Connect with us

Hi, what are you looking for?

သတင်း

လုံးထွေး သတ်ပုတ်ရင်း ထိုင်းအမျိုးသားကြီး တစ်ဦးကို မြန်မာလူငယ်က သေနတ်နဲ့ ပစ်သတ်မိခဲ့

ထိုင်းနိုင်ငံမှာ လုံးထွေး သတ်ပုတ်ရာက မြန်မာ လူငယ် တစ်ဦးဟာ အသက် ၇၀ အရွယ် ထိုင်းအမျိုးသားကြီး တစ်ဦးကို သေနတ်နဲ့ ပစ်သတ်မိခဲ့ကြောင်း သိရပါတယ်။

Thaiger

ထိုင်းနိုင်ငံမှာ လုံးထွေး သတ်ပုတ်ရာက မြန်မာ လူငယ် တစ်ဦးဟာ အသက် ၇၀ အရွယ် ထိုင်းအမျိုးသားကြီး တစ်ဦးကို သေနတ်နဲ့ ပစ်သတ်မိခဲ့ကြောင်း သိရပါတယ်။

ထိုင်းရဲတွေက အဲဒီ ဖြစ်ရပ်ဟာ ဘန်ကောက်မှာရှိတဲ့ ဘန်ခေခရိုင်မှာ မေလ ၁၀ ရက်နေ့က ပေါ်ပေါက်ခဲ့တာလို့ ပြောပါတယ်။ အခင်းဖြစ်တဲ့ အိမ်ထဲမှာတော့ သေဆုံးသူ ယူထာရွတ်ရဲ့ အလောင်းကို သွေးအိုင်ထဲမှာ ရဲတွေက ရှာတွေ့ခဲ့ပါတယ်။ အလောင်းမှာတော့ ရင်ဘတ်ကို ထိမှန်ထားတဲ့ သေနတ်ဒဏ်ရာနဲ့ လည်ပင်းမှာ ကုတ်ဖဲ့ဒဏ်ရာတွေ ရှိနေခဲ့ကြောင်း ရဲတွေက ဆိုပါတယ်။

ဖြစ်စဉ်ကို စုံစမ်းပြီးတဲ့နောက် စိုင်းလို့သာ နာမည် ဖော်ပြထားတဲ့ အသက် ၂၃ နှစ်အရွယ် မြန်မာ အမျိုးသားဟာ ကိုယ်ဝန် ၅ လရှိတဲ့ ဇနီးသည်ကို လာတွေ့တဲ့အချိန် ယူထာရွတ်နဲ့ အချင်းများရာက ပြဿနာ စခဲ့တာလို့ ရဲတွေက ပြောပါတယ်။ စိုင်းရဲ့ ဇနီးဟာ ယူထာရွတ်ရဲ့ မိခင်အိုကြီးကို ပြုစု စောင့်ရှောက်ပေးနေသူပါ။

စိုင်းက အလုပ်အားရက် ဖြစ်တာကြောင့် မေလ ၁၀ ရက်နေ့မှာ ဇနီးဆီ လာရောက်တွေ့ဆုံမယ်လို့ ကြိုအကြောင်းကြားထားပြီး အဲဒီအိမ်ကို ရောက်လာချိန်မှာ ယူထာရွတ်က သူတို့နှစ်ယောက်ကို တွေ့ဆုံခွင့်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကြံရာမရ ဖြစ်ခဲ့တဲ့ စိုင်းဟာ နံရံကို ကျော်တက်ပြီး ဇနီးနဲ့ တွေ့ခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် ယူထာရွတ်က သူ့ကို တွေ့သွားပြီး .38 Revolver ပစ္စတို တစ်လက်နဲ့ ခြိမ်းခြောက်ခဲ့ပါတယ်။ နှစ်ယောက်သား သေနတ်ကို လုရာက လုံးထွေးသတ်ပုတ်ကြရင်း ကျည်ဆန်နှစ်ချက် ထွက်သွားပြီး ယူထာရွတ်ရဲ့ ရင်ဘတ်ကို တစ်ချက် ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ စိုင်းဟာ သေနတ်ကိုပါ ယူပြီး အခင်းဖြစ်တဲ့ နေအိမ်က အိမ်သားတစ်ယောက်ရဲ့ သော့တပ်ထားတဲ့ Honda CR-V ဆိုင်ကယ်ကို တက်စီးပြီး ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ ရဲတွေက စိုင်းကို အပူတပြင်း ဖြန့်ကျက် ရှာဖွေနေဆဲလို့လည်း သိရပါတယ်။

ကိုးကား: Thaiger

ဆက်စပ်သတင်းများ

ဆောင်းပါး

တစ်ချိန်က ကမ္ဘာ့မူးယစ်ဆေးဝါးမြေပုံပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရွှေတြိဂံဒေသဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု တစ်ကျော့ပြန် မြင့်တက်လာမှုကြောင့် နိုင်ငံတကာကပြန်လည်အာရုံစိုက်စောင့်ကြည့်လာရတဲ့ ဒေသတစ်ခု ဖြစ်လာနေပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

သတင်း

မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကလည်း ပိုပြီး မြင့်တက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောကြားပါတယ်။

Facebook