Connect with us

Hi, what are you looking for?

သတင်း

အိုးတိန်တွင်းရွာ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်မှု တစ်ဦးထပ်မံ သေဆုံး၊ ဒဏ်ရာရသူ ၁၀၀ကျော်ရှိဟု ဒီပဲယင်းပအဖ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူတစ်ဦး ထပ်မံသေဆုံးပြီး စုစုပေါင်း ဒဏ်ရာရသူ ၁၀၀ကျော်အထိရှိကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့(မေလ ၁၃ရက်)တွင် ထုတ်ပြန်သည်။

ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီက မေလ ၁၂ရက်တွင် ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ဒီပဲယင်း ပအဖ

မေ ၁၃၊၂၀၂၅/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူတစ်ဦး ထပ်မံသေဆုံးပြီး စုစုပေါင်း ဒဏ်ရာရသူ ၁၀၀ကျော်အထိရှိကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့(မေလ ၁၃ရက်)တွင် ထုတ်ပြန်သည်။

ယနေ့ (မေလ ၁၃ရက်)တွင် မြေပြင်စာရင်းကောက်ယူမှုအရ ဒဏ်ရာရသူ ၁၀၂ဦး အထိ ရှိကြောင်း ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်း ပအဖက ထုတ်ပြန်ထားသည်။

သို့သော် ပြီးခဲ့သည့် မိနစ်ပိုင်းအတွင်း ထပ်မံထုတ်ပြန်မှုအရ ဒဏ်ရာရသူများအနက်မှ တစ်ဦးထပ်မံ သေဆုံးခဲ့ရသည်ဟု ဒီပဲယင်း ပအဖက အသိပေးထားသည်။ သို့သော် ထပ်မံသေဆုံးသူမှာ မည်သူမည်ဝါဟု ဖော်ပြထားခြင်း မရှိဘဲ လူထုနွေဦးက မေးမြန်းနေဆဲ ဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကျောင်းသား၊ကျောင်းသူ ကလေးငယ် ၂၀ဦးနှင့် ဆရာမ နှစ်ဦး စုစုပေါင်း ၂၂ဦးသေဆုံးရာ အခုထပ်တိုးစာရင်းအရ သေဆုံးသူ ၂၃ဦးရှိလာသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။