Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို PDF ကြားဖြတ်တိုက်ခိုက်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ကျေးရွာများသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များကို PDF တပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ရှစ်ဦးသေဆုံးကြောင်း သာယာဝတီခရိုင် တပ် ရင်း ၃၈၀၁၊ တပ်ခွဲ ၃ နတ်စစ်သည်တပ်ဖွဲ့မှ တပ်ခွဲမှူးက လူထုနွေဦးသို့ ပြောသည်။

သာယာဝတီခရိုင်တပ်ရင်း၃၈၀၁မှရဲဘော်အချို့ကိုတွေ့ရစဥ်။ ။ဓာတ်ပုံ-P23801

မေ-၁၄၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ကျေးရွာများသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များကို PDF တပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ရှစ်ဦးသေဆုံးကြောင်း သာယာဝတီခရိုင် တပ် ရင်း ၃၈၀၁၊ တပ်ခွဲ ၃ နတ်စစ်သည်တပ်ဖွဲ့မှ တပ်ခွဲမှူးက လူထုနွေဦးသို့ ပြောသည်။

ယနေ့(မေလ ၁၄ ရက်)နံနက် ၄ နာရီခန့်က စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအင်အား ၁၀၀ ခန့်ပါစစ်ကြောင်းသည် နတ်တလင်းမြို့ နယ်၊ ပျဥ်ပုံရွာမှတဆင့် ထန်းတောရွာဘက်သို့ စစ်ကြောင်းထိုးလာစဥ် တပ်ရင်း ၃၈၀၁ မှ တပ်ခွဲ ၃ နတ်စစ်သည်တပ်ဖွဲ့၊ တပ်ခွဲ ၄ BRA တပ်ဖွဲ့၊ တပ်ခွဲ ၂ Phoenix တပ်ဖွဲ့ နှင့် တပ်ခွဲ ၆ ဧရာညီနောင်တပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ရှစ်ဦးသေ ဆုံးကာ ဒဏ်ရာရသူများလည်းရှိပြီး PDF ပူး ပေါင်းတပ်များဘက်မှ ရဲဘော်ငါးဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း နတ်စစ်သည်တပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

“အခုလက်ရှိ စစ်ကြောင်းက နှစ်ကြောင်းခွဲပြီးထိုးနေတာပေါ့။ပျဥ်ပုံနဲ့ ဆံကဲရွာမမှာ တစ်ကြောင်း၊ ထန်းတောရွာဘက်မှာ တစ်ကြောင်းထိုးနေတယ်။ ပျဥ်ပုံမှာ ၁၂၀ မမ လက်နက်ကြီးထိုင်ထားပြီး ပစ်ကူပေးတယ်။ ဒရုန်းတွေပါလို့ Drop ဗုံးတွေလိုက်ချတာလည်းရှိနေတယ်”ဟု တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ နတ်စစ်သည်တပ်ဖွဲ့ တပ်ခွဲမှူးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးခြင်းနှင့်လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့်ကျောက်ခွက်၊ ကျောက်ဆွယ်၊ ထန်းတောနှင့် တောင်ညိုကွက်သစ်စသည့် ကျေးရွာများမှ ဒေ သခံပြည်သူ ၂,၀၀၀ ဝန်းကျင် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၎င်းက ဆက်ပြောသည်။

“ထန်းတောကပြည်သူနှစ်ယောက်တော့စကစလက်နက်ကြီးကြောင့် ဒဏ်ရာရတယ်ကြားတယ်။ နောက်ပြီး စကစဘက်ကရွာတွေထဲကိုလက်နက်ကြီးတွေနဲ့ပစ်တော့ ပြည်သူ‌တွေလည်းမနေရဲကြဘူး။ စစ်ဘေးရှောင်တွေ များနေတယ်။ မိုးကရွာ၊ နေစရာကမရှိ၊စစ်ဘေးရှောင်တွေအတော်ဒုက္ခရောက်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းများနှင့်တိုက်ပွဲများဖြစ်ပွားနေသော ပျဥ်ပုံနှင့် ထန်းတောကျေးရွာများဘက်သို့စစ်ကောင်စီတပ်ကအင်အားထပ်ဖြည့်မည်ဟု ဒေသတွင်း၌ သတင်းများထွက်နေသည့်အပြင် ယခုရက်ပိုင်း မိုးများရွာသွန်းလျှက်ရှိရာ မေလ ၁၄ ရက်ညနေပိုင်းအထိ မိုးရွာနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီးပူးပေါင်းအဖွဲ့အထိုင်ချတပ်စွဲထားသည့် ဒမငယ်ကျေးရွာအခြေစိုက် စစ်ကောင်စီနယ်မြေရဲစခန်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ၏ တပ်ခွဲများမှ ဝင်ရောက်စီနင်းတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ စခန်းစွန့်ထွက် ပြေးခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook