Connect with us

Hi, what are you looking for?

သတင်း

အုတ်တွင်းမြို့နယ်ရှိ စစ်ကောင်စီအထိုင်စခန်းတစ်ခုကို PDF တိုက်ခိုက်သိမ်းပိုက်

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ဖြူး-အုတ်တွင်းလမ်းပိုင်းရှိ စစ်ကောင်စီအထိုင်ချစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင် ၃၈၀၁၊ တပ်ခွဲ ၅ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကြက်မနက် စစ်ကောင်စီစခန်းကုန်းအား သိမ်းပိုက်ရရှိပြီးနောက် အဆောက်အအုံများကို မီးရှို့ဖျက်ဆီနေစဥ်။ ဓာတ်ပုံ - တပ်ရင်း ၃၈၀၁ ခွဲ ၅

မေ-၁၂၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ဖြူး-အုတ်တွင်းလမ်းပိုင်းရှိ စစ်ကောင်စီအထိုင်ချစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင် ၃၈၀၁၊ တပ်ခွဲ ၅ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖြူး-အုတ်တွင်းလမ်း၊ ကြက်မနက်ရွာအနီး အင်အား ၆၀ ခန့်ဖြင့်တပ်စွဲထားသော စစ်ကောင်စီစခန်းကို မေလ ၁၀ ရက် နံနက် ၇ နာရီမှ ၁၁ နာရီခွဲခန့်အထိ တပ်ခွဲ ၅ မှ ရဲဘော်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

“စကစ ဘက်က ထိခိုက် နှစ်ယောက်ရှိပြီး ကျဆုံးများတယ်လို့တော့ သိရတယ်ဗျ။ အတိကျကရှာဖွေဆဲပဲဗျ။ လေယာဉ်တွေ ပြန်ပြန်လာဝဲနေတော့ အန္တရာယ်ရှိ‌နေလို့ပါဗျ”ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ကြက်မနက်တပ်စခန်းအား စီးနင်းတိုက်ခိုက်သည့်နေ့ နံနက်ပိုင်းတွင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ ၏ တပ်ခွဲမှူး ဗိုလ်မိုးကြိုလေးနှင့် ရဲဘော်တစ်ဦးကို ဖြူး-အုတ်တွင်းဖြတ်လမ်း၌ စစ်ကောင်စီတပ်က ဖမ်းမိသွားကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး ယင်းဖြစ်စဥ်မှာ မှန်ကန်မှုမရှိကြောင်း တပ်ခွဲတာဝန်ရှိသူက ဖြေရှင်းချက်ပေးသည်။

“ခုမှ ရှေ့တန်းကလူတွေနဲ့ အဆက်သွယ် ပြန်ရတော့ ဆရာက ကိစ္စတခုနဲ့ ခရီးထွက်သွားတာ။ ခရီးလွန်နေတာပါဗျာ။ ဖမ်းခံရတယ်ဆိုတာ လုံးဝမဟုတ်ပါဘူးဗျ။ ရှေ့ကတိုက်ပွဲဖြစ်နေတဲ့ ရဲဘော်တွေ စိတ်ဓာတ်ကျသွားအောင်လို့ (စစ်ကောင်စီတပ်ရဲ့)စိတ်ဓာတ်စစ်ဆင်ရေးလို့လည်း ပြောလို့ရပါတယ်”ဟု ၎င်းက ရှင်းပြသည်။

ဖြူး-အုတ်တွင်းလမ်းပိုင်းမှ ကြက်မနက်စခန်းစီးနင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးရာ ကားတစ်စီး၊ ဆိုင်ကယ်ခြောက်စီးနင်း အခြားစစ်တပ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့သည်ဟု တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ က အသိပေးသည်။

ကြက်မနက်စခန်းကုန်းအား တိုက်ခိုက်မှုလုပ်ဆောင်နေစဥ် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်၍ လေကြောင်းပစ်ကူပေးခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း တပ်ခွဲ ၅ ထံမှ စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်ထဲကအမြောက်တပ်(၃၄၄)နဲ့ ပဲခူးတိုင်းအုတ်ဖိုမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခုခံနေရပါတယ်။

သတင်း

အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်လို့ စစ်တပ်အနီးမနေကြဖို့ (၂၂)ဗျူဟာမှူး သတိပေး

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

သတင်း

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တိုက်ပွဲအတွင်း ရန်ကုန်တိုင်းစစ်ဌာန၊ ရန်ကုန်(၅၁၀၂)တပ်ရင်းလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၅ဦး ကျဆုံးခဲ့ရတယ်လို့ အဲဒီတပ်ရင်းက ဒီကနေ့ ဧပြီ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။