Connect with us

Hi, what are you looking for?

သတင်း

အိုးတိန်တွင်းရွာ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်မှု တစ်ဦးထပ်မံ သေဆုံး၊ ဒဏ်ရာရသူ ၁၀၀ကျော်ရှိဟု ဒီပဲယင်းပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူတစ်ဦး ထပ်မံသေဆုံးပြီး စုစုပေါင်း ဒဏ်ရာရသူ ၁၀၀ကျော်အထိရှိကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့(မေလ ၁၃ရက်)တွင် ထုတ်ပြန်သည်။

ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီက မေလ ၁၂ရက်တွင် ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ဒီပဲယင်း ပအဖ

မေ ၁၃၊၂၀၂၅/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူတစ်ဦး ထပ်မံသေဆုံးပြီး စုစုပေါင်း ဒဏ်ရာရသူ ၁၀၀ကျော်အထိရှိကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့(မေလ ၁၃ရက်)တွင် ထုတ်ပြန်သည်။

ယနေ့ (မေလ ၁၃ရက်)တွင် မြေပြင်စာရင်းကောက်ယူမှုအရ ဒဏ်ရာရသူ ၁၀၂ဦး အထိ ရှိကြောင်း ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်း ပအဖက ထုတ်ပြန်ထားသည်။

သို့သော် ပြီးခဲ့သည့် မိနစ်ပိုင်းအတွင်း ထပ်မံထုတ်ပြန်မှုအရ ဒဏ်ရာရသူများအနက်မှ တစ်ဦးထပ်မံ သေဆုံးခဲ့ရသည်ဟု ဒီပဲယင်း ပအဖက အသိပေးထားသည်။ သို့သော် ထပ်မံသေဆုံးသူမှာ မည်သူမည်ဝါဟု ဖော်ပြထားခြင်း မရှိဘဲ လူထုနွေဦးက မေးမြန်းနေဆဲ ဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကျောင်းသား၊ကျောင်းသူ ကလေးငယ် ၂၀ဦးနှင့် ဆရာမ နှစ်ဦး စုစုပေါင်း ၂၂ဦးသေဆုံးရာ အခုထပ်တိုးစာရင်းအရ သေဆုံးသူ ၂၃ဦးရှိလာသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကလေး၊ ဘုတလင်၊ ရွှေဘိုနဲ့ လက်ပံတောင်းတောင်ဒေသတွေမှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဘုံတိုဆီမီးသပိတ်လေကြောင်းတိုက်ခိုက်ခံရမှု (၁)နှစ်ပြည့် ဝမ်းနည်းခြင်းအဖြစ် သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၅) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမှာ အာဏာသိမ်း စစ်တပ်က ဒီ​နေ့ လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ဒေသခံ အမျိုးသမီး ၆ ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာ လေကြောင်းတိုက်ခိုက်မှုမှာ အသက် တစ်နှစ်ခွဲကလေးငယ်ကနေ အသက် ၈၀ အရွယ် အဘွားအိုအထိ ပါဝင်ပြီး သေဆုံးခဲ့သူ ၁၂ ဦးရဲ့ အချက်အလက်တွေကို ရေစကြိုသတင်းအချက်အလက်ကော်မတီက ထုတ်ပြန်လိုက်ပါတယ်။