Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့က ပျူစောထီးခေါင်းဆောင်တစ်ဦးကို တော်လှန်ရေးတပ်တွေ ဖမ်းဆီး

မကွေးတိုင်း၊ပခုက္ကူမြို့မှာ စစ်‌‌ကောင်စီတပ်အားထားရတဲ့ ပျူစောထီးခေါင်းဆောင် အရှည်ကြီး (ခ)ဒူးရှည်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ မြင်းခြံ BLACK TIGER(MBT)တပ်ဖွဲ့က ပြောပါတယ်။

ဖမ်းဆီးမိတဲ့ ပျူစောထီးခေါင်းဆောင် အရှည်ကြီး။ ဓာတ်ပုံ - MBT

မေ ၁၄၊ ၂၀၂၅။မေ/People’s Spring

မကွေးတိုင်း၊ပခုက္ကူမြို့မှာ စစ်‌‌ကောင်စီတပ်အားထားရတဲ့ ပျူစောထီးခေါင်းဆောင် အရှည်ကြီး (ခ)ဒူးရှည်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ မြင်းခြံ BLACK TIGER(MBT)တပ်ဖွဲ့က ပြောပါတယ်။

မေလ ၉ရက် ညနေပိုင်းက ပခုက္ကူမြို့၊စက်မှုဇုန် (၆)လမ်းနဲ့ (၇)လမ်းကြားမှာနေထိုင်တဲ့ ပျူစောထီး ခေါင်းဆောာင် အရှည်ကြီး(ခ)ဒူးရှည်ကို ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တာလို့ MBTအဖွဲ့က ပြောပါတယ်။

” သေချာတာတခုက တော့သူသည် ပြည်သူတွေအပေါ် နိုင်ထပ်စီးနင်းလုပ်တာတွေ ရှိခဲ့တယ်။သူသည် စစ်ကောင်စီရဲ့အဓိက အရေးပါတဲ့အခန်းကဏ္ဍက ပျူခေါင်းဆောင်တစ်ဦးဖြစ်တယ်။ကျန်တဲ့ဟာ အသေးစိတ်ကတော့ နယ်ခံအဖွဲ့ တွေက ဆက်လုပ်တာပါ”လို့ MBTအဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အရှည်ကြီးကို နယ်ခံတော်လှန်ရေးတပ်တွေက ဆက်လက်စစ်ဆေးနေတယ်လို့သိရပါတယ်။

ဒါ့အပြင် ပြည်သူတွေအပေါ်အနိုင်ကျင့်ဒုက္ခပေးနေတဲ့မည်သူကိုမဆို MBTအဖွဲ့အနေနဲ့ အရေးယူမှုတွေပြုလုပ်သွားမယ်လို့လည်း ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို MBTအဖွဲ့နဲ့အတူ နဂါးမင်း PDFအဖွဲတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook