Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးသောစစ်ကောင်စီတပ် တိုက်ခိုက်ခံရ၍ ဖွဲ့စည်းပုံပျက်ပြီး တပ်ပြန်ဆုတ်သွား

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် ခြေမြန်တပ်မဌာနချုပ်(၁၀၁)နှင့် စလင်းမြို့အခြေစိုက် ခလရ(၂၅၄)တပ်ရင်းမှ ပူးပေါင်းအင်အား ၁၈၀ခန့်ဖြင့် မြိုင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းအား မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ဆုတ်ခွာထွက်ပြေးသွားကြောင်း အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ် ကျန်ခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - မြိုင် ပကဖ

▪️တော်လှန်ရေးပူးပေါင်းတပ် နယ်မြေရှင်းလင်းရာ စစ်သားအလောင်း ရှစ်လောင်းတွေ့ပြီး သေနတ်နှင့် ခဲယမ်းများ သိမ်းရ

မေ-၁၄၊ ၂၀၂၅။ ထင်လင်း၊ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် ခြေမြန်တပ်မဌာနချုပ်(၁၀၁)နှင့် စလင်းမြို့အခြေစိုက် ခလရ(၂၅၄)တပ်ရင်းမှ ပူးပေါင်းအင်အား ၁၈၀ခန့်ဖြင့် မြိုင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းအား မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ဆုတ်ခွာထွက်ပြေးသွားကြောင်း အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် မြိုင်မြို့နယ်သို့ မေလ ၁ ရက်တွင် စတင်ဝင်ရောက်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မေလ ၂ ရက်ကစတင်ကာ မြိုင်မြို့နယ် လေးတန်း၊သစ်ကြီးတောနှင့်ပေါက်ပင် ကျေးရွာအနီးတဝိုက်တွင် ထိတွေ့မှုစတင်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်စစ်ကြောင်းမှာ ဖွဲ့စည်းပုံပျက်ပြီး ဦးတည်ရာ မြိုင်သို့ ‌‌ရှေ့မဆက်နိုင်ပဲ လေးတန်း၊သစ်ကြီးတောနှင့် ပေါက်ပင်ကိုင်းကျေးရွာများအနီးတွင် ပိတ်မိနေခဲ့ကြောင်း အသိပေးသည်။

” ဦးတည်ရာ မြိုင်ကိုရောက်ဖို့ ရှစ်မိုင်လောက်အလိုမှာ ပိတ်မိပြီး ကစဉ့်ကလျားဖြစ်တာပဲ။လေကြောင်းကတော့ ကမ်းကုန်အောင်ပစ်ကူတယ်”ဟု အညာမြေတပ်ပေါင်းစုတာဝန်ရှိသူက စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည့်ဖြစ်စဥ်အပေါ် ရှင်းပြသည်။

ကျေးရွာများအနီးပိတ်မိနေစဥ် စစ်ကောင်စီတပ်သားများက ပြည်သူများ၏နေအိမ်များကို မွှေနှောက်ရှာဖွေသည့်အပြင် သစ်ကြီးတောကျေးရွာမှ နေအိမ် (၆)လုံး၊ ပေါက်ပင်ကိုင်းရွာမှနေအိမ်(၃၃)လုံး စုစုပေါင်းနေအိမ် (၃၉)လုံးအား မီးရှို့ဖျက်ဆီးကာ မေလ ၇ ရက်တွင် ရှေ့မဆက်နိုင်ဘဲ ပခုက္ကူမြို့သို့ ဆုတ်ခွာသွားကြောင်း အညာမြေတပ်ပေါင်းစုက အသိပေးသည်။

“(၁)နယ်မြေရှင်းလင်းတယ်။ (၂) အင်အားစမ်းတယ်။ (၃)ပျူစခန်းတွေကို ထောက်ပို့နိုင်အောင် ပြုတယ်။ အဲလိုမြင်ပါတယ်။ အင်အားစုတွေက ပိတ်ဆို့တော့ ရှေ့မဆက်နိုင်ဘဲ နောက်ပြန်လန်ကျတယ်။ လေကြောင်းကလည်း အတော်ပစ်တယ်”ဟု အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်များ၏ ပိတ်ဆို့ဝိုင်းရန်ခံထားရသော အင်အား(၁၈၀)ပါစစ်ကြောင်းသည် လေယာဉ်ပစ်ကူများ အကြိမ်ကြိမ်ခေါ်ယူခဲ့ရာ မေလ ၃ ရက်၊ ၄ ရက်နှင့် ၅ရက်များတွင် ပခုက္ကူ တပ်မ (၁၀၁)မှ ပါရာမော်တာများ၊ မကွေးမြို့ မိတ္ထီလာရှမ်းတဲ စသည့်နေရာမှ ဂျက်ဖိုက်တာများ၊ Y12 များဖြင့် လေကြောင်းပစ်ကူ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များထိခိုက်မှုမရှိဘဲ စစ်ဆင်ရေးကို အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန်သည်။

ထို့အပြင် ယနေ့(မေလ ၁၄ ရက်)တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သော ကျေးရွာများအနီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား ရုပ်အလောင်း ရှစ်လောင်း၊ MA1 အမျိုးအစား သေနတ်တစ်လက်၊ ကျည် ၅၀၀ကျော်၊ မြေမြှပ်မိုင်းအချို့၊ လက်နက်ကြီးထိပ်ဖူးများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။

အထက်ပါ စစ်ဆင်ရေးကို အညာမြေတပ်ပေါင်းစု၊ ပကဖ စုဖွဲ့မှုတပ်၊ မြိုင်(ပကဖ)၊ ပေါက် (ပကဖ)၊ ပခုက္ကူ(ပကဖ) တပ်ရင်း ၁၊ ပခုက္ကူခရိုင်အမှတ်(၂/၆/၇/၁၄/၁၅/၁၇)တပ်ရင်းများ၊ကျောင်းသားတပ်မတော်(ABSDF)၊ ကမ္မတပ်ပေါင်းစု၊ 8+တပ်ပေါင်းစု၊ ဂဠုန်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(MGPDF)၊ PPDF ၊ PLC တပ်ပေါင်းစု၊ Bo Brother တပ်ပေါင်းစု၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ ၊ Earthquake တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဟု အသိပေးထားသည်။

သေဆုံးစစ်ကောင်စီတပ်သားများ၏ရုပ်အလောင်း

များအား လူထုနွေဦး၏တယ်လီဂရန်ချန်နယ် https://t.me/PeopleSpring/77129?single

တွင် သွားရောက်ကြည့်ရှု့နိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။