Connect with us

Hi, what are you looking for?

သတင်း

အိုးတိန်တွင်းရွာ စာသင်​ကျောင်း ဗုံးကြဲခံရချိန်ရုပ်သံမှတ်တမ်း

​ကျောင်းသား​ကျောင်းသူနှင့် ဆရာမ စုစု​ပေါင်း ၂၄ဦးသေဆုံးခဲ့သော ဒီပဲယင်းမြို့နယ် ၊အိုးတိန်တွင်းရွာစာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရသည့် ရုပ်သံမှတ်တမ်းဖြစ်သည်။ တိုက်ခိုက်ချိန်တွင် ဒေသခံအချို့က ဖုန်းဖြင့် ရိုက်ကူးထားခြင်းဖြစ်သည်။

ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာစာသင်ကျောင်းအား စစ်ကောင်စီက မေလ ၁၂ရက်တွင် ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ဒီပဲယင်း ပအဖ

​မေ-၁၈၊၂၀၂၅။ကဖေး/People’s Spring

​ကျောင်းသား​ကျောင်းသူနှင့် ဆရာမ စုစု​ပေါင်း ၂၄ဦးသေဆုံးခဲ့သော ဒီပဲယင်းမြို့နယ် ၊အိုးတိန်တွင်းရွာစာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရသည့် ရုပ်သံမှတ်တမ်းဖြစ်သည်။ တိုက်ခိုက်ချိန်တွင် ဒေသခံအချို့က ဖုန်းဖြင့် ရိုက်ကူးထားခြင်းဖြစ်သည်။

မေလ (၁၂) ရက်၊နံနက် ၉နာရီ၃၆ မိနစ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခြင်းဖြစ်ပြီး ကျောင်းသူ၊ကျောင်းသား (၂၂) ဦးနှင့် ဆရာမ (၂) ဦးတို့ သေဆုံးခဲ့ပြီး ၁၀၀ ​ကျော်ဒဏ်ရာရရှိခဲ့သည်။

https://www.facebook.com/LuduNwayOo/videos/556306833897971

Public Service Announcement

Public Service Announcement

စစ်​ကောင်စီက ​လေ​ကြောင်းတိုက်ခိုက်မှုကိုငြင်းဆန်ပြီး ၊စစ်​တပ်ဝါဒဖြန့် မီဒီယာများ၊စစ်တပ်ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များက သတင်းအမှားမျိုးစုံထုတ်လွှင့်ပြီး သတင်းကိုပုံဖျကိရန်ကြိုးစား​နေသည်။သို့​သော် ကုလမဂ္ဂ အပါအဝင် နိုင်ငံတကာက ၊ နိုင်ငံတကာမီဒီယာများက စစ်တပ်၏ စာသင်​ကျောင်းဗုံးကြဲမှုကိုမှတ်တမ်းတင်ပြီးဖြစ်သည်​။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကို ကျူးလွန်သူ၊ စေခိုင်းသူ၊ အားပေးသူ၊ ပုံဖျက်သူ မည်သူကိုမဆိုရန်သူအဖြစ် ပြတ်ပြတ်သားသား သတ်မှတ်သွားမည်ဖြစ်ပြီး ထိရောက်စွာအရေးယူနိုင်ရေး ကြိုးစားသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ရွှေဘိုခရိုင်အမှတ် (၁၂) တပ်ရင်းက သတင်းထုတ်ပြန်သည်။

အဆိုပါ စာသင်ကျောင်းအတွင်းနှင့်အနီးအနားပတ်ဝန်းကျင်တွင် မည်သည့် လက်နက်ကိုင်တပ်၊ အဖွဲ့မျှ အခြေချနေထိုင်ခြင်းမရှိသလို တိုက်ပွဲလည်း ဖြစ်ပွားခြင်းမရှိဘဲ စာသင်ကြားနေသော ကလေးငယ်များကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ရွှေဘိုခရိုင်အမှတ် (၁၂) တပ်ရင်း၏ မေလ ၁၃ရက် နံနက်ပိုင်းသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အိုးထိန်းတွင်းရွာစာသင်ကျောင်း ဗုံးကြဲခံရမှုသည် ”မေ့ပျောက်ခွင့်လွှတ်ခြင်းအလျဥ်းမရှိစေရ” ဟု သစ္စာအဓိဌာန်ပြုကြောင်းစစ်ကိုင်းဖိုရမ်က ကြေညာချက် ထုတ်ပြန်ထားသည်။

စစ်ကောင်စီကို အရေးယူပေးရန် အမျိုးသားညီညွတ်ရေးအစိုးရကလည်း နိုင်ငံတကာသို့ တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာ၊နေအိမ်ပျက်စီးတာတွေရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။