Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့က ပျူစောထီးခေါင်းဆောင်တစ်ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး

မကွေးတိုင်း၊ပခုက္ကူမြို့မှာ စစ်‌‌ကောင်စီတပ်အားထားရတဲ့ ပျူစောထီးခေါင်းဆောင် အရှည်ကြီး (ခ)ဒူးရှည်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ မြင်းခြံ BLACK TIGER(MBT)တပ်ဖွဲ့က ပြောပါတယ်။

ဖမ်းဆီးမိတဲ့ ပျူစောထီးခေါင်းဆောင် အရှည်ကြီး။ ဓာတ်ပုံ - MBT

မေ ၁၄၊ ၂၀၂၅။မေ/People’s Spring

မကွေးတိုင်း၊ပခုက္ကူမြို့မှာ စစ်‌‌ကောင်စီတပ်အားထားရတဲ့ ပျူစောထီးခေါင်းဆောင် အရှည်ကြီး (ခ)ဒူးရှည်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ မြင်းခြံ BLACK TIGER(MBT)တပ်ဖွဲ့က ပြောပါတယ်။

မေလ ၉ရက် ညနေပိုင်းက ပခုက္ကူမြို့၊စက်မှုဇုန် (၆)လမ်းနဲ့ (၇)လမ်းကြားမှာနေထိုင်တဲ့ ပျူစောထီး ခေါင်းဆောာင် အရှည်ကြီး(ခ)ဒူးရှည်ကို ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တာလို့ MBTအဖွဲ့က ပြောပါတယ်။

” သေချာတာတခုက တော့သူသည် ပြည်သူတွေအပေါ် နိုင်ထပ်စီးနင်းလုပ်တာတွေ ရှိခဲ့တယ်။သူသည် စစ်ကောင်စီရဲ့အဓိက အရေးပါတဲ့အခန်းကဏ္ဍက ပျူခေါင်းဆောင်တစ်ဦးဖြစ်တယ်။ကျန်တဲ့ဟာ အသေးစိတ်ကတော့ နယ်ခံအဖွဲ့ တွေက ဆက်လုပ်တာပါ”လို့ MBTအဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အရှည်ကြီးကို နယ်ခံတော်လှန်ရေးတပ်တွေက ဆက်လက်စစ်ဆေးနေတယ်လို့သိရပါတယ်။

ဒါ့အပြင် ပြည်သူတွေအပေါ်အနိုင်ကျင့်ဒုက္ခပေးနေတဲ့မည်သူကိုမဆို MBTအဖွဲ့အနေနဲ့ အရေးယူမှုတွေပြုလုပ်သွားမယ်လို့လည်း ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို MBTအဖွဲ့နဲ့အတူ နဂါးမင်း PDFအဖွဲတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့်ညပိုင်းတွင် ကရင်နီပြည် နှင့် မကွေးတိုင်း ၌ စစ်ကောင်စီက လေကြောင်းမှဗုံးကြဲရာ ပြည်သူ ခုနှစ်ဦးထက်မနည်းသေဆုံးခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့အနီးကို ပတ်လည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအုပ်စုက လေးရက်အတွင်း စုစုပေါင်း ဒေသခံ‌ ၁၁ဦးကို သတ်ဖြတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်ဆယ်နဲ့ချီ​သေဆုံးထိခိုက်ပြီး ပျူစခန်းတခုသိမ်း၊လက်နက်ခဲယမ်းတွေရရှိ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့နဲ့ အနီးဝန်းကျင် ကျေးရွာတွေက ဖမ်းဆီးသွားတဲ့သူ တွေကို စစ်​တပ်က ပြန်မလွှတ်တော့ဘဲပျူစောထီးသင်တန်းတက်ခိုင်းပြီးစစ်တိုက်ခိုင်းနေတယ်လို့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။