်စားလို့လည်းမရဘူး။အဲဒီအချိန် ဘီစကွတ်ထုပ်တွေသာ ရခဲ့ရင် တော်တော်ကို အာဟာရ ဖြစ်စေမှာပါ။ မိသားစုတွေ ဆုံးရှုံးသွားလို့ ဘာမှစားခိုင်းလို့မရတဲ့၊ စားမဝင်တဲ့သူတွေကိုလည်း ဒီဘီစကွတ်ထုပ်လေးတွေသာ ရခဲ့ရင် ဇွတ်စားခိုင်းခဲ့ကြမှာပါ။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ကတော့ ဒီအာဟာရပြည့် ဘီစကွတ်တွေကို ငလျင်လှုပ်ခတ်ပြီး ၄၈ နာရီအတွင်းမှာ ငလျင်ဘေးသင့်ပြည်သူတွေအတွက် စတင်ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။

ဒီဘီစကွတ်တွေကို ပြန်ရောင်းနေကြတယ်ဆိုတဲ့သတင်းတွေလည်း တက်လာခဲ့တယ်။ WFPကတော့ ဒါမျိုး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပြန်လည်ရောင်းချဖို့မသင့်တော်တဲဲ့အကြောင်း၊ ရောင်းချတာတွေ့ရင်လည်း ချက်ချင်းအရေးယူ‌ဆောင်ရွက်သွားမယ်လို့ ကုလသမဂ္ဂရုံးက ဧပြီ ၂၄ ရက်မှာထုတ်ပြန်တယ်။

သတိပြုစရာက ဘီစကွတ်တွေကို ၆ လ အောက် ကလေးငယ်တွေကိုကျွေးလို့မရပါဘူး။ မိခင်ရဲ့ အခြေအနေအပေါ်မူတည်ပြီး ကလေးငယ်ရဲ့ ပထမဆုံး ၆ လ မှာ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရမှာဖြစ်ပါတယ်လို့ ကုလသမဂ္ဂရုံးကသတိပေးတယ်။ ဘီစကွတ်ထုပ် တဆင့်ရထားသူတဦးကတော့ ကလေးငယ်တွေစားလို့မရဘူးဆိုတာကို သိမထားဘူးလို့ ပြောပြပါတယ်။

အသက် ၆ လအထက် ကလေးတွေအနေနဲ့ မိခင်နို့ဝအောင် တိုက်ကျွေးပြီးမှသာ ဘီစကွတ်ကို ကျွေးနိုင်မှာဖြစ်ပြီး အရွယ်ရောက်ပြီးသူတွေအနေနဲ့ကတော့ဗိုက်ဆာတဲ့အခြေအနေပေါ်မူတည်ပြီး တစ်နေ့ကို ဘီစကွတ် ငါးထုပ်ခန့်အထိ စားသုံးနိုင်တယ်လို့ သိရတယ်။

WFP ဘီစကွတ်တွေဟာ အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါပုံမှန်အစားအသောက်တွေကို ချက်ပြုတ်ဖို့နဲ့ ဝယ်ယူစားသုံးဖို့မဖြစ်နိုင်တော့တဲ့ အချိန်မျိုးမှာ အရေးပေါ်ချက်ချင်းစားသုံးနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ အရေးကြီးတဲ့လူသားချင်းစာနာမှုအကူအညီတစ်မျိုးဖြစ်ပြီး အခုပုံမှန်ထမင်းဟင်းစားသောက်နိုင်ပြီဆိုရင် ပိုလျှံနေတဲ့ ဘီစကွတ်တွေကို မိမိထက်ပိုလိုအပ်နေသူတွေဆီကို မျှဝေပေးဖို့ ကုလသမဂ္ဂက တိုက်တွန်းပါတယ်။

WFP က ဘီစကွတ်​တွေ ​ဈေးကွက်ထဲမှာ ဝယ်လို့ရတယ်ဆိုပြီး ဓါတ်ပုံနဲ့ တင်တဲ့ပိုစ်​တွေဟာ ဧပြီလ တတိယပါတ်မှာ စတင်ပြန့်နှံ့လာတာဖြစ်ပါတယ်။ အဲလိုပြန့်နှံ့ပြီး​နောက်မှာ WFP ဘီစကွတ်မုန့်​တွေဟာရိုးရိုးမဟုတ်ဘဲ အဟာရဖြည့်မုန့်ဖြစ်ပြီး​ရောင်းဖို့မဟုတ်ဘူးဆိုတဲ့ ပိုစ်​တွေလည်း ​ဖေစ်ဘွခ်ဆယ်လီတချို့ကစပြီးဖြန့်​ဝေတာ​တွေ့ရပါတယ်။

စစ်ကိုင်းငလျင်ဒဏ်အဆိုးဆုံးခံရတဲ့ မန္တ​လေးနဲ့ စစ်ကိုင်းက ငလျင်သင့်ပြည်သူ​အချို့အား WFPရဲ့ဒီဘီစကွတ်​ရဖူး ၊စားဖူးလား​မေးကြည့်တာမှာ​တော့မရဖူး​သေး ၊မစားဖူး​သေးလို့​ပြောကြပါတယ်။ WFP ကဘီစကွတ်ကို​နေပြည်​​တော်မှာစတင်ဖြန့်​ဝေပြီလို့ အသိ​ပေးထား​ပေမယ့် မန္တ​လေးမြို့ နဲ့ စစ်ကိုင်းမြို့​တွေကို ဖြန့်​ဝေပြီလား ၊မဖြန့်​ဝေ​သေးဘူးလားဆိုတာကို​တော့ မသိရ​သေးပါဘူး ။

မကြာခင် စစ်ကိုင်းငလျင်ကြီးဟာ တစ်လပြည့်တော့မှာပါ။ WFP က ဘီစကွတ်ကတော့ ငလျင်ဘေးသင့်ဒေသအများစုမှာ အပြည့်အဝမရရှိသေးပါဘူး။တကယ်လို့မဝေရသေးဘူးဆိုလည်း အ​ရေး​ပေါ်ကာလ​ကျော်လွန်လာပြီမို့ ဆက်မဝေတော့ဘဲပြန်သာသိမ်းထားစေချင်ပါတယ်။

ဘီစကွတ်မှမဟုတ်ဘူး အကူအညီ​တွေကို​ပေး​ဝေဖြန့်ဖြူးတဲ့အခါကောင်စီအုပ်ကြီး​တွေကအာဏာပြလိုက်၊စစ်​ကောင်စီကိုယ်တိုင်ကလည်းကြားဖြတ်အမြတ်ထုတ်လိုက် စတာ​တွေကြောင့်တကယ်လိုတဲ့သူ​တွေကနည်းနည်းပဲ ရတဲ့အ​ခြေအ​နေမှာ ​အောက်​ခြေကိုတကယ်​ရောက်ဖို့​သေချာသ​ဘောတူညီချက်ယူ ၊စီမံ​ပေးကြဖို့လည်းတိုက်တွန်းချင်ပါတယ်။

စစ်​ကောင်စီရှိ​နေ​သေးသမျှမြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့အုပ်ချုပ်ရေးမရှိတဲ့အတွက် သဘာဝဘေး၊ လူလုပ်ဘေးတွေလာတိုင်းလာတိုင်း WFP က ဘီစကွတ်တွေက အမြဲတမ်းလိုအပ်နေဦးမှာပါ။

အဲဒီအခါကျရင်တော့ အစောတလျင်ဝေပေးဖို့ ငလျင်ဘေးသင့်ပြည်သူတဦးအနေနဲ့ အကြံပြုပါရစေ။ ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မက္ကဆီကို တောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ လှုပ်ခတ်သွားတဲ့ မဂ္ဂနီကျု ၇.၃ အဆင့် အင်အားပြင်း ငလျင်ကြီးကြောင့် ထုတ်ပြန်ခဲ့တဲ့ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေကို နာရီပိုင်း အကြာမှာ ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ မန္တလေးတိုင်း၊ စဥ်ကူးမြို့တို့မှာ ဒီကနေ့ မနက်က ငလျင် ၂ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ချိန်ပြိုကျပြီးလူ ၂၀၀ ကျော်ပိတ်မိသေဆုံးစေခဲ့တဲ့မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုတည်ဆောက်တဲ့ NTL ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးနိုင်ထွန်းလင်းကိုထောင်ဒဏ်ငါးနှစ်ချထားရာကနေနောက် ထပ်နှစ်နှစ်ထပ်တိုး လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။